Parasite ဇာတ်ကားမှာ သုံးထားတဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ ရဲ့ တန်ဖိုး

Image:Koreaboo & Academy

Parasite  ကိုရီးယားရုပ်ရှင်ဇာတ်ကားကတော့ အခုဆိုရင် ဟောလိဝုဒ် ရုပ်ရှင်လောကမှာပါ သမိုင်းမှတ် တိုင်သစ်တွေ စိုက်ထူနိုင်ခဲ့ပါတယ်။တကယ့်ဒိတ်ဒိတ် ကြဲ ဟောလိဝုဒ်ဇာတ်ကားတွေကို ကျော်တက်ပြီး အော်စကာ ဆုပေးပွဲမှာ Best Picture ဆုကို ရခဲ့ပါတယ်။တကယ်လည်း ဒီဆု နဲ့ ထိုက်တန်ပါတယ်။ဇာတ်ကားအတွက် ဇာတ်ညွှန်းကို အကောင်းဆုံး ပြင်ဆင်ခဲ့သလို ဇာတ်ကားထဲမှာ ထည့်ရိုက်ထားတဲ့ အသုံးအဆောင် ပစ္စည်းတွေ က အစ ဒါရိုက်တာ Bong Joon Ho က သေချာ အသေးစိတ် ပြင်ဆင် ရိုက်ကူးခဲ့တာပါ။

အာရှဇာတ်ကားတွေ ကမ္ဘာ့ အဆင့်မီ တယ်ဆိုတာကို ကောင်းကောင်းကြီး သက်သေ ပြခဲ့တာပါ။ဇာတ်ကား ကတော့ မျက်မှောက်ခေတ် မှာ ဖြစ်နေတဲ့ ဆင်းရဲ ချမ်းသာ လူတန်းစားနှစ်ရပ် ရဲ့ ကွာခြားမှုတွေကို ဖော်ပြ ရိုက်ကူးထားတာပါ။ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်း တစ်ခု ချင်းစီတိုင်းမှာ လူတန်းစားနှစ်ရပ်ရဲ့ ကွာခြားမှုကို အသေးစိတ် ပြထားပါတယ်။ဆင်းရဲ လွန်းတဲ့ Kim မိသားစုနဲ့ တကယ့်လူချမ်းသာ Park မိသားစု တွေရဲ့  ကွာခြားချက်တွေကို သုံးထားတဲ့ ပစ္စည်းတွေ က အစ  အသေးစိတ် ဂရုစိုက်ထားတာပါ။

READ
Nicki Minaj ကို ဖိနပ်နဲ့ ပေါက်လို့ တရားခံမပေါ်ဘဲ နှဖူးမှာ ဘုထွက်ခဲ့ရတဲ့ Cardi B
Image Source:Koreaboo

ဇိမ်ခံ အိမ်ကြီးတစ်လုံးမှာ ဇာတ်ကားရဲ့ Setting ကို တည်ထားတာပါ။Vulture နဲ့ အင်တာဗျူးမှာတော့ ရိုက်ကွင်း Setting အတွက် ဘယ်လို တွေ ပြင်ဆင် ခဲ့လဲဆိုတာကို Bong Joon Ho က ပြောခဲ့ပါတယ်။ ဇာတ်ဝင်ခန်း အသုံးအဆောင် ပစ္စည်းတွေ ကို လက်မှု ပညာရှင်တွေ အများကြီးနဲ့ သေချာ တိုင်ပင်ဆွေးနွေးပြီး ဖန်တီးခဲ့တာလို့ ဆိုပါတယ်။Setting နေရာကိုတော့ (၄)နေရာမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး နောက်ပိုင်းကျမှ ကဒ်တွေ ကို ပြန်ဆက်ပြီး အိမ်ကြီးတစ်ခု တည်းမှာ ရိုက်ထားသလို လုပ်ခဲ့တာပါ။Production designer ဖြစ်တဲ့  Lee Ha Jun  ကတော့ အိမ်ကြီးထဲမှာ ဘယ်လို ဈေးကြီးတဲ့ ပစ္စည်းတွေ  ထည့်ရမလဲ ဆိုတဲ့ ကိစ္စ အတွက် နေ့တိုင်းေ ခါင်းစားခဲ့ရပါတယ်။

Image Source:Koreaboo

အိမ်ကြီးထဲမှာ ထည့်သုံးထားတဲ့ ပရိဘောဂ ပစ္စည်းတွေ အကုန်လုံးကို လက်သမား အတက်ပညာရှင် Bahk Jong Sun နဲ့ အတူ ဖန်တီးခဲ့တာပါ။အိမ်ကြီးကို တင့်တယ်လှပ နေအောင် လို့ ရိုက်ကူးရေးစရိတ် သက်သာ အောင် ခိုတာ မျိုး မလုပ်ပဲ အကုန်အကျ ခံခဲ့ပါတယ်။ဧည့်ခန်းထဲမှာ သုံးထားတဲ့ စားပွဲရှည်ကြီး ကိုဆိုရင် ချယ်ရီသားနဲ့ လုပ်ထားတာဖြစ်ပြီး တန်ဖိုး ကတော့ အမေရိကန်ဒေါ်လာ ($19,800) ပါ။

Image Source:Koreaboo

မီးဖို ချောင်ထဲမှာ သုံးထားတဲ့ ထမင်းစား စားပွဲရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ($22,300) ပါ။

READ
ဇန်ဝါရီလမှာတင်ခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ အလန်းဆုံးဓါတ်ပုံများ စုစည်းမှု
Image Source:Koreaboo

စားပွဲ အပြင် ထိုင်ခုံတွေ ကတော့ ထိုင်ခုံတစ်လုံးကို ($2,100) ရှိပါတယ်။ကြေးထည် မီးအိမ် ရဲ့ တန်ဖိုးက ($14,000)

Image Source:Koreaboo

ကိုရီးယား ပန်းပုပညာရှင် Seung Mo Park  ရဲ့ ဖန်တီးမှု လက်ရာ တောအုပ်ကို ဖော်ပြ ထားတဲ့ ပန်းချီ လက်ရာ ကြီးကတော့ ($120,000) ၊ ကြောင်ပုံ ပန်းချီ ကတော့ ($50,000 USD) ပါ။

Image Source:Koreaboo

အသေးစိတ် လေးက အစ ဘယ်လောက်ထိ ပြင်ဆင်လဲ ဆိုရင်တော့ သုံးထားတဲ့ အမှိုက် ပုံးက အစ ဂျာမန်အမှိုက် ပုံးဖြစ်ပြီး တန်ဖိုး ($2300) ရှိပါတယ်။အမှိုက်ပုံးရဲ့ ဈေးနှုန်းကို သိလိုက်တုန်းက ဘယ်လို အရူးက များ အချိန်တန်ရင် အမှိုက် နံ့ ထွက်မယ့် အမှိုက် ပုံးကို ဒီလောက် ပေးပြီး ၀ယ်မှာလဲ ဆိုပြီး Bong Joon Ho ကိုယ်တိုင်က တောင် ထင်ခဲ့ပေမယ့် အသုံးပြုတဲ့ အခါ ချော မွေ့ မှု က ဈေးကြီးရတဲ့ အကြောင်းအရင်းဆိုတာကို သဘော ပေါက်သွားခဲ့ပါ တယ်။ ဇာတ်ကားထဲ ထည့်ရိုက်တဲ့ အခါမျိုးမှာ ရွှေ့လျားမှု၊လှုပ်ရှားမှုမှာ ပိုပြီး Effect ဖြစ်တာ ကို တွေ့တော့မှ  ဒါကြောင့် ဂျာမန် အမှိုက် ပုံး ဈေးကြီးတာပဲ ဆိုတာကို သိတော့တယ်ဆိုပြီး Bong Joon Ho က ပြောခဲ့ပါတယ်။

Image Source:Koreaboo

Source:Koreaboo

SHARE