သြဂုတ်လကျရင် ကိုလံဘီယာမှာ ရိုက်ကူးရေးပြန်စမယ့် Song Joong Ki

Image:KBS2

ကိုရီးယား မင်းသားချော ဆောင်ဂျွန်ကီ က တော့ ဆောင်းဟေကိုနဲ့ ကွာရှင်းပြီး နောက်ပိုင်းမှာလည်း သူ့ရဲ့ အနုပညာ အလုပ် တွေကို ဆက်တိုက်လုပ်နေပါတယ်။Arthdal Chronicles ဆိုတဲ့ သူ့ရဲ့ ဒရမ်မာဇာတ်ကား ပြ နေတဲ့ အချိန်မှာ ပဲ  ကွာရှင်းတော့မယ့် အ ကြောင်းကို ကြေညာခဲ့တာပါ။ဇာတ်ကားကြည့်ရှုနှုန်းက မှန်းထား သ လောက် မ ကောင်း တာဟာ ဆောင်ဂျွန်ကီရဲ့ ကိုယ်ရေးကိုယ်တာက ဇာတ်ကားကြည့်ရှုနှုန်း အပေါ် လာထိ ခိုက်တယ်ဆိုပြီး ၀ဖေန် မှု တွေ နဲ့ လည်း ကြုံခဲ့ရပါတယ်။ဘာ ကြောင့် ကွာရှင်းရလဲ ဆိုတဲ့ အ ကြောင်းအရင်းကို မသိလိုက်ရပဲ ကွာရှင်း တဲ့ ကိစ္စ တွေ ကို အချိန်တို အတွင်းမှာ အပြတ်ဖြတ်ပြီး နှစ်ယောက်လုံးက ကိုယ့်ရဲ့ အနုပညာလမ်းကြောင်းကို ကိုယ်ဆက် လျှောက် နေခဲ့ပါတယ်။

Image:IG/kyo

ကွာရှင်းပြီးနောက်ပိုင်း ပြန်ရိုက်တဲ့ ဇာတ်ကားထဲမှာ  Bogota ဇာတ်ကားလည်း ပါပါတယ်။ဒီကားကိုတော့ ကိုလံ ဘီယာ နိုင်ငံ မှာ သွားရောက်ခဲ့တာပါ။ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကြောင့် ကားရိုက်တွေ ကို ခဏ နား ခဲ့ရပါတယ်။ဆောင်ဂျွန်ကီ ကိုယ်တိုင်လည်း ကိုလံဘီယာက ပြန်လာချိန်မှာ (၁၄) ရက်ကြာ Self-Quarantine ၀င် ခဲ့ပါတယ်။နားထားခဲ့ရတဲ့ ရိုက်ကူးရေးတွေကိုတော့ လာမယ့် သြဂုတ်မှာ ပြန်စ ဖို့ စီစဉ်ထားတယ်လို့ All kpop ရဲ့  သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ထုတ်လုပ်ရေးဘက်က တော့ ကြန့်ကြာမှု မရှိ အောင် အမြန် ဆုံးပြန် စ ချင် နေ ပေမယ့်လည်း ကပ်ရောဂါ ကြောင့် နိုင်ငံကူး ဖို့က ခက်ခဲ နေပါတယ်။

ဒါပေမယ့် ကိုလံဘီယာက ရိုက်ကူးရေးတွေကိုတော့ ဇူလိုင် ဒါမှမဟုတ် သြဂုတ်ကျရင် ပြန်စ ဖို့ လုပ်နေတယ်လို့ သတင်း တွေ ထွက်လာခဲ့ပါတယ်။ ရိုက်ကူးရေး (၄၀)ရာခိုင်နှုန်း ပြီး စီးထားပါပြီ။ ကိုလံဘီယံယာ မင်းသမီး Juana Del Rio က  ဆောင်ဂျွန်ကီနဲ့ ရိုက်ကွင်းက ပုံတွေကို သူမရဲ့ IG မှာ တင်ခဲ့ဖူးပါတယ်။ဒါရိုက်တာ Kim Sung Jae ပါ။  Lee Hee Jun,  Kwon Hae Hyo တို့လည်း ပါဝင် သရုပ်ဆောင်သွားမှာပါ။ (၁၉၉၀)၀န်းကျင်လောက်က  ကိုလံဘီယာကို ရွှေ့ ပြောင်း အခြေစိုက် ၀င်လာသူ လူတစ်စု အကြောင်းကို ပုံဖော်ထားတဲ့ ဇာတ်ကားပါ ။

READ
လွန်ခဲ့တဲ့ ငါးနှစ်နဲ့ အခု ဘာတွေကွာခြားသွားလဲ ပြောပြလိုက်တဲ့ နေခြည်ဦး
Image:IG/Juana Del Rio

 

SHARE