အိန္ဒိယဘုရင်မ Jhansi Ki Rani အကြောင်း ရိုက်ကူးထားတဲ့ နာမည်ကြီး Bollywood စီးရီး

Wikimedia commons

အိန္ဒိယနိုင်ငံဟာ တစ်ချိန်တုန်းက ဗြိတိသျှတွေရဲ့ လက်အောက်ခံနိုင်ငံတစ်နိုင် ဖြစ်ခဲ့တာကိုတော့ တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ အဲဒီလို အချိန်တုန်းက အိန္ဒိယနိုင်ငံသမိုင်းမှာ ဗြိတိသျှလူမျိုးတွေ တော်တော်လေးကို ကြောက်ရွံခဲ့ရတဲ့ ဘုရင်မတစ်ဦး ရှိခဲ့ဖူးပါတယ်။ သူကတော့ Jhansi Ki Rani လို့ အမည်ရတဲ့ ဘုရင်မတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ Shwemom ပရိသတ်ကြီးကို ပြောပြချင်တဲ့ စီးရီးဇာတ်ကားကတော့ အဆိုပါ ဘုရင်မအကြောင်း ရိုက်ကူးထားတဲ့ Jhansi Ki Rani လို့ အမည်ရတဲ့ နာမည်ကြီး Bollywood စီးရီးဇာတ်ကားပဲ ဖြစ်ပါတယ်။

 

(၂၀၀၉) ခုနှစ်မှာ ထွက်ရှိခဲ့တဲ့  အဆိုပါ စီးရီးဇာတ်ကားကိုတော့ Dharmesh လို့ အမည်ရတဲ့ နာမည်ကျော် Bollywood ဒါရိုက်တာကြီးတစ်ယောက်က ရိုက်ကူးခဲ့ပြီး တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ Bollywood သမိုင်းစီးရီးဇာတ်ကားပဲ ဖြစ်ပါတယ်။ Jhansi Ki Rani ဘုရင်မကြီးနေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးကတော့ နာမည်ကျော် Bollywood မင်းသမီး Kratika Sengar ပဲ ဖြစ်ပါတယ်။ Kratika ကတော့ My Father Godfather နဲ့ Read My Silence လို့ အမည်ရတဲ့ ဇာတ်ကား ၂ ကားနဲ့တင် Bollywood ပရိသတ်တွေကြား နာမည်ကြီးလာတဲ့ မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် Jhansi Ki Rani စီးရီးထဲမှာ Kratika သာမကပဲ Ulka Gupta, Sammeer Dharmadhikari, Amit Pachori အစရှိတဲ့ အနုပညာရှင်တွေပါ အားဖြည့် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

READ
iPhone၊ အချိုရည်ဘူးတို့ကိုတင်ကာ ပစ္စည်းရှိကြောင်းကြွားခဲ့တဲ့တရုတ်အမျိုးသမီး

ဇာတ်လမ်းသွားကတော့ Manikarnika လို့ အမည်ရတဲ့ ကောင်မလေးတစ်ယောက်ဆီမှာ ဇာတ်လမ်းစတည်ခဲ့တယ ဖြစ်ပါတယ်။ Manikarnika ဟာ ဖခင်ဖြစ်သူနဲ့ အတူတူနေထိုင်တဲ့ သာမန်မိန်းကလေးတစ်ယောက်ဖြစ်ပြီး ကဗျာစပ်တာတွေ၊ ပန်းချီရေးဆွဲတာတွေ အစရှိတဲ့ အနုပညာအလုပ်တွေကို အင်မတန် နှစ်သက်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို စိတ်ရှိပြီး သိမ်မေ့ယဉ်ကျေးတဲ့ မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ စိတ်ထဲမှာ ဗြိတိသျှလူမျိုးတွေကို အရမ်းကို ရွံရှာမုန်းတီးတဲ့ စိတ်ဓာတ်ရှိပါတယ်။ အဲဒီလို မိန်းကလေးမျိုးဟာ တစ်နေ့မှာ Jhansi ဘုရင်ကြီး Gangadhar Rao Newalkar နဲ့ လက်ထပ်ပြီး မိဖုရားတစ်ပါး ဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန်တုန်းက အိန္ဒိယနိုင်ငံဟာ ဗြိတိသျှလူမျိုးတွေရဲ့ လက်အောက်ခံဖြစ်တာကြောင့် Jhansi Ki Rani နဲ့ ဗြိတိသျှလူမျိုးတွေနဲ့ ထိပ်တိုက်တွေ့ဆုံပါတော့တယ်။ အဲဒီမှာ Jhansi Ki Rani တစ်ယောက် ဘယ်လိုမျိုး အခက်အခဲတွေနဲ့ ရင်ဆိုင် ကြုံတွေ့ရမလဲ၊ ပြည်သူတွေဖက်က ရပ်တည်ပြီး ဗြိတိသျှတွေကို ဘယ်လိုမျိုးတွေ ဒုက္ခပေးမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမယ့် စီးရီးဇာတ်ကား ဖြစ်ပါတယ်။ လက်ရှိထွက်ရှိထားတဲ့ Season 1 မှာတော့ စုစုပေါင်း အပိုင်း ၄၈၀ အထိ ထွက်ရှိထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် Jhansi Ki Rani စီးရီးဇာတ်ကားကိုတော့ Viu Myanmar App ကို Download လုပ်ယူပြီး ကြည့်ရှုနိုင်ပါတယ်။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင်တော့ Viu Premium အထူးကြည့်ရှုခွင့်ကို လစဉ် ကြေး မလိုပဲ ကြည့်ရှုနိုင်ပါတ ယ်။ အာရှတစ်ခွင်က ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲပေါင်းများစွာကို ၁ဝဝ% မြန်မာစာတန်းထိုးနဲ့ Viu မှာ ကြည့်ရှုလို့ ရပါတယ်။ ဒါကြောင့် Viu app ကို ဒီနေရာမှာ ဒေါင်းလုဒ်ရယူလိုက်ပါ။

READ
သိပ္ပံပညာရှင်များ၏အဆိုအရ Kelly Brookeသည်အလှပဆုံးခန္ဓာကိုယ်ပိုင်ရှင်ဖြစ်နေ

 

Pyi Hein Kyaw

SHARE