စနက်တံတန်းလန်းနဲ့ ဒုတိယကမ္ဘာစစ်အတွင်းကဗုံးကို ဆစ်ဒနီဆိပ်ကမ်းမှာတွေ့ရှိခဲ့

ဗုဒ္ဓဟူးနေ့က ဆစ်ဒနီဆိပ်ကမ်းရေအောက်ထဲမှာ စနက်တံမဖြုတ်ရသေးတဲ့ ဗုံးတစ်လုံးကို တွေ့ရှိခဲ့တာကြောင့် ဆိပ်ကမ်းပိတ်ထားခဲ့ကြောင်း သိရပါတယ်။ အဆိုပါဗုံးကို မနက်(၁၁)နာရီအချိန်မှာ ရေငုပ်သမားတွေဖြစ်တဲ့ တိုနီနဲ့ ပေါလ်တို့ကတွေ့ရှိခဲ့တာပါ။

တိုနီက သူဟာအရင်တုန်းကလည်း ကျည်ဆံတွေနဲ့ရိုင်ဖယ်တစ်လက်ကိုပါ တွေ့ရှိဖူးခဲ့ကြောင်းဆိုခဲ့ပေမယ့် အခုလိုမျိုးတော့ မကြုံဖူးကြောင်း ပြောခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ဗုံးပေါက်ကွဲနိုင်ခြေ ရှိမရှိကို မသေချာတာကြောင့် နှစ်ယောက်သားရေ အောက်ထဲကနေ ဘာနဲ့မျှမထိခိုက်မိအောင်သေသေချာချာ ဆယ်ယူလာခဲ့ပါတယ်။

ထို့နောက်မှာတော့ ဗုံးကိုဓာတ်ပုံရိုက်ပို့ကာ ရဲတွေကိုဆက်သွယ်ခေါ်ယူခဲ့တာကြောင့် ရဲတွေရောက်လာခဲ့ပါတယ်။ ရဲတွေကတော့ ဗုံးဟာဒုတိယကမ္ဘာစစ်အတွင်းက ကျန်ရှိခဲ့တဲ့ဗုံးဖြစ်ကြောင်းဆိုပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိတစ်ဦးကတော့  Daily Mail Australia နဲ့ တွေ့ဆုံစဉ် ဗုံးဟာပြည်သူတွေအတွက် အသက်အန္တရာယ်မရှိဘူးလို့ ပြောခဲ့ပါတယ်။

သို့ပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆိပ်ကမ်းကိုပိတ်ထားခဲ့ပြီး စစ်လက်နက်ကျွမ်းကျင်သူတွေက ဗုံးကိုစစ်ဆေးခဲ့ပါတယ်။ တွေ့ရှိခဲ့တဲ့ဗုံးကိုတော့ သြစတေးလျကာကွယ်ရေးစစ်တပ်က သိမ်းယူထားကြောင်း သိရှိရပါတယ်။

READ
ကျောင်းသူဘ၀က သူမကိုအဓမ္မကျင့်ခဲ့သူနဲ့ ရုပ်သံအစီအစဉ်မှာ ထိတ်တိုက်ရင်ဆိုင်ခဲ့တဲ့အမျိုးသမီး

လင်းလင်း (ShweMom)

SHARE