ကိုရိုနာဝေဒနာရှင်တွေကို သူနာပြုပေးနေတဲ့ လေးစားချီးကျူးဖွယ် ဘောလီးဝုဒ်မင်းသမီး

instagram/shikhamalhotra_official

ကမ္ဘာတစ်လွှားက ဆရာဝန်တွေ၊ သူနာပြုတွေဟာ COVID-19 ဝေဒနာရှင်တွေကို ကူညီကုသပေးဖို့ (၂၄) နာရီပတ်လုံး အလုပ်လုပ်နေရပါတယ်။ အလုပ်ရဲ့သဘောသဘာဝကိုက ကိုယ့်အသက်ထက် သူများအသက်ကို ပိုဦးစားပေးရတဲ့သူတွေလည်း ဖြစ်ပါတယ်။ သူတို့တွေဟာ တက္ကသိုလ်မှာ သင်ယူစရာပြီးမြောက်လို့ ဘွဲ့ဒီဂရီတွေ အသီးသီးရယူတဲ့အချိန်မှာလည်း လူ့အဖွဲ့အစည်းက လိုအပ်ခဲ့ရင် အမြဲအသင့်ရှိနေသူတွေဖြစ်ရပါစေမယ်ဆိုပြီး ကျမ်းသစ္စာဆိုခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် အခုအခါ ကမ္ဘာတစ်ဝှမ်းက ဆရာဝန်ကြီးတွေဟာ ပင်စင်ယူပြီးတာတောင် ကိုရိုနာဗိုင်းရပ်စ်ဝေဒနာရှင်တွေကို ကူညီဖို့အတွက် ဆေးရုံတွေမှာ ပြန်ပြီးအလုပ်လာလုပ်ကြတာ ဖြစ်ပါတယ်။


ဘောလီးဝုဒ်ရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်တဲ့ Shikha Malhotra ကလည်း အခုအချိန် ရောဂါကပ်ဘေးဆိုက်နေစဉ်မှာ ဆေးရုံကိုသွားပြီး သူနာပြုအဖြစ် ဆေးမှုထမ်းခဲ့ကြောင်း storypick သတင်းအရ သိရပါတယ်။ Kaanchli ဇာတ်ကားမှာလည်း သရုပ်ဆောင်မင်းသား Sanjay Mishra နဲ့ တွဲရိုက်ဖူးတဲ့ Shikha ဟာ (၂၀၁၄) ခုနှစ်တုန်းက ဒေလီမှာရှိတဲ့ Vardhman Mahavir ဆေးကောလိပ်ကနေ သူနာပြုသင်တန်းကျောင်းဆင်းခဲ့တာ ဖြစ်ပါတယ်။


ကျောင်းဆင်းပြီးနောက် Shikha ဟာ မင်းသမီးအဖြစ်နဲ့ပဲ အသက်မွေးခဲ့ပါတယ်။ သူနာပြုလက်မှတ်ရရှိထားပေမယ့် သူနာပြုမလုပ်ခဲ့ပါဘူး။ ဒါပေမဲ့လည်း အခုလို နိုင်ငံက အရေးပေါ်အခြေအနေဖြစ်နေစဉ်မှာတော့ Shikha ဟာ သူမရဲ့ သူနာပြုသင်တန်းဆင်းလက်မှတ်ကို ပြန်လည်အသုံးပြုခဲ့ပါတယ်။ သူမဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူနာတွေကိုကယ်တင်ဖို့အတွက် Hindu Hriday Samrat Bala Saheb Thackray ဆေးရုံမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။

 

View this post on Instagram

 

She is an actress who was seen in the lead in the critically aclaimed film #Kannchli with actor #SanjayMishra . Shikha Malhotra joined the BMC-run trauma hospital in Jogeshwari as a volunteer nurse on Friday. She has also urged all retired doctors and nurses to join the fight against Coronavirus at this crucual time. Shikha completed her nursing course from Vardhman Mahavir Medical College and Safdarjung Hospital in New Delhi in 2014. As she moved towards acting, she never worked as one. BMC gave Shikha its approval letter and asked her to join the Hinduhrudaysamrat Balasaheb Thackeray Trauma Hospital in Jogeshwari East. She has been deputed in the isolation ward. “After passing the course in college, we had taken the oath to serve society. I think this is the time to do so,” she says. #viralbhayani #CoronaVirus #covid2019 @viralbhayani

A post shared by Viral Bhayani (@viralbhayani) on

 

View this post on Instagram

 

#lockdownday1 For those who don’t know that I am a #Registered #BscHonoursNurse from Vardhaman Mahavir Medical & #SafdarjungHospital Spending my 5 years…so sharing a glance of my working hours in the hospital‍⚕️So as you all have always appreciated my efforts my achievements this time need all of your support to #serve the #nation once againand this time I’ve Decided to join the hospital in #mumbai for #covid19 #crisis .Always there to serve the country as a #Nurse as a #entertainer wherever however I can need your blessingsplease be at home be safeand support the government. Thank you so much Mumu to make me what I am todayJai Hind @narendramodi @amitabhbachchan @anupampkher @who @aajtak @zeenews @ddnews_official

A post shared by Shikha Malhotra (@shikhamalhotra_official) on


Shikha က “ကောလိပ်မှာ ကျောင်းဆင်းလက်မှတ်ရတဲ့အခါ ကျွန်မတို့ဟာ လူ့အဖွဲ့အစည်းရဲ့ဝန်ကိုထမ်းပါမယ်ဆိုပြီး ကျမ်းသစ္စာဆိုခဲ့ပါတယ်။ ကျွန်မကတော့ ခုလိုအချိန်ဟာ ဒီကတိကို ဖြည့်ဆည်းပေးဖို့ အချိန်ကောင်းပဲလို့ ထင်ပါတယ်…” လို့ ဆိုပါတယ်။ Shikha ဟာ သူမရဲ့အင်စတာဂရမ်အကောင့်မှာလည်း သူမဟာ တရားဝင်နာ့စ်ဖြစ်ကြောင်းနဲ့ ဆေးစင်တာအတွင်း အလုပ်လုပ်နေတဲ့သူမဓာတ်ပုံတွေကို တင်ပြထားပါသေးတယ်။ ဒါ့အပြင် ကပ်ရောဂါဆိုးအတွင်း ဆရာဝန်တွေ၊ ဆေးဝန်ထမ်းတွေနဲ့ မဖြစ်မနေ အလုပ်လုပ်နေကြရတဲ့ပြည်သူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အိမ်ထဲမှာပဲနေပေးကြဖို့ Shikha ဟာ ဒီဗီဒီယိုလေးနဲ့ တိုက်တွန်းခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE