Body-Painting ပညာကလည်း အရမ်းခက်ခဲ နက်နဲ တဲ့ အနုပညာတွေ ထဲက တစ်ခုပါ။လူ့ ခန္ဓာကိုယ် ပေါ် မှာ အခုလို ချယ်သ နိုင်ဖို့ ဆိုတာက တော့ တော်တော် လေး ခက်ခဲ ပါတယ်။နာမည်ကြီး Body-Painting Artist တွေ အများကြီး ရှိပါတယ်။အဲ့ဒီအထဲမှာတော့ Jörg Düsterwald ကလည်း တစ်ယောက် အပါအ၀င်ပါ။

Jörg Düsterwald က တော့ သူ့ရဲ့ အမိုက်စား လက်ရာဖန်တီးမှုတွေ ကြောင့် အရမ်းနာမည်ကြီးပါတယ်။ ရှုခင်း ပုံတွေမှာ မော်ဒယ်တွေ ကို Body-Painting ပညာနဲ့ ခြယ်မှုန်း ပြီး ထည့်ပေး တာပါ။ဒီအ ကြောင်းကိုတော့ odditycentral မှာ ဖော်ပြထားပါတယ်။
ပတ်ဝန်းကျင်ရဲ့ လှပတဲ့ ရှုခင်းတွေ နဲ့ အတူတူ ဗလာကျင်း မော်ဒယ်တွေ ကို ရှုခင်းနဲ့ တသား တည်း ဖြစ် အောင် ပုံဖော် ခြယ်မှုန်း တာပါ။ဘယ်လောက် ထိ လက်ရာ က ပြောင်မြောက်လဲ ဆိုရင် မော်ဒယ် ဘယ်မှာလဲ ဆိုတာကို လိုက်ရှာ ရတာကိုက မျက်စိ ဘယ် လောက် လျင် လဲ ဆိုတာကို ပြ နေတဲ့ ဥာဏ် စမ်း မေးခွန်း တစ်ခုလို ဖြစ် နေပါတယ်။
ပုံတွေ ကို အနီးကပ်ဆိုရင် တော့ ရှာရတာ လွယ် ပေမယ့် အ ဝေးက ဆိုရင် တော့ ရှာရတာ တော် တော် လေးကို ခက်ပါတယ်။Düsterwald က တော့ လွန်ခဲ့တဲ့ (၂၅)နှစ်တည်းက ဒီလို လက်ရာ တွေကို ဖန်တီးလာခဲ့သူပါ။သူ့ရဲ့ his body-painting skills က တော့ အရမ်းကို creative ဖြစ် လွန်းပါတယ်။ကြော်ငြာ၊ TV marketing campaign တွေ မှာ ပါ နာမည် အရမ်းကို ကြီးပါတယ်။နိုင်ငံ တကာ မှာပါ နာမည်ကြီး သူပါ။
ဗလာကျင်းမော်ဒယ် တွေကို သစ် ပင် တွေ၊ နံရံ တွေ မှာ ထည့်သွင်းတဲ့ ဖန်တီးမှုတွေ ကလည်း သူ့ရဲ့ ပြောင် မြောက်တဲ့ လက်ရာ တွေထဲက တစ်ခုပါ။ Jörg Düsterwald မှာ တော့ ကိုယ်ပိုင် ၀ဘ် ဆိုက် လည်း ရှိပါတယ်။သူရဲ့ အမိုက်စားလက်ရာတွေ ကိုတော့ ၀ဘ်ဆိုက် ၊IG နဲ့ Fb မှာ ဖော်ပြထားပါတယ်။
ရှုခင်းတွေ နဲ့ မော်ဒယ်တွေ ကို အခုလို ပေါင်းစပ်နိုင် ဖို့ အတွက် တော့ ရက် ပေါင်းများစွာ အချိန်ယူ ဖန်တီး ခဲ့ရတာပါ။ ရက် အကြာကြီး အချိန်ယူ ပြီးမှ သူရည်ရွယ်ထားတဲ့ ရှုခင်းနေရာ နဲ့ မော်ဒယ် ကို ပေါင်း စပ်နိုင်တာပါ။