ခါးသီးခဲ့ဖူးတဲ့ ဆယ်ကျော်သက်ဘ၀အကြောင်းကို ပြောလာတဲ့ ဘောလီးဝုဒ်မင်းသမီး

instagram/ team_kangana_ranaut

ဘောလီးဝုဒ်ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Kangana Ranaut ဟာ အရည်အချင်းရှိပြီး ထက်မြက်တဲ့မင်းသမီးတစ်ယောက်ပါ။ သူမဟာ “Panga” အမည်ရတဲ့ ဇာတ်ကားနဲ့အတူ Gangster ၊ Tanu Weds Manu ၊ Queen ၊ Krishh3 ဇာတ်ကားတွေနဲ့ ထင်ရှားသူတစ်ဦးဖြစ်ပါတယ်။

သူမဟာ ဇာတ်ကားတွေကို ရွေးချယ်ရိုက်ကူးလေ့ရှိသူတစ်ဦးဖြစ်တဲ့အပြင် ပွင့်လင်းတဲ့စရိုက်ရှိတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ Kangana ဟာ အင်စတာဂရမ်ဗီဒီယိုတစ်ခုမှာ သူမရဲ့ ဇာတိမြို့လေး ဟီမာချယ်လ်ကနေ ဘောလီးဝုဒ်မင်းသမီးအဖြစ် ရောက်ရှိလာပုံကို ပြောပြခဲ့ပါတယ်။

https://www.instagram.com/p/B7v4MfmhHS_/?utm_source=ig_web_copy_link

Kagana က “သူငယ်ချင်းတို့ ကျွန်မ (၁၅) နှစ်၊ (၁၆) နှစ်လောက်မှာ အိမ်ကနေ ထွက်ပြေးခဲ့တယ်။ ကျွန်မကိုယ်ကျွန်မ ကြယ်တွေကို ဆုပ်ကိုင်နိုင်မယ်လို့ ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အိမ်ကလည်း ထွက်လာရော ကျွန်မရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့တဲ့အပြင် (၁)နှစ်ခွဲ (၂)နှစ်အတွင်းမှာပဲ ဆေးစွဲခဲ့တယ်..” လို့ ပြောပြပါတယ်။

အခုဆိုရင်တော့ မင်းသမီးဟာ အသက် (၃၃) နှစ်ရှိနေပါပြီ။ ဒါ့အပြင် Kagana က ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်ထဲမှာနေရစဉ်ကာလအတွင်း ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိကြဖို့ တိုက်တွန်းထားပါတယ်။ သူမက “ကျွန်မ ဘ၀က တော်တော်လေး ရှုပ်ထွေးခဲ့ပါတယ်။ သေခြင်းတရားက လွဲလို့ ကယ်တင်သူမရှိတဲ့အချိန်မှာ ဆိုးယုတ်တဲ့လူတွေကြား ကျင်လည်ခဲ့ရတယ်။ ဒီအဖြစ်အပျက်တွေဟာ ကျွန်မ ဆယ်ကျော်သက်အရွယ်မှာတုန်းက ဖြစ်ခဲ့တာပါ…” လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ Kagana က သူရဲ့ဘ၀ထဲကို သူငယ်ချင်းကောင်းတစ်ဦးက ၀င်ရောက်လာပြီး ထိုသူငယ်ချင်းကနေ ယောဂကျင့်ဖို့ စာအုပ်တစ်အုပ်ပေးခဲ့ရာက သူမဘ၀ပြောင်းလဲခဲ့ကြောင်းလည်း ရှင်းပြပါတယ်။ တကယ်လို့သာ သူမအနေနဲ့ စိတ်ရဲ့အေးငြိမ်းရာကိုသာ မတွေ့ခဲ့ဘူးဆိုရင် သူလိုငါလိုပဲ လူအုပ်ကြားထဲ ပျောက်နေမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် မကောင်းတဲ့အချိန်တွေနဲ့ ကြုံတွေ့ရတဲ့အခါ စိတ်ကို ကြံ့ကြံ့ခံအောင်ထားကြဖို့နဲ့ မကောင်းတဲ့အခြေအနေတွေဟာ ကောင်းတဲ့အခြေအနေတွေ ဖြစ်လာဖို့ အစပျိုးတာဖြစ်ကြောင်းလည်း Kagana ဟာ ပရိသတ်တွေကို အားပေးခဲ့တာကို storypick အရ သိရပါတယ်။

 

View this post on Instagram

 

#KanganaRanaut talks about the time when she couldn’t close her eyes because tears won’t stop. 🙏🙏

A post shared by Kangana Ranaut (@team_kangana_ranaut) on

လင်းလင်း (ShweMom)

SHARE