ကမ္ဘာကျော် စုံတွဲတစ်တွဲရဲ့ ဘယ်သူမှမသိသေးတဲ့ အတွင်းရေးမှတ်တမ်းများ

ကမ္ဘာကျော်စုံတွဲတစ်တွဲဖြစ်တဲ့ Bonnie နဲ့ Clyde တို့စုံတွဲအကြောင်းကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြခဲ့ဖူးပါတယ်။ သူတို့နှစ်ဦးသားပူးပေါင်းခေါင်းဆောင်ကာ လူသတ်မှု၊ ဖောက်ထွင်းမှု၊ လုယက်မှုနဲ့ ဓားပြတိုက်ခြင်းတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုနေလာရင်း အာဏာပိုင်တွေဘက်မှ ပစ်ခွင့်အမိန်နဲ့ မြေလှန်ရှာကာ လိုက်လံဖမ်းဆီးခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံမှတ်တမ်းတွေကိုတော့ မြင်ဖူးနေကြဖြစ်ပေမယ့် လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းကမှ Clyde ရဲ့ ဆွေမျိုးရင်းချာတစ်ဦးထံမှ ဘယ်သူမှမတွေ့ဖူးသေးတဲ့ ဓာတ်ပုံမှတ်တမ်းတွေနဲ့ ကဗျာတစ်ပုဒ်ကို အများသိစေရန်ချပြခဲ့ပါတယ်။

၁၉၃၃ ခုနှစ် ရဲ့ အစိမ်းရောင်သားရေအဖုံးနဲ့ မှတ်စုစာအုပ်လေးဟာ Clyde ရဲ့ အစ်မတော်စပ်သူ Nell Barrow ဆီမှာ သူတို့နှစ်ဦး ကွယ်လွန်ပြီးနောက်ပိုင်း အမှတ်တရဖြစ်အောင်လို့ဆိုပြီး သိမ်းထားခဲ့တာပါ။ Nell Barrow သေဆုံးခါနီးမှာတော့ သားဖြစ်သူရဲ့လက်ထဲထည့်ကာ ထိန်းသိမ်းဖို့အတွက် ဝါးကွက်အပ်သွားခဲ့ပါတယ်။

သားဖြစ်သူဟာ ၁၉၆၈ ခုနှစ်ကတည်းက စာအုပ်ကိုစတင်ရခဲ့ပြီးနောက်မှာတော့ စတိုခန်းထဲမှာပဲ ဒီတိုင်းသိမ်းထားခဲ့ပါတယ်။ နှစ်တွေလည်းကြာလာပြီဆိုတာ့ ဒီအတိုင်းသိမ်းထားရင် အမှိုက်ဖြစ်မှာထက်စာရင် တန်ဖိုးထားမယ့် လူတစ်ယောက်ယောက်ရဲ့လက်ထဲကို ထည့်လိုက်တာပိုကောင်းမယ်လို့တွေးမိပြီး လူထုရှေ့ကို အခုလိုပဲချပြခဲ့တာဖြစ်ပါတယ်။

READ
(၂၂)နှစ်လုံးလုံးကမ်းခြေမှာပိုက်ဆံမကုန်ပဲ သဲရဲတိုက်ထဲနေထိုင်ခဲ့တဲ့အမျိုးသား

မှတ်စုစာအုပ်ထဲမှာ Bonnie နဲ့ Clyde တို့ရဲ့ တစ်ခါမှလူမမြင်ဖူးတဲ့ အဖြူအမည်းဓာတ်ပုံအချို့ရှိနေပြီး လက်ရေးနဲ့ကိုယ်တိုင်ရေးထားတဲ့ ကဗျာလေးတစ်ပုဒ်လည်း ပါဝင်နေပါတယ်။

HA.com

ကဗျာလေးဟာ Bonnie (Parker) ရဲ့ လက်ရေးနဲ့ ကိုယ်တိုင်ရေးထားခဲ့တဲ့ ကဗျာလေးဖြစ်ပါတယ်။ ခဲသားနဲ့ (၁၆) ပိုဒ်ပါကဗျာဖြစ်ပြီး Bonnie နဲ့ Clyde တို့ရဲ့ ရဲလက်မှထွက်ပြေးနေခဲ့စဉ် ဒုက္ခပေါင်းစုံနဲ့ကြုံဆုံရတဲ့ အခိုက်အတန့်လေးအကြောင်း ရေးဖွဲ့ထားခဲ့တာပါ။

ကဗျာထဲမှာ သူတို့နှစ်ယောက်စလုံးဟာ ဘယ်သူ့ကိုမှထပ်ပြီး ထိခိုက်မနာကျဉ်စေချင်ပေမယ့် သူတို့ဘဝဟာ ဖမ်းမိရင်လည်း လျှပ်စစ်ထိုင်ခုံပေါ်တက်ပြီး သေမိန့်အချခံရမှာမို့ တစ်မြို့လုံးကိုပစ်သတ်ပြီးမှ သူတို့လွတ်မယ်ဆိုတော့လည်း ရွေးချယ်စရာမရှိကြောင်း၊ မကြာခင်မှာ သူတို့နှစ်ဦးလုံးရဲ့အလောင်းတွေကို ဘေးချင်းယှဉ်လျက်ကာ မြေမြှုပ်တော့မှာဖြစ်ကြောင်း စသည်ဖြင့်ရေးထားခဲ့ပါတယ်။

Bournemouth News

သူတို့ရဲ့စိတ်ထဲက အားပြိုင်နေတဲ့အတွေးအခေါ်တွေ၊ ဘယ်လိုလွတ်မြောက်ရမလဲဆိုတဲ့ စိုးရိမ်စိတ်တွေကို ဒီကဗျာမှာအထင်းသား ပေါ်လွင်နေမှာပဲဖြစ်ပါတယ်။ ကဗျာရေးအပြီး (၈) လအကြာမှာတော့ ရဲများဟာ Bonnie နဲ့ Clyde တို့ကို အပြန်အလှန်ပစ်ခတ်မှုမှာ သေဆုံးအောင်ပစ်ခဲ့ကြပါတယ်။ ထ ကဗျာနဲ့အတူတွေ့ရတဲ့ Bonnie နဲ့ Clyde တို့ရဲ့ ဓာတ်ပုံတွေဟာဆိုရင်လည်း ပုံပေါင်း (၅၀) လောက်တောင် ရှိနေပါတယ်။

READ
အသက်(၃၃)နှစ်ကြီးတဲ့ချစ်သူကြောင့် မိသားစုနဲ့အဆက်အသွယ်ဖြတ်ခဲ့တဲ့ကောင်မလေး
HA.com

Bonnie နဲ့ Clyde တို့ရဲ့ Barrow ဂိုဏ်းဟာ ၁၉၃၂ နဲ့ ၁၉၃၄ ခုနှစ်တို့မှာ ဒုစရိုက်မှုတော်တော်များများကို အကြီးအကျယ်ကျူးလွန်ခဲ့ကြပြီး ရဲဝန်ထမ်း (၉) ယောက်အပါအဝင် အခြားသောလူသတ်မှုများကိုပါ ကျူးလွန်ခဲ့ပါသေးတယ်။

Bournemouth News

စာလုပ်လိုက်ကြီးကိုတော့ ယူရို ၂၃,၀၀၀ (ဒေါ်လာ ၃၀,၀၀၀) နဲ့ ရောင်းချမယ်လို့ ဈေးခေါ်ထားခဲ့ပြီး Heritage Auctions မှ တာဝန်ယူထိန်းသိမ်းထားပြိး မတ်လ (၃၀) ရက်နေ့မှာတော့ လေလံတင်ပွဲစမယ်လို့သိရပါတယ်။

Source: The Sun

Penny

SHARE