ဂျပန်ကဘေးမဲ့ကျွန်းမှာ သမင်မနှစ်ကောင်နဲ့ ချစ်တင်းနှောဖို့ ကြိုးစားတဲ့မျောက်

ဂျပန်နိုင်ငံ Yakushima ဘေးမဲ့ကျွန်းဟာ သုတေသီတွေ၊ သဘာဝပထ၀ီဝင်နဲ့ ဇီဝဗေဒဘာသာရပ်ဆိုင်ရာ ကျောင်းသားတွေ သွားရောက် ဗဟုသုတရှာမှီးရာ ကျွန်းဖြစ်ပါတယ်။ အဲဒီကျွန်းကို ရောက်ရှိခဲ့ကြတဲ့ သုတေသီအချို့ဟာ မျောက်တစ်ကောင်ရဲ့ လုပ်ရပ်ကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

အဲဒီမျောက်ဟာ မျိုးမတူတဲ့ သမင်မနှစ်ကောင်ကို ချစ်တင်းနှောဖို့ ကြိုးစားခဲ့တာကို တွေ့ခဲ့ရပြီး၊ သူကြံစည်တဲ့အတိုင်း ဖြစ်မလာလို့ သူ့အဖော်တွေကိုလည်း အကြောင်းမဲ့ ရန်လုပ်တိုက်ခိုက်ခဲ့တာကိုပါ တွေ့ခဲ့ရပါတယ်။ ပထမ သမင်မကတော့
ငြိမ်နေခဲ့ပြီး၊ ဒုတိယသမင်ကတော့ မျောက်ကို လုံးဝ လက်မခံခဲ့ဘူးလို့ သုတေသီတွေက ပြန်ပြောပါတယ်။

အခြားမျောက်တွေကပါ ဒုတိယသမင်မဆီကို ချဉ်းကပ်ဖို့ ကြိုးစားလို့ အကြံအစည်မအောင်မြင်တဲ့ ကနဦးမျောက်က လိုက်
လံရန်ရှာခဲ့တာကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒီဗွီဒီယိုဟာ သုတေသီတွေ ပြုစုနေတဲ့ Primates အတွက်၊ Case of Sexual Interaction Between Distant Species ဆိုတဲ့ Paper အတွက် အလွန်အသုံးတည့်တယ်လို့ ဆိုပါတယ်။

READ
အယ်ဘေးနီးယားနိုင်ငံမှ Braမပါပဲ သတင်းကြေငြာသူ

ယခုဖြစ်ရပ်နဲ့ တူညီတဲ့ မှတ်တမ်းမှတ်ရာတွေလည်း သူတို့မှာ စုဆောင်းထားရှိပြီး၊ မျိုးစိပ်တူ တိရစ္ဆာန်တွေကြားမှာလည်း ထူးခြားတဲ့ လိင်ပိုင်းဆိုင်ရာ ထုံးတမ်းတွေ ရှိနေသေးတယ်လို့ ၎င်းတို့က ပြောပါတယ်။ အချို့ပင်ဂွင်းငှက်တွေဟာ လိင်မှုကိစ္စ ပြီးသွားတဲ့အခါ အခြားပင်ဂွင်းငှက်တွေရဲ့ သတ်ဖြတ်စားသောက်ခြင်းကို ခံရလေ့ရှိတယ်လို့ သိရပါတယ်။

ညီလင်းထက် (Shwemom)

source : thesun.co.uk

SHARE