လုံးဝလက်မလွှတ်သင့်တဲ့ (၂၀၁၈)ရဲ့အကောင်းဆုံး ဘောလိဝုဒ်ဇာတ်ကားများ

(၂၀၁၈)မှာတော့ ဘော လိဝုဒ် ဇာတ်ကားကောင်းတွေ အများကြီးထွက်ခဲ့ပါတယ်။ဒီတစ်ပတ်မှာတော့ ဘောလိဝုဒ် ဇာတ် ကားကို ချစ်တဲ့ Shwemom ပရိသတ်တွေအတွက် (၂၀၁၈)မှာ ထွက်ရှိခဲ့တဲ့  လုံးဝလက်မလွှတ်သင့်တဲ့ ဘောလိဝုဒ်ဇာတ်ကားကောင်းလေးတွေရှိပါတယ်။မနှစ်က ထွက်ခဲ့တဲ့ ဇာတ်ကားတွေထဲကမှ လုံးဝကြည့်သင့် တဲ့ ဇာတ် ကား တွေကတော့………….(တခြားဇာတ်ကားကောင်းတွေရှိရင်လည်း Comment မှာ အချင်းချင်းဝေမျှ ပေးသွားအုံးနော်)

#Mulk

ဒီဇာတ်ကားကတော့ (၂၀၁၈)မှာ ထွက်ခဲ့တဲ့ ဘောလိဝုဒ်ဇာတ်ကားကောင်းတွေထဲက တစ်ကားပါ။ Mulk ကတော့ တကယ့် ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားတာပါ။အချစ်ဇာတ်ကားတွေကို ကြည့်ရတာ ငြီးငွေ့နေပါပြီ ဆိုရင်တော့ ဒီကား လေးကို ကြည့်ကြည့်ပါ။အကြမ်းဖက်မှုမှာ ပါဝင် လိုက်တဲ့ မိသားစုဝင်တစ်ယောက်ကြောင့် မဆိုင်တဲ့ မိသားစုဝင်တွေပါ ဒုက္ခရောက်ခဲ့ရပုံတွေကို ဒီဇာတ်ကားမှာ တွေ့ရမှာပါ။အကြမ်းဖက်မှုအားပေးသူတွေ အဖြစ် ပတ် ၀န်းကျင်ရဲ့ အမြင်၊ စွဲချက်ပေါင်းစုံ၊အာဏာပိုင်တွေရဲ့ စွဲချက်ပေါင်းစုံတွေကြားကနေ ကျန်မိသားစုဝင်တွေက သူတို့ မှာ အပြစ်မရှိကြောင်း ဘယ်လိုတွေ သက်သေပြကြမှာလဲ ဆိုတာကိုတော့ ဒီကားမှာ တွေ့ရမှာပါ။တကယ့်ကို လက်လွှတ်မ ခံသင့်တဲ့ ကားကောင်းလေးပါ။

#Sanju 

Sanju  ကတော့ (၂၀၁၈)မှာ ထွက်ရှိခဲ့တဲ့ အတ္ထုပ္ပတ္တိဇာတ်ကားလေးပါ။ဒါရိုက်တာကတော့ Rajkumar Hirani ပါ။အိန္ဒိယမင်းသား Sanjay Dutt ရဲ့ အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။အတ္ထုပ္ပတ္တိ တွေကို စိဘောလိဝုဒ်က စိတ်ဝင်စားစရာကောင်းအောင် အမြဲရိုက်ပြတတ်ပါတယ်။သေချာပေါက် ကြည့်သင့်တဲ့ ကားလေးပါ။

#Hichki

ခေါင်းထဲမှာရော နှလုံးသားထဲမှာပါ တစ်ခုခုကျန်ခဲ့တဲ့ ဇာတ်ကားမျိုးကိုမှ ကြည့်ချင်ပါတယ်ဆိုရင်တော့ ..ရှာနေတဲ့ ဇာတ်ကားက ဒီမှာပါ။ Hichki ဇာတ်ကားကို ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ ကျောင်းတွေမှာ A ခန်း၊B ခန်း.. ဆိုပြီး အတော်ဆုံး ကနေ အညံ့ဆုံးတွေအထိ အခန်းခွဲ ထားကြပါတယ်။အဲ့ဒီလိုအခန်းခွဲတဲ့ အခါ မှာ အညံ့ဆုံးတွေ စုနေတဲ့ 9F  ဆိုတဲ့ အခန်းကို သင်ရတဲ့ ဆရာမလေး ၊ “Perfect ”  ဆိုတဲ့ ရင်ထိုးတံဆိပ်လေးကို ရဖို့ ဆိုတာ စိတ်ကူးတွေးပေးလို့တောင် မရတဲ့ အညံ့ဆုံး ဆိုတဲ့ ကလေးတွေ ကို  ဆရာမလေးက ဘယ်လိုပြုပြင်ပြောင်းလဲပေးမလဲ ဆိုတာကို ဒီဇာတ်ကားမှာတွေ့ရမှာပါ။

READ
မြန်မာပြည်သိန်းတန်အပေါ် ဝေဖန်လိုက်တဲ့ မထက်

#’Pad Man’

ဘ၀အတွက် Motivation လိုနေပါတယ်။ဒါပေမယ့် Romance ပါတဲ့ ဇာတ်ကားမျိုး လေး ကိုလည်း ကြည့်ချင် ပါတယ်ဆိုရင်တော့ Padman ကို ကြည့်ပါ။ Arunachalam Muruganantham ရဲ့ အကြောင်းကို ရိုက်ထား တဲ့ အတ္ထုပ္ပတ္တိ ဇာတ်ကားလေးပါ။မကြည့်လိုက်ရင် နောင်တရရမယ့် ကားလေးမို့ မကြည့်ရသေးရင် ကြည့်လိုက်ပါလို့ တိုက် တွန်း ချင်ပါတယ်။

#’Padmaavat’

ဒီကားကို မကြည့်ရသေးတဲ့ သူကတော့ ရှားပါလိမ့်မယ်။တော်တော်များများလည်း ကြည့်ဖူးမှာပါ။တကယ်လို့ များ မကြည့် ရသေးရင်လည်း ကြည့်ကြည့်ပါ။ဒီကားမှာ Deepika Padukone, Shahid Kapoor နဲ့ Ranveer Singh တို့ ပါဝင်ထားပါတယ်။ဟိန္ဒူဘု ရင်မနဲ့ မွတ်စလင်ဘုရင်တို့ရဲ့အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးခဲ့တာဖြစ်ပြီး၊ အိန္ဒိ ယနိုင်ငံရဲ့ သြဇာတိက္ကမအကြီးဆုံး ဟိန္ဒူပါတီကြီးကနေ စတင်ဦးဆောင် ကန့်ကွက်ခဲ့ရာက ဒီဇာတ်ကားကို မပြသ ရဖူးဆိုပြီး ဆန္ဒပြကန့်ကွက်တာတွေ ဖြစ်ခဲ့ပါတယ်။Deepika Padukone ကိုဆိုရင် ခြိမ်းခြောက်တာမျိုးတွေ အထိ တောင်ဖြစ်ခဲ့ရတဲ့ ဇာတ်ကားပါ။

#Simmba

Simmba ကတော့ အက်ရှင်ကားကောင်းကို ကြည့်ချင်တယ်ဆိုတဲ့ သူတွေ လုံးဝကြည့်သင့်တဲ့ ဇာတ်ကားပါ။Rohit Shetty  ရိုက်ကူးထားပါတယ်။Ranveer Singh ရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ကားပါ။ အကျင့်ပျက်လာဘ် စား နေတဲ့ အရာရှိ Simmba ကို ပြောင်းလဲမှုဖြစ်ရပ်ကြီးတစ်ခုက  လမ်းမှန်ရောက်အောင် ဘယ်လို တွန်းပို့မလဲ ဆိုတာကို ကြည့်ရမှာပါ။

READ
attention ယူတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ပြန်လည် ဖြေရှင်းလိုက်တဲ့ ဟိန်းမင်းသူ

#Pari

လျှို့ဝှက်သည်းထိတ်ရင်ဖို supernatural ဇာတ်ကားကိုမှ ကြည့်ချင်ပါတယ်ဆိုရင်တော့ Pari ကို ကြည့်ပါ။မင်းသမီး ချော Anushka Sharma ပါဝင်ထားတာမို့ ကြည့်ဖို့ပိုပြီး ထိုက်တန်ပါတယ်။supernatural horror ကားလေး မို့ ဇာတ်ကားရဲ့ အညွန်းကိုတော့ အထွေ အထူး ညွှန်းမနေတော့ပါဘူး။လုံးဝ လုံးဝ ကို ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ။

#Ratsasan

Ratsasan ကတော့ ဒရမ်မာ Crime ဇာတ်ကားအမျိုးအစားပါ။မြှုပ်ကွက်လေးတွေနဲ့ psycho ဆန်ဆန် ဇာတ်ကားကို ကြည့် ချင်သူ တွေ ရွေးချယ်သင့်တဲ့ ဇာတ်ကားပါ။ဒါရိုက်တာ Ram Kumar က ရိုက်ကူးထားတာပါ။မိန်းကလေး ငယ်လေး တွေကိုမှ လိုက်သတ်နေတဲ့ ကွင်းဆက်လူသတ်သမားကို ခြေရာခံ ဖမ်းဆီးဖို့ ကြိုးစားတဲ့ ဇာတ် ကားလေးပါ။

#Blackmail

Dev ဆိုတဲ့ သူကတော့ ရုံးအလုပ်တွေကို လုပ်ရင်းအကြွေးတွေ ၀ိုင်းနေတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်၊အလုပ်မှာပဲ အချိန်ပေး ဘ၀ကို နစ်မြုပ်ထားသူပါ။တစ်နေ့မှာတော့ Dev တစ်ယောက် မိန်းမလုပ်သူက အိမ်ထောင်ရေး ဖောက် ပြန် နေတာကို သိသွားချိန်မှာတော့ ဘယ်လိုမျိုးလက်စားချေမလဲ…?သိချင်ရင်တော့ ဇာတ်ကားလေးကို ကြည့်လိုက်ပါ။လက် မလွှတ်သင့်တဲ့ ဇာတ်ကားတွေထဲမှာ BlackMail ကလည်း တကားအပါအ၀င်ပါ။

#Shwemom

SHARE