အမှောင်ထဲမှာဆိုရင် အရမ်းလှတဲ့ Body-Painting လက်ရာ တွေ ကို ဖန်တီးခဲ့တဲ့ Artist

Image:IG/ underblacklight

Body-Painting ဆိုတာက တော့ အလွယ်ပြောရရင် ခန္ဓာကိုယ်ပေါ်မှာ အနုပညာ လက်ရာတွေကို ပုံဖော် ခြယ်မှုန်း တာပါ။ တစ်ချို့က ပတ်ဝန်းကျင်နဲ့ တသားတည်းဖြစ်အောင် မော်ဒယ်တွေကို ပြင်ဆင် ခြယ်မှုန်း တာတွေ ရှိသလို တစ်ချို့က တော့ ပုံ တစ်ခုခု ဥပမာ- ပန်းပုံကို လူအများကြီးက ပေါင်းပြီး ပုံဖော် ကြတာ မျိုးတွေ လည်း ရှိပါတယ်။ဒီတစ်ခါ မိတ်ဆက် ပေးချင် တဲ့ Artist က တော့ ထူးခြားပါတယ်။ပုံမှန်မြင် တွေ့ နေကျ လက်ရာ မျိုး လုံးဝ မဟုတ်ပဲ အ မှောင်ထဲမှာ လင်းလက် လှပ တဲ့ Body-Painting လက်ရာတွေကို ဖန်တီးခဲ့တာပါ။သူ့ အ ကြောင်းကိုတော့ odditycentral မှာ ဖော်ပြထားတာပါ။

သူ့နာမည်က တော့ John Poppleton ပါ။ပန်းချီ ရေးဆွဲ ရတာကို နှစ်သတ် ပါတယ်။ဓါတ်ပုံပညာနဲ့ ပတ်သက်ရင်လည်း သူ့ မှာ ဗဟုသုတ ရှိထား ပြီးသားမို့ ပန်းချီနဲ့ ဓါတ်ပုံ ပညာကို ပေါင်းစပ်ပြီး ဒီလို လက်ရာ တွေကို ဖန်တီး ခဲ့တာပါ။ သူ အများဆုံး ဖန်တီး ဖြစ်တာက တော့ ရှုခင်း ပုံတွေ များပါတယ်။

electric lighting နဲ့ သူသုံးတဲ့ လူသား တွေရဲ့ ကောက် ကြောင်း အလှ တို့ ကို ကောင်းေ ကာင်းကြီး အသုံးချ ပြီး အသက်ရှု မှားလောက် တဲ့ ဒီလို လက်ရာ တွေကို ဖန်တီး ခဲ့တာပါ။မော်ဒယ် ရဲ့ နောက်ကျော၊လက် မောင်း၊ခြေ ထောက်၊လည်ပင်း နောက်ဆုံး ခေါင်း အထိ အားလုံးကို သေချာ အသုံးချ သွားတာပါ။

မော်ဒယ်ကို ရွေးတဲ့ နေရာမှာ အမျိုးသမီး မော်ဒယ် တွေ ရဲ့ ကိုယ်ပေါ်မှာ ရေး ဆွဲ ပုံ ဖော် တာ မျိုးကို လူတွေ က ပိုပြီး နှစ်သက် ကြတယ်လို့  Poppleton က ဆိုပါတယ်။သူက အမျိုးသား တစ်ယောက် ဖြစ် နေလို့ ဆန့်ကျင်ဘက် လိင် ကို သုံးတာ များတယ်လို့ ထင် ကောင်းထင် နိုင် ပေမယ့် အမျိုးသမီး Body Painter တွေ တောင် မှ အမျိုးသား ထက် အ မျိုးသမီး ကိုပဲ ပို ရွေးချယ် ကြတာ များပါတယ်။

 

View this post on Instagram

 

Kira’s “Dominican Sunset” – UV Bodypainting by John Poppleton. Model: Kira Faith Brown

A post shared by John Allen Poppleton (@underblacklight) on

ဒီလို လက်ရာ တွေကို ဖန်တီးဖို့ စိတ်ကူး ရခဲ့တာက တော့ ၂၀၁၀ ကပါ။အဲ့ဒီ တုန်းက professional photographer တစ်ယောက် အဖြစ် ရပ်တည် နေချိန် ဖြစ်ပြီး ဟိုတယ်က အိပ်ယာ ထဲမှာ ထိုင်ေ နရင်းနဲ့ ဒီလို စိတ်ကူး ကို ရခဲ့တာပါ။မင်္ဂ လာ ဆောင် နဲ့ portrait ဓါတ်ပုံ ဆရာ ဘ၀ မှာ နှစ် ၂၀ ကျော် လောက် ကျင်လည် နေ ရင်း နဲ့ တစ်မနပ်မှတော့ အနက်ရောင် အလင်းတွေ နဲ့ လူသား ခန္ဓာကိုယ် က သူ့ကို ဆွဲဆောင် နိုင်ခဲ့ပါတယ်။

 

View this post on Instagram

 

One of my first paintings on two bodies and the first time I used the backlight as the sun ☀️

A post shared by John Allen Poppleton (@underblacklight) on

သူ ဆွဲ တဲ့ ပန်း ချီ တွေကို တက်နိုင်သ မျှ သ ဘာဝ ကျကျ ဖြစ် စေချင် ခဲ့တဲ့ စိတ်ကူး သူ့မှာ ရှိ ခဲ့ပါတယ် ။မှောင်မိုက်နေတဲ့ စတူဒီယို ထဲမှာ UV body paint ကို အနက်ရောင် အလင်း illumination အောက်မှာ ပုံ ဖော် ခဲ့ပါတယ်။ဆီ ဆေးပန်းချီ တွေ မှာ ဆွဲ ဖို့ အတွက် တော့ သူ့ အတွက် ၁၅ မိနစ် နဲ့ သုံးနာရီ ခွဲ လောက် တော့ အချိန် ယူ ရတယ်လို့ ဆိုပါတယ်။

 

View this post on Instagram

 

Out of all the waterfall paintings l’ve done this one is probably my favorite ❤️

A post shared by John Allen Poppleton (@underblacklight) on

အသက်ရှု မှားလောက်တဲ့ လက်ရာ တွေကို တော့ underblacklightဆိုတဲ့ နာမည်နဲ့ ဖွင့်ထားတဲ့ Instagram အ ကောင့်မှာ သွားရောက် လေ့လာလ လို့ရပါတယ်။

#SHWEMOM

SHARE