ရုပ်ရှင်ကားတွေအတွက် ရုပ်ရှင်လောကမှာ ဝေဖန်ရေးဆရာတွေရှိသလိုပဲ စာပေလောကမှာလည်း ဝေဖန်ရေးဆရာတွေဆိုတာလည်း အရေးပါတဲ့ကဏ္ဍမှာ ပါဝင်နေကြပါတယ်။ ဒါပေမဲ့တစ်ခါတစ်လေတော့လည်း ပရိတ်သတ်တွေကြိုက်တဲ့ ဇာတ်လမ်းတွေ၊ စာပေတွေဆို ဝေဖန်ရေးဆရာတွေရဲ့ ထောက်ပြချက်တွေမကောင်း၊ ဝေဖန်ရေးဆရာတွေကြိုက်တဲ့ဇာတ်ကားတွေဆို ပရိတ်သတ်အမြင်နဲ့က ပျင်းဖို့ကောင်းပြီး သဘောကမတွေ့စသည်ဖြင့် ရှိတတ်ပါသေးတယ်။ ဒါကတော့ တစ်ယောက်ချင်းစီရဲ့ ခံစားတတ်တဲ့ နှလုံးသားနဲ့သက်ဆိုင်မယ်လို့ ကျွန်တော်တော့ထင်မိပါတယ်။
Insider ကတော့ နယူးယောက်နံပါတ် ၁ ဖြစ်ခဲ့ဖူးတဲ့ best seller စာရင်းထဲမှ ဖော်ပြပေးလိုက်ပါတယ်။
F.Scott Fitzgerald ရဲ့ The Great Gatsby
ဝတ္ထုကတော့ စာပေဝါသနာပါတဲ့သူတွေနဲ့သာ တရင်းတနှီးရှိနိုင်ပေမယ့်လို့ Leonardo DiCaprio သရုပ်ဆောင်ထားခဲ့တဲ့ The Great Gatsby ရုပ်ရှင်ကိုတော့ အားလုံးနီးပါး မကြည့်ဖူးတောင် ကြားဖူးနားဝရှိကြမယ်လို့ ယုံကြည်ပါတယ်။ The Great Gatsby ဆိုတဲ့ ဝတ္ထုစာအုပ်ဟာ ၁၉၂၅ ခုနှစ်တုန်းက ထွက်ရှိထားခဲ့တာဖြစ်ပြီး ခြုံငုံပြောရမယ်ဆိုရင်တော့ အချစ်ဟောင်းရဲ့စိတ်ဝင်စားမှုကို ရဖို့ဆိုရင် ဘာမဆိုလုပ်မယ်ဆိုတဲ့ အမျိုးသားတစ်ယောက်ရဲ့ဇာတ်လမ်းပါ။ The Great Gatsby ဟာ ရုပ်ရှင်မဖြစ်သေးခင် ဝတ္ထုမှာကတည်းကိုက လူကြိုက်များကျော်ကြားခဲ့ပြီး အမေရိကာပေလောကရဲ့ အကောင်းဆုံးတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်းလည်း ခံထားရပြန်ပါသေးတယ်။ ဒါပေမဲ့လို့ ထုံးစံအတိုင်း ဝေဖန်ရေးဆရာတွေရဲ့ သဘောကိုတော့ လုံးလုံးကြီးမတွေ့စေခဲ့ပါဘူး။ ရှင်းရှင်းပြောရင် အထင်မကြီးတာမျိုးပေါ့။

Dan Brown ရဲ့ The Da Vinci Code
The Da Vinci Code ကတော့ အရောင်းရဆုံးစာအုပ်တစ်အုပ်အဖြစ်တင်သာမကဘဲ တချို့စာပေချစ်ပရိတ်သတ်တွေကတော့ ယဉ်ကျေးမှုဆိုင်ရာယန္တားကြီးလို့ ခေါင်းစဉ်တပ်တင်စားခဲ့ကြပါတယ်။ နောက်ပြီးလည်း အငြင်းပွားစရာကိစ္စတွေအများကြီး ထပ်ဖြစ်ခဲ့တာပေါ့။ ဘာသာရေးဆိုင်ရာဘာတွေပါ ပါလာခဲ့ပြီး ဝေဖန်ရေးဆရာတွေအပြင်ကိုမှ စာရေးဆရာအချင်းချင်းပါ ဝေဖန်ခံခဲ့ရတာပါ။ ဒါပေမဲ့ တချို့ကြိုက်တဲ့သူတွေကတော့ သူတို့အတွက် အကောင်းဆုံးဝတ္ထုစာအုပ်အဖြစ် တစ်ဘဝစာ သတ်မှတ်ထားခဲ့ကြပါတော့တယ်။

J.L. Rowling ရဲ့ Harry Potter and the Sorcerer’s’ Stone
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်တုန်းက Joanne Rowling ဆိုတဲ့ အမည်မသိစာရေးဆရာမတစ်ဦးဟာ Harry Potter and the Sorcerer’s’ Stone ဆိုတဲ့ နာမည်နဲ့ ဝတ္ထုတစ်ပုဒ်စထွက်ခဲ့ပါတယ်။ အဲဒါကတော့ Harry Potter စီးရီးရဲ့ဇာတ်လမ်းအစပေါ့။ အခုအချိန်မှာတော့ ကော်ပီအုပ်ရေပေါင်း သိန်း ၅၀၀ ကျော်ရောင်းချခဲ့ရပြီး သမိုင်းတစ်လျှောက်အင်းအားတောင့်အဆုံးလည်းဖြစ်လာခဲ့ပါပြီ။ Potterhead လေးတွေဟာလည်း ကမ္ဘာအနှံ့က နေရာတိုင်းမှာ အမာခံပရိတ်သတ်တွေအဖြစ် မားမားမတ်မတ်တည်ရှိနေခဲ့ကြပေမယ့်လို့ ဝေဖန်ရေးဆရာတွေရဲ့ မျက်လုံးထဲမှာတော့ Harry Potter ရဲ့အစ The Sorcerer’s’ Stone ကို တော့ အခုလိုပဲဝေဖန်ခဲ့ကြပါတယ်။ စာမျက်နှာတိုင်းမှာ ဇာတ်ကောင်တွေရဲ့ ပုံသဏ္ဍာန်၊အကျင့်စရိုက်တွေကို အလွန်အကျူးဖော်ထားတာတွေ၊ ခန့်မှန်းရလွယ်တဲ့ဇတ်လမ်းနဲ့ သဒ္ဒါပိုင်းဆိုင်ရာ အမှားတွေစတာတွေကို ပြင်းထန်စွာနဲ့ပဲ ဝေဖန်ထားခံခဲ့ရတာပါပဲ။

E L James ရဲ့ Fifty Shades of Grey
Fifty Shades of Grey ဟာလည်း အထူးသဖြင့် အသက်လတ်ပိုင်းအရွယ်အမျိုးသမီးတို့ရဲ့ တိတ်တခိုးကြိုက်နှစ်သက်ခဲ့ရတဲ့ ဝတ္ထုဇာတ်လမ်းလေးဖြစ်ခဲ့ပါတယ်။ အဓိကဇာတ်ကောင် Christian Grey ရဲ့ ပုံသဏ္ဍာန်ဟာ အမျိုးသမီးအများစုကို ရင်ဖိုစေခေဲ့ပေမယ့်လို့ ဝေဖန်ရေးဆရာတွေအတွက်တော့ ဒါဟာအနုပညာဆန်တဲ့စာပေလို့ သတ်မှတ်ဖို့တောင် ရင်တုန်ခဲ့ရပါတယ်။ Christian Grey ရဲ့ စိတ္တဇဖြစ်နေတဲ့ အမှောင်ဘက်အခြမ်းကို အဓိကဖော်ကြူးချင်တာမှန်ပေမယ့်လို့ တကယ်တမ်း ပရိတ်သတ်တွေဦးစားပေး ဖတ်ကြတာဟာ စကားလုံးတွေထဲက လိင်အသားပေးအကြောင်းအရာတွေသာ ဖြစ်ခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် E L James ရဲ့ Fifty Shades of Grey ဟာလည်း နယူးယောက်ရဲ့ နံပါတ်တစ် အရောင်းရဆုံးစာအုပ်အဖြစ် အချိန်တစ်ခုကြာအထိ ရပ်တည်နိုင်ခဲ့ပါတယ်။

Stephenie Meyer ရဲ့ Twilight စီးရီးဝတ္ထုစာအုပ်များ
သွေးစုတ်ဖုတ်ကောင်တွေ၊ သမန်းဝံပုလွေတွေနဲ့ လူ့လောကရဲ့အရှုပ်အထွေးတွေ၊ ချစ်ခြင်းမေတ္တာတရားတွေစတာတွေကို စိတ်ဝင်စားဖွယ်ရေးသားထားပြီး အဓိကဇာတ်ကောင်မိန်းမလေးဟာ ဆယ်ကျော်သက်အရွယ်ဖြစ်နေတာကြောင့်ရယ်၊သဘာဝလွန်ဖြစ်ရပ်တွေလည်း ပါနေတာကြောင့်ရယ် တကယ့်ကိုလူကြိုက်များတဲ့ဝတ္ထုဇာတ်လမ်းတွဲ ဖြစ်ခဲ့တာပါ။ ဝေဖန်သူတွေကတော့ ဇာတ်လမ်းဟာ ဆယ်ကျော်သက်မိန်းကလေးတော်တော်များများကို အလွန်အကျူးစိတ်ကူးယဉ်မှုတွေပေးစွမ်းခဲ့တာကြောင့် ဝေဖန်ရေးဆရာတွေရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်ခြင်းခံခဲ့ရပါတယ်။ တကယ်လည်း Twilight ခေတ်စားခဲ့တဲ့အချိန်တုန်းက ဆယ်ကျော်သက်ကောင်မလေးတွေရဲ့ ဒိုင်ယာရီမှာ vampire ကို အလွန်အကျွံစွဲလန်းပြီး လာကြိုက်ပါဆိုတဲ့ စာတွေနဲ့ပြည့်နှက်နေတာကိုး။

Penny