အသားဖြူ ဆေး ကြော်ငြာဖူးတဲ့ ဘောလိဝုဒ်အနုပညာရှင် တွေ ဝေဖန်ခံနေရ

Image:IG/celebrities

ဘောလိဝုဒ် အနုပညာရှင် တော်တော် များများ ကတော့ ကြောင်သူတော် တွေ လို့ တံဆိပ် ကပ်ခံ နေရာပါတယ်။ လူ မျိုးရေးခွဲ ခြားမှုတွေကို၊အသား အ ရောင်ခွဲ ခြားမှုတွေ ကို ဆန့်ကျင် တယ်လို့ ထုတ်ပြောလိုက်ပြီးနောက်မှာတော့ ဒီလို ပြောဆိုခံရတာပါ။ကိုယ်တိုင်ကျ အသားဖြူ ဆေး ကြော်ငြာနေပြီးအခုခါ မှ အသားအ  ရောင်  ခွဲခြားမှု တွေ ကို ဆန့် ကျင်တယ်လို့ အသံ ကောင်းဟစ်တယ်ဆိုပြီး အပြော ခံနေရတာပါ။အိန္ဒိယမှာတော့ အသားဖြူ စေတဲ့ အလှကုန် ဈေးကွ က် ဟာ တော်တော် လေး တွင်ကျယ်ပါတယ်။ဒီ အ ကြောင်းကိုတော့ Asiaone မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by Deepika Padukone (@deepikapadukone) on

ဝေဖန်ခံနေရတဲ့ အထဲမှာတော့ Priyanka Chopra အပါအ၀င် တခြား နာမည်ကြီး မင်းသမီး တွေ လည်း ပါ ၀င် ပါ တယ်။George Floyd သေဆုံးတဲ့ ဖြစ်ရပ်က  အစပြုပြီး ကမ္ဘာတစ်ဝန်းမှာ ဆန္ဒပြ တဲ့ ဖြစ်ရပ် တွေ ဖြစ် ပေါ် နေပါ တယ်။ဘောလိဝုဒ်ဆယ်လီတွေ ကလည်း လူမျိုးရေ ခွဲ ခြားမှုတွေ ကို ဆန့်ကျင်ကန့် ကွက် ကြောင်း Post တွေကို သူ တို့ရဲ့ ဆိုရှယ်မီဒီယာ ပေါ်မှာ တင်ခဲ့ကြပါတယ်။ Priyanka Chopra  ကတော့ သူမရဲ့ IG မှာ အသား အ ရေင် ခွဲ ခြားမှု တွေ ကို ဆန့်ကျင် ကြောင်း Post ကို တင်ခဲ့ပါတယ်။ဒါ ပေမယ့်လည်း သူမရဲ့ Post ကြောင့် လူချီးကျူး ခံရမယ့် အစား ဝေဖန်ထောက်ပြစရာ ဖြစ်ခဲ့ပါတယ်။

လူတွေ က သူမ အရင်တုန်းက အသားဖြူ ဆေး ကြော်ငြာ ခဲ့ဖူးတာကို ထောက်ပြ လာခဲ့ပါတယ်။(၂၀၀၈) ခုနှစ် က Fashion ဆိုတဲ့ ဇာတ်ကားထဲမှာ   လူမည်းတစ်ယောက်နဲ့ လိင်ဆက်ဆံတာကို  ရှက်တဲ့   ကိစ္စ ကိုပါ ထောက်ပြ လာခဲ့ပါတယ်။ဆိုရှယ်မီဒီယာ ပေါ်မှာ တော့ သူမရဲ့ Post ကိုတော့ လူမည်း တွေ ဘက်က ရပ်တည် တာကို တော့ ကျေးဇူးတင်ပါတယ်။အသားဖြူ ဆေး ကြော်ငြာ နေတာကို တော့ ရပ် ပေးသင့် တယ် ဆိုပြီး IG အသုံးပြု သူ တစ်ေ ယာက်က ထောက်ပြ ပြောဆိုလာခဲ့ပါတယ်။Chopra က တော့ Miss World  အလှမယ် ဟောင်း တစ်ယောက် ပါ။သူမက တော့ ဘောလိဝုဒ်ရော ဟောလိဝုဒ်မှာပါ အောင်မြင်သူပါ။သူမရဲ့ အရင်တုန်းက အင်တာဗျူး တွေမှာ အသားဖြူ အလှ ကုန် တွေ ကြော်ငြာမိလို့ နောင်တရ ကြောင်းနဲ့ သူမရဲ့ အညိုရောင် အသားအ ရေကို ဂုဏ်ယူ တယ် ဆိုပြီး ပြောခဲ့ပါတယ်။

အသားဖြူ ဆေးနဲ့ အလှကုန် တွေ ကြော်ငြာမိလို့ ဝေဖန်ခံ နေရတဲ့ သူတွေ ထဲမှာ တော့ Sonam Kapoor Ahuja, Deepika Padukone ၊ Disha Patani  တို့ လည်း ပါပါတယ်။လူမျိုးေ ရး ခွဲ ခြားမှု၊အသား အ ရောင် ခွဲ ခြားမှု ကို ဆန့်ကျင် ကြောင်း Post တော့ တင်ပြီး ကိုယ်တိုင် ကျ တော့ အသားဖြူ ဖို့ ကြော်ငြာ တယ်ဆိုပြီး ဝေဖန် ခံ နေရပါ တယ်။အသားဖြူ စေတယ်ဆိုပြီး ကြော်ငြာ နေတာ တွေ က နေ နောက်ပိုင်းမှာတော့ အသား အ ရောင် ခွဲ ခြား မှု ဆိုတဲ့ ဝေဖန် သံ တွေ ကြောင့် တချို့ Product တွေ က အသားဖြူ စေတယ်ဆိုတာ မျိုး မဟုတ်ပဲ အ သား အ ရောင်ကို တောက်ပ လေ စေတယ် ဆိုပြီး စကားအသုံးအနှုန်းကို ပြောင်းလဲ သုံးနှုန်းလာခဲ့ပါတယ်။

 

View this post on Instagram

 

🌻 @bazaarindia

A post shared by disha patani (paatni) (@dishapatani) on

#SHWEMOM

SHARE