အမျိုးသမီးတွေ အလိုမတူဘဲ ထိတွေ့ခံရတဲ့ အကြိမ်ရေကို မှတ်သားပေးတဲ့ ဝတ်စုံ

သုတေသနပညာရှင်တွေဟာ အမျိုးသမီးတွေ night-out ထွက်ချိန် အတောအတွင်း မိမိဆန္ဒမပါဘဲ ခန္ဓာကိုယ်ကို မသိမသာ အထိတွေ့ အကိုင်တွယ်ခံရတဲ့ အကြိမ်အရေအတွက်ကို မှတ်သားပေးနိုင်တဲ့ ၀တ်စုံတစ်မျိုးကို တီထွင်ခဲ့ပါတယ်။ တွေ့ရတဲ့ ရလဒ်တွေကတော့ ပညာရှင်တွေအဖို့ အံ့အားသင့်စရာပါပဲ။ ၄င်းပရောဂျက်ကို Dress for Respect လို့ အမည်ပေးထားပြီး ဘရာဇီးနိုင်ငံသူတွေရဲ့ လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားခြင်းအဖြစ်ကို ပုံပေါ်စေလိုတာကြောင့် ဖြစ်ပါတယ်။

Schweppes

၎င်းဝတ်စုံကို အိုဂျေးလ်ဗီ အေဂျင်စီက ပြုလုပ်ထားပြီး အင်္ကျီမှာ အာရုံခံ sensor တွေ ထည့်သွင်းထားပါတယ်။ ဒါကြောင့် ၀တ်စုံဝတ်ဆင်သူဟာ အထိတွေ့ခံလိုက်ရတိုင်း sensor တွေက အလိုအလျောက် မှတ်ထားပေးသွားမှာ ဖြစ်ပါတယ်။ ၀တ်စုံကို အမျိုးသမီး(၃) ဦးကို ပေးဝတ်ပြီး ဆောပိုလိုမှာရှိတဲ့ ကလပ်တစ်ခုထဲ သွားစေတဲ့အခါ ကာယကံရှင်တွေရဲ့ သဘောဆန္ဒမပါဘဲ အင်္ကျီဝတ်ထားတဲ့သူဟာ (၄) နာရီအတွင်း ကြိမ်ရေ (၁၅၇) ကြိမ် ထိတွေ့ကိုင်တွယ် ခံခဲ့ရကြောင်း တွေ့ရှိခဲ့ပါတယ်။ ၀တ်စုံက ဒေတာတွေကို Wi-Fi နဲ့ ချိတ်ဆက်ပြီး ပေးပို့တာကြောင့် ပညာရှင်တွေအနေနဲ့ အမျိုးသမီးတွေရဲ့ ကိုင်တွယ်ခံရတဲ့နေရာတွေကို ချက်ခြင်းခြေရာခံနိုင်တာ ဖြစ်ပါတယ်။

READ
သူငယ်ချင်းအကူအညီနဲ့ ဘောလုံးဂိုးရသကို ခံစားနိုင်ခဲ့ရှာတဲ့ ဆွံ့အနားမကြားအမျိုးသား
Schweppes

ဗီဒီယိုထဲမှာတော့ အမျိုးသမီးတွေဟာ အထိတွေ့ခံလိုက်ရတဲ့အခါတိုင်း ၀တ်စုံရဲ့နေရာကနေ မီးတွေ လင်းနေတာကို တွေ့ရမှာပါ။ အဓိကအားဖြင့် ခါး၊ နောက်ကျောနဲ့ လက်မောင်းတွေဟာ အများဆုံးကိုယ်တွယ်ခံရတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။ သုတေသနပညာရှင် Schweppees ကတော့ ၄င်းအင်္ကျီဟာ အမျိုးသမီးတွေ အလိုမတူဘဲ အမျိုးသားတွေရဲ့ အကြမ်းဖက်မှုကို ဖော်ပြပေးတဲ့ စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း ဆိုထားပါတယ်။

Schweppes
Schweppes

(၈၆) ရာခိုင်နှုန်းသော ဘရာဇီးအမျိုးသမီးတွေက သူမတို့ဟာ နိုက်ကလပ်ထဲမှာ ထိကပါးရိကပါး အလုပ်ခံကြရကြောင်း ပြောပြခဲ့ကြပါတယ်။ ပညာရှင်တွေကတော့ ယခုတွေ့ရှိရတဲ့ စမ်းသပ်ချက်ကနေ အမျိုးသားတွေဟာ သူတို့ရဲ့ အပြုအမူကို ပြုပြင်ပြောင်းလဲပေးဖို့ မျှော်လင့်ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE