အငြင်းပွားဖွယ်ရာ အချစ်အကြောင်း ပုံဖော်ထားတဲ့ ဘောလိဝုဒ် ဇာတ်ကားများ

ဘောလိဝုဒ်ဇာတ်ကားကောင်းတွေ အများကြီးထဲကမှ ဒီတစ်ခါမှာတော့ စည်းဝိုင်းအပြင်က အချစ်တွေ အကြောင်းကို ရုပ်ရှင်ကား အဖြစ် ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားတွေကို ဖော်ပြပေးချင်ပါတယ်။လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက သတ်မှတ်ထားတဲ့  ကိုယ်ကျင့်သိက္ခာ၊လူတစ်ယောက် ဖြစ်လာ ရင် စောင့်ထိန်းသင့် စောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်တွေနဲ့ ကန့်သတ်ထားတဲ့ စည်းဝိုင်းအပြင်ကို ချော်ထွက်သွားတဲ့ အချစ်တွေအကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကား တွေ အေ ကြာင်းပါ။နားလည်ရခက်တဲ့ ဒီလိုအချစ်၊ဒွိဟဖြစ်စရာ၊အငြင်းပွားချင်စရာ ကောင်းတဲ့ ဒီလို အချစ် အကြောင်းကို  ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကား ကောင်း တွေရှိပါတယ်။အဲ့ဒါတွေကတော့………………

(1)Nishabd (2007)

Nishabd ကတော့(၁၉၉၉)တုန်းက အမေရိကန်ရုပ်ရှင်ကား American Beauty  နဲ့ (၁၉၈၆)ခုနှစ်က အိန္ဒိယ ရုပ် ရှင်ကား Anokha Rishta တို့ကို မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်ကားပါ။မင်းသားကြီးAmitabh Bachchan ကိုတော့ ဒီကားထဲမှာ လူမုန်းချင်စရာဇာတ်ကောင်နဲ့ တွေ့ရမှာပါ။အဓိက မင်းသမီးကတော့ Jiah Khan ပါ။ အသက်(၆၀)အ ရွယ်အဖိုးကြီး နဲ့ (၁၈)နှစ် အရွယ်ကောင်မလေးတို့ရဲ့ စိတ်တိမ်းညွတ်မှု အကြောင်းပါ။ဒီကားနဲ့ပတ်သက်ပြီး အငြင်း ပွားစရာ တွေ အများ ကြီးဖြစ်ခဲ့ ပါတယ်။

bollywoodhungam

နောက်ဆုံးမှာ ဒီကားကို အိန္ဒိယနိုင်ငံ Allahabad မြို့မှာ တားမြစ်ပိတ်ပင်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။သမီး အ ရွယ် ကိုမှ တိမ်းညွတ်လိုက်မိတဲ့ ဆင်ခြေကတော့………..။တမူထူးခြားတဲ့ ဇာတ်ကား အနုပညာ ဖန်တီး မှုကို ကြည့်ချင် တယ်ဆိုတဲ့ သူတွေ အတွက်၊Amitabh Bachchan  ရဲ့ ပရိသတ်တွေ အတွက်ေ တာ့ သေချာပေါက် ကြည့် သင့်တဲ့ ဇာတ်ကားပါ။သေချာပေါက်အတွေးပေါင်းများစွာနဲ့ ကျန်နေခဲ့စေမယ့် ဇာတ်သိမ်းမျိုးနဲ့ ဇာတ်သိမ်း ပေးထားပါ တယ်။

(2)Kabhi Alvida Naa Kehna (2006)

ဒီဇာတ်ကားကတော့ (၂၀၀၆)တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားပါ။တကယ့် နာမည်ကြီး ဒိတ်ဒိတ်ကြဲတွေ ဖြစ်တဲ့  Amitabh Bachchan, Shah Rukh Khan, Abhishek Bachchan, Rani Mukerji, Preity Zinta ၊ Kirron Kher  တို့ ပါဝင်ထားပါတယ်။ဒီကားမှာတော့ ခြေထောက်ဒဏ်ရာကြောင့် ဘောလုံး သမား ဘ၀ ကို စွန့် လွှတ်လိုက်ရတဲ့Dev Saran (Shah Rukh Khan) ၊ဘောလုံးသမားဘ၀ က နားထား ရတဲ့ ခင်ပွန်းသည်နဲ့ သားဖြစ်သူတို့ အတွက် အလုပ်ကို နှစ်ဆကြိုးစားပြီး အောင်မြင်အောင်လုပ်နေတဲ့  Rhea (Preity Zinta) တို့  မိသားစုရှိပါတယ်။

READ
ငွေကုန်ကြေးကျမများဘဲ အမိုက်စားဓာတ်ပုံတွေ ပိုင်ဆိုင်နိုင်မယ့် နည်းလမ်းကောင်း
YouTube

တစ်ဖက်မှာတော့ ကလေးဘ၀တည်းကအရင်းနှီးဆုံး သူငယ်ချင်းကို အချစ်မပါပဲ လက်ထပ်လိုက်ရတဲ့ Maya (Rani Mukerji) ၊Maya ကိုမှ အရူးအမူးချစ်နေတဲ့ ishi Talwar (Abhishek Bachchan) တို့  ဇနီးေ မာင်နှံရှိနေပါတယ်။Abhishek Bachchan ကတော့ Rishi  ရဲ့ အဖေနေရာက သရုပ်ဆောင်ထားပါတယ်။ဒီလို ဆိုင်သူကိုယ်စီ တစ်ဖက်မှာဆိုရင် ရင်သွေးလေး တစ်ယောက်ရှိနေတဲ့ ကြားက Dev Saran (Shah Rukh Khan) နဲ့ Maya (Rani Mukerji)  တို့က ဖောက်ပြန်ခဲ့ကြပါတယ်။Shah Rukh Khan ကိုတော့ ဇနီးနဲ့သားရဲ့ မျက်နှာကို မထောက်ပဲ အချစ်ကို ရှေ့တန်းတင်နေတဲ့ အိမ်ထောင်ရေးဖောက်ပြန်သူ တစ်ယောက် အဖြစ် တွေ့ရမှာပါ။ဆိုင်သူ ကိုယ် စီရှိပါရဲ့နဲ့ သူတို့ရဲ့ အချစ်ကိုမှ အချစ်လို့ ထင်နေကြတဲ့ ဇာတ်မျိုးပါ။ ဇာတ်သိမ်းကတော့ အိမ်ထောင်ရေးဖောက်ပြန်မှုကို ခါးခါသီးသီးမကြိုက်ဖူး ဆိုတဲ့ ပရိသတ်တွေ ကျေနပ်လော က်တဲ့ ဇာတ်သိမ်းမျိုးမဟုတ်ပါဘူး။

(3)Pad Man

Pad Man ကတော့ စည်းဝိုင်းအပြင်ဘက်မှာရှိတဲ့ အချစ်အကြောင်းကို အဓိက ရိုက်ကူးထားတဲ့ ဇာတ်ကား မဟုတ်ပါ ဘူး။အထ္တုပတ္တိ ဇာတ်ကားပါ။ Akshay Kumar, Sonam Kapoor , Radhika Apte  တို့ အဓိ ကသရုပ်ဆောင် ထားပါတယ်။Pad ဖန်တီးသူ Arunachalam Muruganantham ရဲ့ အကြောင်းကို ရိုက်ထားတာပါ။ဒီကား မှာေ တာ့ တစ်ဖက်မှာက ကိုယ်တိုင်လည်း ဗဟုသုတနည်းပါးပြီး ပညာမတက်တဲ့ ရှေးရိုးအစဉ်အလာတွေကို လိုက်နာတဲ့ မိန်းကလေးတစ်ယောက်၊တစ်ဖက်မှာက ပညာတက်ဗဟုသုတကြွယ်ဝပြီး ကိုယ်ချစ်တဲ့ သူအတွက် အကောင်းဆုံး ပံ့ပိုး ပေးနိုင်တဲ့ မိန်းကလေးတို့ကို တွေ့ရမှာပါ။

Youtube

ဇနီးဖြစ်သူအပေါ် ချစ်ပေမယ့် ကြာလာတော့ အနေနီးစပ်တာ၊သူ့အပေါ် စေတ နာထားတဲ့ မိန်းကလေးအပေါ် အချစ်စိတ်တွေ တိမ်းညွတ်မိသွားတဲ့ Akshay Kumar တို့ကို တွေ့ရမှာပါ။နောက်ဆုံး မှာ တစ်ယောက်ယောက်က မဖြစ်မနေ လက်လွှတ်ပေးလိုက်ဖို့ လိုနေတဲ့ အနေအထားမှာ ဘယ်သူက လက်လွှတ် ပေး မလဲ ဆိုတာကတော့ …….။စွန့်ဦးတီထွင်မှုနဲ့ မဆုတ်မနစ်တဲ့ ကြိုးစားမှုတို့ကို အဓိကအသားပေး ရိုက်ပြ ထားတဲ့ ဇာတ်ကား ကောင်းလေးမို့ မကြည့်ရသေးရင် သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်ကားပါ။

READ
လာကြည့်တဲ့ပွဲစဉ်ကို ကျိန်စာသင့်စေလို့ဆိုကာ NBA fan တွေ ဆန္ဒပြတာခံနေရတဲ့ Kendall

(4)Bajirao Mastani

Bajirao Mastani ကတော့ လုံးဝ မဖြစ်မနေ သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်ကား ကောင်းလေးပါ။ဒီကားက Ranveer Singh ၊ Deepika Padukone နဲ့  Priyanka Chopra တို့ ရှားရှားပါးပါး အတူတွဲတွေ့ရတဲ့ ဇာတ်ကား ကောင်းလေးပါ။Bhansali က ဒီကားမှာ Best Film နဲ့  Best Director  ဆု၊ Best Actor က Singh နဲ့ Best Supporting Actress ဆုကို Chopra က ရရှိခဲ့ပါတယ်။ကျူးကျော်သူတွေကို ကူညီတိုက်ခိုက်ပေး ဖို့ Bajirao (Ranveer Singh)ရဲ့ စခန်းချရာတဲထဲကို ရဲရဲဝံ့ဝံ့ဝင်ရောက်သွားတဲ့  Mastani (Deepika)၊ခင်ပွန်း အပေါ် ဇနီး မယား တစ်ယောက်ရဲ့ တာဝန်တွေ အပြည့်အ၀ ကျေပွန်တဲ့Kashibai (Priyanka) တို့ကို တွေ့ရမှာပါ။

india.com

ဒီကား ကတော့  ဒုတိယမယား Mastani နဲ့ Bajirao တို့ရဲ့ ချစ်ဇာတ်လမ်းကို အဓိက ရိုက်ပြထားတာပါ။တစ်ဖက်မှာ ဆိုင်သူရှိမှန်းသိပေမယ့် အရာအားလုံး ကို စွန့်လွှတ်ပြီး Bajirao ရှိရာအရပ်ကို လိုက်သွားပြီး ဒုက္ခတွေကို ခါးစည်းခံ ခဲ့တဲ့ Mastani ၊သူ့အတွက် ဒုက္ခပင်ပန်းဆင်းရဲခံပြီး တစ်နယ်တကျေးကနေလိုက်လာနေရတဲ့ ဒုတိယဇနီးအပေါ် ကိုမှ အကြင်နာတွေပိုတဲ့ Bajirao ၊ ခင်ပွန်းဖြစ်သူအပေါ် အရမ်းချစ်တဲ့ Kashibai (Priyanka) တို့ရဲ့ (၃)ပွင့် ဆိုင် အချစ် အားပြိုင်မှုတွေကို တွေ့ရမှာပါ။ရှေးခေတ်ဇာတ်ကားဖြစ်တာကြောင့် ဇနီးမယားတစ်ယောက်မက ယူတဲ့ အပေါ် အလို အလျောက် နားလည်ပေးပြီးသားဖြစ်တဲ့ အတွက် Bajirao ကို ပြစ်တင်ရှုတ်ချတာမျိုးမရှိပါဘူး။

Source wiki

SHARE