(၇) နှစ်တာလက်တွဲလာသူကို အွန်လိုင်းပေါ်ထိရောက်အောင် အရှက်ခွဲခဲ့တဲ့ ချစ်သူ

Weibo, Sinchew

ချစ်သူနှစ်ယောက်ဟာ စိတ်သဘောချင်းမတိုက်ဆိုင်တော့လို့ လမ်းခွဲချင်တဲ့အခါ အနုနည်းနဲ့ ဖြစ်စေ၊ အကြမ်းနည်းနဲ့ဖြစ်စေ လမ်းခွဲဖို့ ကြိုးစားကြပါတယ်။ အခုလည်း တရုတ်ဆိုရှယ်မီဒီယာပေါ်မှာ ဖတ်ရှုသူနှုန်းအရမ်းများနေတဲ့ သတင်းတစ်ပုဒ်ကို worldofbuzz ကနေ တဆင့်တွေ့ခဲ့ရပါတယ်။

နိုဝင်ဘာ(၂၃) ရက်နေ့တုန်းက ဇီကျန်းပြည်နယ် တိုင်ကျိုးမြို့က မြို့ခံတွေဟာ အဖြူရောင်ဟွန်ဒိုင်ကားတစ်စီးရဲ့ ပုံစံကို တွေ့ပြီး အံ့သြသွားခဲ့ပါတယ်။ အဆိုပါ ကားဘောဒီပေါ်မှာတော့ အနီရောင်ဆေးတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စာတွေကို ရေးခြယ်ထားပါတယ်။

ကားရဲ့ တစ်ဖက်ခြမ်းမှာတော့ “အချစ်ရဆုံး အမျိုးသား” လို့ ရေးထားပြီး နောက်တစ်ဖက်မှာတော့ “၇ နှစ်တာအတွက် စိတ်ပျက်စရာ… ထွက်သွားပြီ…” နဲ့ ကားနောက်ဖက်မှာတော့ “ထွက်သွားပြီ…” ဆိုပြီး ရေးသားထားတာပါ။

ကားကို မြင်လိုက်ရသူတွေကတော့ ကားပေါ်စာရေးထားသူဟာ ကားပိုင်ရှင်ရဲ့ ရည်းစားဟောင်းပဲ ဖြစ်လိမ့်မယ်ဆိုပြီး ယူဆကြပါတယ်။ ကားပိုင်ရှင်အနေနဲ့ ကောင်မလေးခံစားရအောင် တစ်ခုခု နာနာကျင်ကျင်ပြုလုပ်ခဲ့လို့ ကောင်မလေးက (၇) နှစ်တာ သူမရဲ့ ငယ်ရွယ်နုပျိုမှုတွေ အလဟဿဖြစ်ကုန်ပြီဆိုပြီး ရေးထားတာဖြစ်လိမ့်မယ်လို့ ကောက်ချက်ဆွဲထားကြပါတယ်။

READ
ပရိသတ်အများရဲ့ရှေ့မှာ ကျားကိုက်ခံလိုက်ရတဲ့ ဆက်ကပ်ဆရာ

မကြာခင်မှာပဲ ဟွန်ဒိုင်ကားဖြူရဲ့ ပိုင်ရှင်အမျိုးသားက အွန်လိုင်းပေါ်မှာ သူ့ကားအကြောင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့ပါတယ်။ အဲ့ဒါကတော့ ကားပေါ်မှာ အနီရောင်ဆေးတွေ လာဖြန်းထားတဲ့သူဟာ အမှန်ပဲ (၇) နှစ်တာ တွဲလာတဲ့ သူ့ရည်းစားဟောင်းဖြစ်ကြောင်း ဆိုပါတယ်။ သူဟာ ညပိုင်းမှာ ကားကို အိမ်ပြင်မှာ ရပ်ထားခဲ့ပြီး မနက်လင်းလို့ ကားကို ကြည့်လိုက်တော့မှ ဒီလိုစာတွေကို မြင်ခဲ့ရတာလို့ ပြောပြပါတယ်။

ထိုသူကပဲ သူ့အနေနဲ့ အွန်လိုင်းပေါ်မှာ သူဟာ ကားနဲ့ပတ်သက်လို့ ဘလိုင်းကြီးအဆဲခံနေရတာကို နားမလည်နိုင်ဘူးလို့လည်း ပြောသွားပါသေးတယ်။ “ခင်ဗျားကို အားလုံးက ကျွန်တော့်ရည်းစားဟောင်းရဲ့အချိန်ကို (၇) နှစ်တာ ဖြုန်းခဲ့တယ်ဆိုပြီးပဲ ပြောနေကြတယ်။ အမျိုးသားတွေရဲ့ အချိန်တွေကရော တန်ဖိုးမရှိတော့ဘူးတဲ့လား…” လို့ ပြန်လည်ချေပခဲ့တာပါ။

အဆိုပါ အမျိုးသားက သူတို့နှစ်ဦးဟာ အစပိုင်းတုန်းက (၇) နှစ်ကြာပြီးရင် လက်ထပ်မယ်လို့ စိတ်ကူးထားကြပေမယ့် ကောင်မလေးဘက်က မိသားစုကို တင်တောင်းဖို့ သူ့မှာ ငွေအလုံအလောက်မရှိခဲ့ကြောင်းနဲ့ ဒီကိစ္စမှာ သူ့ကိုယ်သူပဲ အပြစ်တင်တဲ့အကြောင်း ပြောသွားပါသေးတယ်။

READ
ဖူဆယ်ကန်ရင်း လဲကျသေဆုံးခဲ့ရတဲ့ အမျိုးသားရဲ့ကြေကွဲစရာဖြစ်ရပ်

လင်းလင်း (ShweMom)

SHARE