Bong Joon Ho ပြောတဲ့ “Parasite” မှာ Sex Scene ထည့်ရတဲ့ အကြောင်းအရင်း

Image:imdb /IG/theacademy

“Parasite” ရုပ်ရှင်ဇာတ်ကားထဲမှာ ထည့်သွင်းထားတဲ့ Sex Scene နဲ့ ပတ်သက်ပြီး ဝေဖန် သူ တစ်ချို့ရဲ့ ပြောဆို မှုတွေ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ဒီ Scene က တကယ်ပဲ လိုအပ်ရဲ့ လား၊မထည့်လဲ ရတာ ပဲ ဆိုပြီးဝေဖန် ခံခဲ့ရပါတယ်။ ဇာတ်ကားတစ်ခုလုံး မှာ တစ်ခန်းတည်းသော Sex Scene ပါ။ကိုရီးယားရဲ့ FILO film critique မဂ္ဂဇင်းကနေ နဲ့ အင်တာဗျူးမှာ အခုလို ပြောခဲ့ပါတယ်။ဆိုဖာပေါ်က Scene  ကြောင့်ပဲ ဒီဇာတ်ကားကို PG-13 အဖြစ် သတ်မှတ် ခဲ့ပါတယ်။

Image:IG/Bong Joon Ho

ဆိုဖာ ပေါ်က Scene ကို ဘာကြောင့် ထည့်လဲ ဆိုတာကိုတော့ ဒါရိုက်တာ Bong Joon Ho က အခုလို ရှင်းပြခဲ့ပါတယ်။” ဆိုဖာ ပေါ်က Sex Scene  က ကျတော် ဇာတ်ညွှန်းစာ ရေးတည်းက ဒီဇာတ်ကားအတွက် အလိုအပ်ဆုံး Scene တွေ ထဲက တစ်ခုပါ..” လို့ ပြောခဲ့ပါတယ်။ဘာကြောင့် အလိုအပ်ဆုံး Scene ဖြစ်ရသလဲ ဆိုတာကိုတော့ ဒါဟာ Kim တို့ အတွက် အရေးကြီးတဲ့ အလှည့် အပြောင်းဖြစ်စေတဲ့ Scene အထူးသဖြင့် Ki Taek အတွက် ဆိုပြီး ပြောခဲ့ပါတယ်။

Image:imdb

Parasite  ရုပ်ရှင်က တခြားလူတွေ ရဲ့ ဘ၀ထဲကို တမင်ရည်ရွယ်တာပဲ ဖြစ်ဖြစ် မရည်ရွယ် တာပဲ ဖြစ်ဖြစ် ခိုးဝင် ပတ်သက်မိတဲ့  ဇာတ်ကောင်တွေ ရဲ့ အဖြစ်ဆိုးပါ။အဖေ တစ်ယောက် က သူ့ သား၊သမီး တွေ နဲ့ အတူ R Rated ဇာတ်ကားကို ကြည့်တဲ့ အခါ မှာ စိတ်ထဲမှာ ဘယ်လောက်တောင်မှ အဆင် မပြေ ဖြစ်လိုက်မလဲ ဆိုတာ တွေးကြည့် လိုက်လေ.ဟုတ်တယ်မို့လား..။Park တို့ လင်မယား လိင်ဆက်ဆံ နေတာကို သား၊သမီးတွေ နဲ့ အတူ ကြည့်နေရတဲ့ Ki Taek ရဲ့ အဖြစ်က ဒီဇာတ်ကားရဲ့   ပြောင်းလဲမှု အလှည့် အပြောင်း တစ်ခုပါ။

READ
ပရိသတ်ကို အံ့သြမှင်သက်သွားစေတဲ့ Myanmar Idol က ဖြူဖြူကျော်သိန်းရဲ့ ဖက်ရှင်
Image:imdb

 

အဲ့ဒီအ ချိန် ခဏ လေးက Park တို့ နဲ့ Ki Taek ကို စိမ်းကားေ ၀းကွာသွေးစေတယ်။ဇာတ်ကား ထဲမှာ ထည့်ဖို့ တကယ့်ကို အရေးပါတဲ့ အခန်းတစ်ခန်းပါ ..။ပြီးတော့ ဒီ Sex Scene က ကြည့်တဲ့ သူတွေ၊ပရိသတ်တွေ ဆီကနေ စိတ်မသက်မသာ ဖြစ်၊အနေ ခက်တဲ့ တုံ့ပြန် မှု တွေကို ရ ခဲ့တယ်။ဒါရိုက်တာ လိုချင်တာလဲ ဒါပဲ။ဒီဇာတ်ဝင်ခန်း မှာက ညစ်ညမ်း ဇာတ်ကားတွေ က ပေးတဲ့ ရင်ဖို စိတ်လှုပ်ရှားမှုမျိုး ဆိုတာ သုညပဲ လုံးဝ မရှိဘူး။

 

View this post on Instagram

 

#Parasite

A post shared by 박소담 (@sodam_park_0908) on

Image:IG/Cho Yeo-jeong

ကျ တော်က အဲ့ဒီအစား ပရိသတ်တွေကို စိတ်ပင်ပန်း မှုကိုပဲ ပေးချင်၊ခံစားစေချင်တာ။မြန်မြန်ပြီးပါ စေ ဆိုပြီး ကြည့်တဲ့ သူတွေ ကပဲ အဲ့လို ခံစားရတာမျိုးကို လိုချင်တာ။ Ki Taek ခံစားနေရသလို အနေခက် မွန်းကျပ်မှု မျိုးကို ပရိသတ်တွေ ကိုပါ ခံစားရ စေချင်တာ။Music Director Jung Jae Il ကိုပါ အဲ့လို အသံ မျိုး ရဖို့ ကျ တော် အထူး တောင်းဆို ခဲ့တာ..” ဆိုပြီး ပြောခဲ့ပါတယ်။ Parasite ထဲမှာ Ki Taek ခံစား ရတဲ့ မွန်းကျပ်မှု မျိုးကို ကြည့်တဲ့ သူတွေ ပါ လိုက်ပါ ခံစားရ စေဖို့ အတွက် ဒီဇာတ်ဝင်ခန်းကို ထည့်ထားရတာပါလို့ Bong Joon Ho က ပြောခဲ့ပါတယ်။“Parasite”  ကတော့ ပြီးခဲ့တဲ့ အော်စကာ ဆုပေးပွဲမှာ Best Picture ဆု ၊ International Feature Film ဆုနဲ့ Best Director ၊ “Best Original Screenplay” ဆုတို့ကို ရခဲ့ပါတယ်။

READ
(၃)လလောက် မရယ်ပဲနေရမှာမို့ အခက်တွေ့နေတဲ့ နေခြည်ဦး
Image:IG/Cho Yeo-jeong

 

View this post on Instagram

 

#theoscars2020 #parasite 💫

A post shared by 조여정 Cho Yeo Jeong (@lightyears81) on

Source:Koreaboo

SHARE