အချစ်နဲ့အနစ်နာခံမှုဆိုတာကို မိခင်ဖြစ်မှ နားလည်လာတယ်ဆိုတဲ့ ဘောလီးဝုဒ်မင်းသမီး

instagram/ranimukerji_official

ဘောလီးဝုဒ်မင်းသမီးတစ်ယောက်ဖြစ်တဲ့ ရာနီမူကာဂျီက သူမဟာ မိခင်ဖြစ်လာမှ အချစ်နဲ့ စွန့်လွှတ်အနစ်နာခံမှုအကြောင်းကို နားလည်လာကြောင်း နိုဝင်ဘာလ (၈) ရက် သောကြာနေ့တုန်းက စင်္ကာပူမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ ရာနီဟာ အသက်(၄၁) နှစ် ရှိပြီဖြစ်ပါတယ်။ The Economic Times Asian Business Leaders Conclave 2019 မှာ သူမဟာ ဘောလီးဝုဒ်ဖျော်ဖြေရေးကဏ္ဍရဲ့ ခေါင်းဆောင်နေရာမှာ ဧည့်သည်တစ်ယောက်အနေနဲ့ စကားပြောခွင့်ရတာ ဖြစ်ပါတယ်။

instagram/ranimukerji_official

ရာနီဟာ စင်္ကာပူနိုင်ငံဆီ သွားရောက်လည်ပတ်စဉ်အတွင်း သူမရဲ့ အလုပ်အကိုင်နဲ့ မိခင်ဘ၀အကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။ သူမက “”ကျွန်မအတွက် ကလေးကို အိမ်မှာထားပြီး ရိုက်ကွင်းသွားရတဲ့ခံစားချက်က ကလေးမရခင်တုန်းက ရိုက်ကွင်းသွားရတဲ့ ခံစားချက်နဲ့ တော်တော်လေး ကွာပါတယ်။ တကယ်တမ်း ရိုက်ကွင်းသွားဖို့ အိမ်ကနေလည်း ခွာရော ကားထဲမှာ တစ်ချိန်လုံး စိတ်ပူနေတာ။ ကိုယ့်ကိုကိုယ်လည်း မိခင်တစ်ယောက်အနေနဲ့ ကလေးကို ထားခဲ့သင့်လားဆိုပြီး အပြစ်တင်မိတယ်။ ဒါကြောင့် ကျွန်မ သရုပ်ဆောင်ရမယ့် ဇာတ်လမ်းတွေက ကျွန်မအတွက် တော်တော်လေးကောင်းမှပဲ ကလေးကို အိမ်မှာထားခဲ့ပြီး ရိုက်ကွင်းကို ထွက်လာရဲတော့တယ်…” လို့ ပြောပြခဲ့ပါတယ်။

READ
ကမ္ဘာ့ကပ်ဘေးတွေထဲအသက်ရှင်သန်နိုင်ဖို့ပြင်ဆင်နေခဲ့တဲ့(၁၇)နှစ်အရွယ်ကောင်လေး
instagram/ranimukerji_official

ရာနီဟာ သူမရဲ့အမျိုးသားဖြစ်သူ အာဒီရာချိုပရာနဲ့ ပထမဆုံးကလေး အဒီရာကို မွေးဖွားပြီးနောက်ပိုင်း ရုပ်ရှင်လောကထဲကနေ (၂) နှစ်ကြာ အနားယူခဲ့ပါတယ်။ (၂၀၁၈) ခုနှစ်မှာတော့ ဖန်သားပြင်ပေါ်ပြန်ပေါ်လာခဲ့ပြီး Hichki အမည်ရတဲ့ ရုပ်ရှင်ကို ရိုက်ကူးခဲ့ပါတယ်။

instagram/ranimukerji_official

ရာနီကတော့ “ကျွန်မ သမီးလေး အဒီရာက ကျွန်မဘ၀အတွက် အဓိကအရေးကြီးဆုံးပါပဲ။ တကယ်လို့ သူ့ကို အသက်(၂၀) အစောပိုင်းလောက်မှာ မွေးဖြစ်ရင် ကျွန်မက အလုပ်ကိုပဲ ပိုဦးစားပေးဖြစ်မှာ။ ဒါပေမယ့် ကျွန်မ ကံကောင်းပါတယ်။ ဒါရိုက်တာက ကျွန်မကို နားလည်ပါတယ်။ ကျွန်မတို့ ဒီရုပ်ရှင်ကို (၃၆) ရက်တည်းနဲ့ ရိုက်ကူးခဲ့ကြပါတယ်။ တစ်နေ့ကို (၆) နာရီကြာ အချိန်ယူပြီးတော့ပေါ့…” လို့ ပြောပြပါတယ်။ ရာနီဟာ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးတဲ့အခါမှာ သမီးဖြစ်သူ အဒီရာအတွက် အဓိကအချိန်တွက်ပြီးမှ အလုပ်အတွက် အချိန်ပေးတာ ဖြစ်ပါတယ်။

READ
ဂိမ်းကို (၉)နာရီကြာ ဆက်တိုက်ကစားပြီးနောက် သွေအန်လဲကျတဲ့ အမျိုးသား
instagram/ranimukerji_official

ရာနီဟာ အဒီရာအပြင် နောက်ထပ် ကလေးတစ်ယောက်လည်း ထပ်လိုချင်သေးတဲ့အကြောင်း မနှစ်တုန်းကတော့ ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်ရေးသားတင်ခဲ့ပါသေးတယ်။ ရာနီရဲ့ အနာဂတ်အကြံအစည်တွေကို မေးမြန်းကြည့်တဲ့အခါမှာတော့ သူမက “ကျွန်မက စိတ်ဝင်စားဖို့ကောင်းတဲ့ ရုပ်ရှင်တွေ အများကြီး ရိုက်ချင်ပါသေးတယ်။ အဓိက ကျွန်မဆုတောင်းတာက ကျွန်မ ပရိသတ်တွေက ကျွန်မရဲ့ အနုပညာကို နှစ်သက်အားပေးကြဖို့ပါပဲ…” လို့လည်း ပြောသွားခဲ့ကြောင်း asiaone သတင်းအရ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE