၂၅ ကားမြောက် ဂျိမ်းစဘွန်းရုပ်ရှင် ရိုက်ကွင်းပေါ်မှာ အကြီးစားပေါက်ကွဲမှုဖြစ်ပွား

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က ၂၅ ကားမြောက် James Bond  ရုပ်ရှင်ကို ယူကေနိုင်ငံရှိ Pinewood Studios မှာ ရိုက်ကူးနေစဉ် ရိုက်ကွင်းပေါ်မှာ ကြီးမားတဲ့ မတော်တဆ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း The Sun သတင်းဌာနရဲ့ ဖော်ပြမှုအရသိရပါတယ်။

Jame Bond ရဲ့ တရားဝင် တွစ်တာက တစ်ဆင့်လည်း ဒီ ဖြစ်ပွားမှုအကြောင်းကို အသိပေး ဖော်ပြခဲ့ပါတယ်။ ဖော်ပြချက်အရ ထိန်းချုပ်ရေးစနစ်နဲ့ ဖောက်ခွဲမှုပြုလုပ်ရာမှာ လွဲချော်မှုဖြစ်ခဲ့ပြီး ပေါက်ကွဲမှုတစ်ရပ် ပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။ တစ်စုံတစ်ယောက်မှ ဒဏ်ရာမရခဲ့ဘူးလို့ ဖော်ပြခဲ့တဲ့တိုင် စတိတ်ရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ ရိုက်ကူးရေး အဖွဲ့ဝင်တစ်ယောက် အသေးစား ဒဏ်ရာရရှိခဲ့ကြောင်း တခြား သတင်းဖော်ပြမှုတွေလည်း ရှိခဲ့ပါတယ်။

အဲ့ဒီ့ ဒဏ်ရာရရှိသွားသူဟာ စမ်းသပ်ခန်းထဲ မီးလုံးတွေပါဝင်တဲ့ စတန့်ကို စမ်းလုပ်ချိန် အခုလို ဖြစ်ပွားခဲ့တာဖြစ်ကြောင်း The Sun သတင်းစာက ဖော်ပြထားပါတယ်။ ပေါက်ကွဲမှုဟာ သုံးကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး နံရံတွေ၊ စတိတ်စင်ရဲ့ အမိုးတွေ ပျက်စီးသွားကြောင်းသိရပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူတစ်ယောက် ဒဏ်ရာရပြီး လဲနေတာကိုတွေ့ခဲ့ပြီး ၄င်းကို အဆောက်အဦးရဲ့ အပြင်ဘက်ကို သယ်ထုတ်သွားကြောင်း သတင်းစာကဖော်ပြခဲ့ပါတယ်။

READ
4 လအရွယ် ကလေးငယ်ကို ကားပါကင်မှာ လာရောက်စွန့်ပစ်တဲ့ အမျိုးသမီး
360b / Shutterstock.com

အခုလို ပေါက်ကွဲမှုမဖြစ်ခင်ကလည်း မင်းသား Daniel Craig ဟာ ဂျမေကာနိုင်ငံမှာ ရိုက်ကူးရေး ပြုလုပ်ရင်း ဒူးအရွတ် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သူရဲ့ ခွဲစိတ်မှုကို ဆောင်ရွက်ရမှာဖြစ်တာကြောင့် ထုတ်လုပ်ရေးဟာလည်း တစ်ပတ်နားလိုက်တယ်ရလို့ သိရတယ်။

Matthew (ShweMOM)

SHARE