BAEKHYUN အတူ အလုပ်အတူ တွဲလုပ်ဖြစ်တဲ့အကြောင်း ပြောပြခဲ့တဲ့ Ahn Ji-young

ig/@hey_miss_true, @baekhyunee_exo

BOL4 အဖွဲ့ဝင် Ahn Ji-young က EXO အဖွဲ့ဝင် BAEKHYUN နဲ့အတူ သီချင်းအတူ လုပ်ဖြစ်သွားတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ May 21 ရက်နေ့က SBS Power FM’s radio show တစ်ခုဖြစ်တဲ့ ‘Cultwo Show’ ဆိုတဲ့ အစီအစဉ်မှာ သူမက ဧည့်သည်အဖြစ် ဖိတ်ကြားခံခဲ့ကြတာပါ။

https://www.instagram.com/p/CASaoKNp8mk/?utm_source=ig_embed&utm_campaign=loading

အဲဒီ့အစီအစဉ်မှာ host က သူမရဲ့ ‘Puberty Book II Pum’ ထွက်ရှိခဲ့တဲ့ အကြောင်းကို နည်းနည်းလောက် အသေးစိတ်ပြောပြဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး Ahn Ji-young ကခုလိုပြောပြခဲ့ပါတယ် “ကျွန်မရဲ့ ကြောင်နာမည်လေးဖြစ်တဲ့ Leo ကိုအစွဲပြုပြီးတော့ title track လေးကို Leo လို့ပေးဖြစ်ခဲ့တာပါ ကျွန်မက အရာသေးသေးလေးတွေအပေါ် ချစ်တတ်တဲ့အကြောင်းကို ရေးသားထားပါတယ်” လို့ ဆိုပါတယ်။

READ
လန်ဒန်မှာခရီးစဉ်မှာ နှင်းဝတ်ရည်သောင်းနဲ့ ဆုံခဲ့တဲ့ ဥက္ကာမင်းမောင်

https://www.instagram.com/p/B_jVd6Np8qY/?utm_source=ig_embed&utm_campaign=loading

Host ဖြစ်တဲ့ Kim Tae Kyun က အဲဒီ့ Leo သီချင်းမှာ BAEKHYUN က featuring အဖြစ်ပါဝင်ထားတဲ့ အကြောင်းကို မေးမြန်းတဲ့အခါမှာတော့ သူမက “ ကျွန်မ ပထမဆုံး စဉ်းစားမိသွားတာက BAEKHYUN ကိုပါ အခုထက်ထိ BOL4 သီချင်းတွေမှာ featuring ဆိုတာ မရှိခဲ့ပါဘူး ဒါက ကျွန်မ ပထမဆုံးအနေနဲ့ စုံတွဲဆိုဖူးတဲ့ သီချင်းပါ နောက်ပြီး သဘောလည်း ကျတဲ့အတွက် လုပ်ဖြစ်သွားတာပါ BAEKHYUN  ဒီသီချင်းကို နားထောင်ပြီးတဲ့အချိန်မှာ သူ သီချင်းကို တကယ်ကြိုက်တယ် ဒါကြောင့် ဒီသီချင်းမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ချင်တယ်လို့ ပြောခဲ့ပါတယ်” ဆိုပြီး သူမနဲ့ BAEKHYUN တို့ရဲ့ သီချင်းအကြောင်းကို ပြောပြခဲ့ပါတယ်။ လက်ရှိမှာတော့ Leo သီချင်းဟာ Korea online music chart မှာ လူကြိုက်များတဲ့ သီချင်းတစ်ပုဒ်ဖြစ်နေပါတယ်။

READ
ပုံစံဆင်တူတဲ့ ဘီကီနီနဲ့ တစ်မျိုးစီလန်းနေတဲ့ သင်ဇာဝင့်ကျော် နဲ့ မိုးယမုံ

Khin

 

 

 

 

 

SHARE