အလှမယ် သရဖူကို အဆုံးရှုံးခံပြီး မိခင်တစ်ယောက်ဘ၀ကို ခံယူခဲ့တဲ့ ဘိုလစ်ဗီးယားအလှမယ်

အသက် ၂၂ နှစ် အရွယ် ဘိုလစ်ဗီးယားက Miss Universe တစ်ယောက်ကတော့ လူမှုကွန်ယက်ပေါ်မှာ ကိုယ်ဝန်ရှိနေတယ်လို့ ကြေငြာလိုက်တဲ့အတွက် ပိုင်ဆိုင်ထားတဲ့ သရဖူကိုပြန်ရုတ်သိမ်းခံခဲ့ရပါတယ်။

Instagram

Joyce Prado ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဘိုလစ်ဗီးယားအလှမယ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ အလှမယ်တစ်ယောက်လိုက်နာရမယ့် စည်းကမ်းချက်တွေထဲ မင်္ဂလာမဆောင်ရဘူး၊ ကိုယ်ဝန်မဆောင်ရဘူး၊ ကလေးမယူရဘူးဆိုတဲ့အချက်ဟာလည်း ပါဝင်နေတာမို့ သူမကိုယ်ဝန်ရသွားတဲ့သတင်းရသွားတဲ့အခါ အဖွဲ့အစည်းဘက်ကနေပြိး Joyce ကို သရဖူကိုရုတ်သိမ်းခဲ့ကြပါတယ်။

Instagram

Joyce ဟာ ပါရာဂွေးမော်ဒယ်တစ်ဦးဖြစ်တဲ့ Rodrigo Giménez နဲ့ ချစ်သူဖြစ်နေခဲ့တာ လေးလရှိနေပြီလို့သိရပါတယ်။ Joyce တို့စုံတွဲဟာ မမျှော်လင့်ဘဲ ဝင်ရောက်လာတဲ့ မိသားစုဝင်အသစ်လေးကြောင့် ရင်ခုန်စိတ်လှုပ်ရှားခဲ့ရပြီး အလှမယ်တစ်ယောက်ရဲ့လိုက်နာရမယ့် စည်းကမ်းချက်တွေထဲက အရေးအကြီးဆုံးတစ်ချက်ကို ဖောက်ပြားမိတာကိုလည်း သိပေမယ့်လည်း ရင်သွေးလွယ်ထားရပြီဆိုတော့ ဘယ်လိုမှမတတ်နိုင်ခဲ့ပါဘူး။

Instagram

ဒါကြောင့်ပဲ မိဘတွေအဖြစ်ကို လုံးလုံးလျားလျားလက်ခံခဲ့လိုက်ကာ Joyce အနေနဲ့ကတော့ သရဖူရုပ်သိမ်းခံရမှာ သိသိကြီးနဲ့ကို လူမှုကွန်ယက်မှာ ဖွင့်ချပြကာ အခြေအနေကို လက်ခံခဲ့လိုက်ပါတယ်။ မကြာခင်မှာပဲ Rodrigo နဲ့ လက်ထပ်တော့မှာဖြစ်တယ်လို့လည်း အရိပ်အမြွက်နဲ့ပြောခဲ့ပါသေးတယ်။

READ
သားဖြစ်သူအိမ်ကို သွားရင်း မိုင် ၄၀၀ ခရီးကို ခြေလျင်နှင်မိခဲ့တဲ့ သတိမေ့ရောဂါသည်မိခင်
Instagram

Source: The Sun

Penny

SHARE