ချစ်သူအမျိုးသား ကိုယ့်ကိုလိမ်နေကြောင်း သိနိုင်သည့် အမူအယာများ

ချစ်သူအမျိုးသား ကိုယ့်ကိုလိမ်နေတာလား (ဒါမှမဟုတ်)အမှန်အတိုင်း ပြောနေတာလားဆိုတာကို ကိုယ်အမူအယာတွေကို ကြည့်ရင်သိနိုင်ပါတယ်။ဘယ်လိုအမူအယာတွေလဲဆိုတော့…..

(၁)နှုတ်ခမ်းနှင့် လျှာအမူအယာ

လိမ်တဲ့သူတစ်ချို့ဟာ အလိမ်အညာစကားတွေကို မပြောခင် သူတို့ရဲ့လျှာကိုသပ်လိုက်တာမျိုးတွေ လုပ်လေ့ရှိပါတယ်။ ဒါဟာ မုသားစကားတွေ မပြောခင်မှာ အားယူလိုက်တာဖြစ်ပါတယ်။ဒီလိုတွေနှုတ်ခမ်းကိုလျှာနဲ့သပ် လုပ်နေတယ် ဆိုတာ သူ့ကိုယ့်သူတောင် သတိထားမိမှာ မဟုတ်ပါဘူး။

(၂)မျက်လုံးတွေ မငြိမ်

မျက်လုံးတွေကိုကြည့်လိုက်ပါ ဂနာမငြိမ်ဖြစ်နေတယ်ဆိုရင်တော့ သူတစ်ခုခုကို လိမ်ညာနေပါပြီ။မျက်လုံးတွေ ဟိုဘက် ဒီဘက်ကို ကစားနေတာကို တွေ့ရပါလိမ့်မယ်။ဒါ့အပြင် သင်နဲ့မျက်လုံးချင်းမဆိုင်နိုင်ပဲ တောင်တောင်မြောက်မြောက် ကြည့်နေပြီဆိုရင်တော့ သူလိမ်နေတယ်ဆိုတာ သေချာပါပြီ။

(၃)စကားတစ်လုံးနဲ့တစ်လုံး အချိန်ဆွဲပြောနေ

စကားတစ်ခွန်းတစ်ခွန်းကို တစ်ခါတည်းပြောရမယ့်အစား တစ်ခွန်းပြောလိုက် တခါအချိန်ဆွဲလိုက် ရပ်ထားလိုက် လုပ်နေမယ် ဆိုရင်တော့ သူလိမ်နေတယ်ဆိုတာ သေချာပါပြီ။

howtotellifheslyingtoyou-shiftyeyes

(၄)မျက်နှာကို ထိနေ၊ကိုင်နေ

READ
ချစ်စရာအကောင်းဆုံး ချစ်သူမိန်းကလေးတစ်ယောက်၏ လက္ခဏာများ

စကားပြောနေရင်းနဲ့ မလိုအပ်ပဲ မျက်နှာကို ကိုင်တာ၊ထိတာတွေ လုပ်နေပြီဆိုရင် ဥပမာ-ပါးစပ်၊နှာခေါင်း အစရှိတာတွေကို ထိလိုက်၊ကိုင်လိုက်ပြောနေတာမျိုးပါ။

(၅)ပြောပြီးသား စကားကိုပဲ ထပ်တလဲလဲပြော

ရှေ့မှာပြောထားပြီးသား စကားကိုပဲ ထပ်တလဲလဲ ပြောနေမယ်ဆိုရင် ဥပမာ-မဟုတ်ဘူး.ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး .မလုပ်ဘူးလို့ ကတိပေးပါတယ် အစရှိတာမျိုးပါ။

if-hes-lying_0

(၆)လက်ဖ၀ါးတွေကို ဖွက်ထား

နောက်ထပ် ကိုယ်အမူအယာတစ်ခုကို ပြောရမယ်ဆိုရင်တော့ လက်တွေပါ။လက်တွေကို ကြည့်လိုက်ပါ။သူဟာ လက်တွေကိုဖွက်ထားဖို့နည်းမျိုးစုံနဲ့ကြိုးစားနေမယ်ဆိုရင် ဥပမာ-အိတ်ကပ်ထဲ ထည့်ထားတာမျိုး၊မျက်နှာပေါ်မှာထားနေ တာမျိုး၊စားပွဲအောက်မှာ ထားဖို့ ကြိုးစားနေတာမျိုးပါ။

SHARE