လုံးဝ လက်လွှတ်မခံသင့်တဲ့ Irrfan Khan ရဲ့ ဇာတ်ကား ( ၅) ကား

Image:imdb

Irrfan Khan ကတော့ ခေါက်ရိုးကျိုးနေတဲ့ အနုပညာ လောကရဲ့ ခပ်ပေါပေါ စံနှုန်းတွေ ကို ချိုးပြနိုင်တဲ့ မင်းသား တွေထဲက တစ်ယောက်ပါ။ဘောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသားတစ်ယောက် ဖြစ်ဖို့ အတွက် ရုပ်ချော စရာ မလိုပါဘူး၊ အက ကောင်း နေစရာ မလိုဘူး ဆိုတာကို ရဲရဲ ကြီး သက်သေ ပြခဲ့သူပါ။Irrfan Khan ကတော့ လွယ်လွယ် လေးနဲ့ အောင်မြင်ခဲ့တာ တော့မဟုတ်ပါဘူး။(၁၉၈၈)တည်းက အနုပညာ လောကထဲ ၀င်လာခဲ့ပြီး (၂၀၀၁) လောက် ကျ မှ  အောင်မြင်ခဲ့တာပါ။ကျရှုံးမှုတွေ အဆင် မ ပြေ မှုတွေ ကို ကြံ့ ကြံ့ ခိုင်ပြီး မှ ဒီ အောင်မြင်တဲ့ ဘ၀ကို ရ ခဲ့တာပါ။

Image:IG/Irrfan Khan

(၂၀၂၀)ဧပြီ (၂၉)မှာတော့ သူအရမ်းချစ်တဲ့ အနုပညာအလုပ် တွေကို နဲ့ ပရိသတ်တွေကို ကျော ခိုင်း သွားခဲ့ပါတယ် ။အသက် (၅၃)မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာပါ။Irrfan Khan  ရဲ့ ဇာတ်ကား ကောင်းတွေ အများကြီးပါ။ သူ့ရဲ့ ဇာတ်ကား တော်တော် များများက ကြည့်တဲ့ သူရဲ့ ရင်ထဲ ခေါင်းထဲကို တွေးစရာ ခံစား စရာ တွေ ထည့်ပေးတဲ့ ပညာပေးကားတွေပါ။ပါးစပ်နဲ့ မဆန့် တဲ့ စကားကြီး စကားကျယ်တွေ ကို ပြောပြီး ပညာ ပေးကားမျိုး မဟုတ်ပါဘူး။ ပါး ပါးလေး နဲ့ ကြည့်တဲ့ သူတွေရဲ့ ရင်ထဲကို တွေးစရာ တွေ ထည့်ပေးသွားတဲ့ ပညာ ပေးဇာတ်ကားတွေ အများကြီးကို ရိုက်ခဲ့သူပါ။သူ့ရဲ့ ဇာတ်ကားကောင်းတွေ အများကြီးထဲကမှ Shwemom စာဖတ်သူတွေ အတွက် ဇာတ်ကား တစ် ချို့ကို ညွှန်း ပေးချင်ပါတယ်။

(1)Life of Pi

Image:imdb

ဒီကားမှာတော့ အမှန် အတိုင်း ပြောရရင် Irrfan Khan ပါတဲ့ အခန်းက နည်းတယ်လို့ ပြောလို့ရပါတယ်။ဒါပေမယ့် ကပ် ရောဂါ ကြောင့် ဘာတွေ ဆက်လုပ်လို့ လုပ်ရမှန်း မသိ  အောင်ကို ကမ်း ပျောက် လမ်း ပျောက် နေတဲ့ လက်ရှိ အချိန် အခါ အ ခြေ အ နေနဲ့ ဒီကား တိုက်ဆိုင်လို့ ရွေးပေးလိုက်တာပါ။ဒီကား က တော့  ကျား တစ်ကောင်နဲ့ သမုဒ္ဒရာထဲမှာ ကမ်း ပျောက် လမ်း ပျောက် ဖြစ် နေတဲ့  အ ကြောင်းလေးပါ။Suraj Sharma နဲ့ Irrfan Khan တို့ အဓိက ပါဝင် သရုပ်ဆောင်ထားတာပါ။New York Film Festival  မှာ ပြသ ခွင့်ရတဲ့ ဇာတ်ကားပါ။ကိုယ်သည်းခံ နိုင်တဲ့ အရာ၊ကိုယ်တက်နိုင်တဲ့ ခံနိုင်ရည်အားထက် ကျော်လွန်ပြီး လောကဓံ တရားက ရိုက်ပုတ်လာလို့ အရမ်း စိတ် ညစ်လာပြီဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ကြည့်ပါ။ဘယ်လို ရုန်း ထွက် ကြမလဲ ဆိုတဲ့ ခွန်အား တစ်ချို့ကို ဒီဇာတ်ကား က နေ ပေးနိုင်ပါတယ်။

READ
ရက်ပ်အဆိုတော် Mac Miller သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းမှန် ထွက်ပေါ်

 

(2)Billu Barber

Image:imdb

ဆရာကန်တော့ပွဲပဲ ဖြစ်ဖြစ်၊ကျောင်းသားဟောင်းတွေ ပြန်လည် တွေ့ ဆုံ တဲ့ ပွဲမှာပဲ ဖြစ်ဖြစ် အရမ်း အောင်မြင် နေတဲ့ ကိုယ့်သူငယ်ချင်းတွေ နဲ့ မျက်နှာချင်းဆိုင်ရာမှာ သိမ်ငယ်စိတ်တွေနဲ့ မျက်နှာချင်းဆိုင်ရာမှာ စိုးလို့ ရှောင် ထွက် ခဲ့ဖူး လား…?အရမ်း အောင်မြင်တဲ့ ရည်းစားဟောင်းကို ပြန် တွေ့ ချိန်မှာ မျက်နှာချင်းဆိုင်ဖို့ ၀န် လေး ခဲ့ဖူးလား..? အငုံ့ စိတ် ၊သိမ်ငယ်စိတ်နဲ့ တစ်စုံတစ် ယောက်ကို ရှောင်ထွက် ဖို့ ကြိုးစားခဲ့ဖူးတယ်ဆိုရင်တော့ Billu Barber ဆိုတဲ့ ဇာတ်ကား လေးက သင်နဲ့ ရင်ဘတ်ချင်းထပ်တူ ကျ နေမှာပါ။သူငယ်ချင်းကောင်းဆိုတာ ဘာလဲ ဆိုတဲ့ အဓိပ္ပါယ်ကိုလဲ ဒီဇာတ်ကားက သင့် အတွက် အ ဖြေ တစ်ခု တော့ ပေးနိုင်မှာပါ။Shah Rukh Khan နဲ့ Irrfan Khan တို့ ပါဝင် ထားပါတယ်။

 

(3)The Lunch Box

Image:imdb

Irrfan Khan ရဲ့ ၀င်ငွေ အ ကောင်းဆုံး ဇာတ်ကားတွေ ထဲက တစ်ကားပါ။ရိုမန်တစ် အချစ်ဇာတ်ကား လေးပါ။ ဒါေ ပမယ့် ကြည့်ဖူးနေကျ ဘောလိဝုဒ် အချစ်ဇာတ်ကားတွေ လို မင်းသားနဲ့ မင်းသမီး ရွှန်းရွှန်းစားစားကြီး တွေ ကြည့် လို က်၊ပုဝါစ ဆွဲ က လိုက်ခုန်လိုက် လုပ် နေတဲ့ ဇာတ်ကားမျိုး လို့ ထင် ရင် တော့ လုံးဝ လုံးဝ မှားပါ လိမ့်မယ်။ဇာတ်ကား ရဲ့  သမိုင်းကို ဂုဏ်ဆာရမယ်ဆိုရင်တော့2013 Cannes Film Festival ပွဲက International Critics’ Week  မှာ ပြသခဲ့ပြီး Critics Week Viewers Choice Award  ကို ရခဲ့ပါတယ်။ က နေဒါ မှာ ကျင်းပတဲ့ 2013 Toro nto International Film Festival မှာလည်း ပြသ ခွင့်ရခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ dabbawalas  ဆိုတဲ့ အိန္ဒိယရဲ့ ထမင်းချိုင့်ပို့တဲ့ လုပ်ငန်းကြီးကို  လည်း တွေ့ရမှာပါ။အိမ် အလုပ်တွေ ကို မနား မ နေလုပ်ရင်း ခင်ပွန်း ဖြစ် သူရဲ့ အချစ်တွေ၊ကြင်နာ ဂရုစိုက်မှုတွေ ကိုေ မျှာ်လင့်နေတဲ့ အမျိုးသမီး တစ်ယောက်နဲ့ ပင်စင်ယူတော့မယ့် မုဆိုးဖို တ စ်ယောက်တို့ ထမင်းချိုင့်မှားပို့ ရာက နေ အပြန်အလှန် စာတို လေးတွေ ပို့ရင်း တစ်ယောက်ခံစားချက်ကို တစ် ယော က်က နားလည်လာခဲ့ပါတယ်။ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့  ဇာတ်ကားကို ကြည့်ရင်း ကိုယ်တိုင် အ ဖြေရှာ ကြည့် ကြည့်ပါ။ကြည့်ဖူးနေကျ ဘောလိဝုဒ် အချစ်ကားမျိုးတော့ လုံးဝ မဟုတ်ပါဘူး။

 

(4)Hindi Medium

Image:imdb

ဒီနေ့ ခေတ်ပညာ ရေးကို ကွက်ကွက်ကွင်းကွင်းကြီးကို မြင် အောင် ပြပြီး သရော်ထားတဲ့ ဇာတ်ကားမျိုးလို့ ပြောလို့ ရပါ တယ်။ဒီကျောင်းက အောင်ချက်အ ရမ်းကောင်းတယ်၊ဂုဏ် ထူးတွေ အများကြီး ထွက်တယ် ဆိုပြီး နာမည်ကြီး ကျောင်း မှာ တက်ခွင့်ရဖို့ အလုအယက် တွေ လာဘ် ထိုး(မှားလို့ :P)ကျောင်းအတွက် အလှူငွေ တွေ  ထည့် ပေးဖူး လား..? အဲ့ ဒါဆိုရင်တော့ ဒီ ဇာတ်ကားကို ကြည့်ဖြစ် အောင်သာ ကြည့်လိုက်ပါ။ဇာတ်ကား ကောင်း မကောင်း ကတော့   တစ် ကမ္ဘာလုံး ကနေ ၀င်ငွေ  အမေရိကန် ဒေါ်လာ (၄၅)သန်း တောင်ရထားတာပါ။ဝင်ငွေ အများစု ကတော့ တရုတ် ကပါ (တရုတ်က  ပိုပြီး ခံစားချက်ချင်း တိုက်ဆိုင်သွားပုံရတယ်)။သမီးလေးကို နာမည်ကြီး ကျောင်း ကောင်းကောင်းမှာ တက် ခွင့်ရ အောင် အသည်းအသန်ကြိုးစားကြတဲ့ မိဘ နှစ်ပါးကို ဒီဇာတ်ကားထဲမှာ တွေ့ရမှာပါ။လူချမ်းသာတွေ ထဲ အတင်း ၀င်ဆံ့ အောင် ကြိုးစား ငွေ ကုန် ကြေးကျ တွေ ခံ ပေမယ့် ကျောင်းမှာ ၀င်ခွင့် မရ ခဲ့ပါဘူး။ နွမ်းပါးတဲ့ ကေ လးတွေ ကို ပညာသင်ဆု ပေးပြီးတက်ရောက်ခွင့်ပြု ရတဲ့ သတ်မှတ် ချက် ရှိမှန်း သိ ပြန် တော့ ဆင်းရဲတွင်းထဲ အတ င်းတွေ ခုန်ချ ပြီး ကျောင်းဝင်ခွင့် ရ အောင် ထပ်ကြိုးစားခဲ့ပါတယ်။ရယ်လဲ ရယ်ရ သို အခု လက်ရှိ ဖြစ် နေတာ တွေ နဲ့ လုံး ၀ ကွက်တိ ကို ရိုက်ပြ ထားတဲ့ ဇာတ်ကားလေးပါ။

READ
အိမ်ဖြူတော်ကို ဖောက်ခွဲဖို့ဆိုတာဟာ ခိုင်းနှိုင်းပြောဆိုတာပါလို့ ဖြေရှင်းလာတဲ့မက်ဒေါနား

 

(5)Angrezi Medium

Image:imdb

Irrfan Khan  က တော့ မျက်ရည်တွေ ဘူးသီးလုံး လောက်ကျ ၊အာပြဲကြီးတွေ ငိုမပြပဲ သဘာဝ ကျကျ သရုပ်ေ ဆာင်နိုင်ပြီး ခံစားချက် တွေ ကို ရင်ဘတ်ထဲ အ ရောက်ပို့နိုင်တဲ့  မင်းသားပါ။ဒီဇာတ်ကား လေးကတော့ Irrfan Khan ရဲ့ နောက်ဆုံးနှုတ်ဆက်ဇာတ်ကားလေးမို့ အမှတ်တရ အ နေနဲ့ ထည့် ပေး တာပါ။ဟာသ ဇာတ်ကား လေး ဆို ပေမယ့်  သမီး ကို ချစ်တဲ့ အ ဖေ တစ်ယောက်ရဲ့ အချစ်ကို ပြ ထားပါတယ်။အရမ်းချစ်တာပဲ၊ အဖေ တစ်ယောက်ရဲ့ မေတ္တာ ..ဘာညာသလာကာ ဆိုပြီး လေကြီး မိုးကြီး စကားလုံးတွေ မ ပြောပဲ အ ဖေ တစ်ယောက်က သမီး တစ်ေ ယာက် အပေါ် ထားတဲ့ မေတ္တာတရား ကို ဖော်ပြ သွားတဲ့ ဇာတ်ကားလေးမို့ မကြည့်ရ သေးရင် တော့ သေချာ ပေါက် ကြည့် ကြည့်ပါ။

 

#SHWEMOM (Ref;wiki)

SHARE