အတွင်းခံ စွန်ကြီးကို မှ ကြံကြံဖန်ဖန် ဖန်တီးခဲ့တဲ့ ဖိလစ်ပိုင် အမျိုးသား

Image:Fb/Neil Alcantara

ငယ်ငယ်တုန်းက ရောင်စုံ စွန်လေးတွေကို လွှတ်ပြီး ကစားခဲ့ဖူးလား..?စွန်လွှတ်ရတဲ့ ကစားနည်းက ကတော့ စိတ်ကို တည်ငြိမ် အေးချမ်းပြီး ပျော်စရာ အရမ်း ကောင်းတဲ့ ကစားနည်းပါ။ရောင်စုံ ပုံစံစုံ စွန်တွေမှာ အမြှီးတွေ တပ်ပြီး စွန် လွှ တ် ရတဲ့ အချိန် တွေ ကတော့ က လေးဘ၀ရဲ့ အပျော်ဆုံး အချိန် လေးတွေပါ။စွန် မှာတော့ များ သော အားဖြင့်  အေ ကာင်ပုံစံ၊ကာတွန်းဇာတ်ကောင် ပုံစံ စွန်လေး တွေနဲ့ အများဆုံးဆော့ကစားရတာပါ။ဖိလစ်ပိုင် နိုင်ငံက အမျိုးသား တ စ်ယောက် က တော့ ထူးခြားတဲ့ စွန်တမျိုးကို ဖန်တီးခဲ့ပါတယ်။ဒီ အ ကြောင်းကိုတော့ 9gag မှာ ဖော်ပြ ထားတာပါ။

Image:Fb/Neil Alcantara

သူဖန်တီးတဲ့ စွန် ကတော့ ရယ်လည်း ရပါတယ်။အတွင်းခံ ပုံစံ စွန်ကြီးကို ဖန်တီးခဲ့တာပါ။ဖိလစ်ပိုင်နိုင်ငံ Palawan ပြည်နယ်ရှိ Barangay Pulot စင်တာမှာ နေထိုင်တဲ့ Neil Alcantara က အဲ့လို စွန်ကို ဖန်တီး ခဲ့တာပါ။ဒီဇိုင်း ဆန်း တဲ့ စွန်ကြီး ကတော့ အားလုံးရဲ့ အထူးစိတ်ဝင်စားမှုကို ရခဲ့ပါတယ်။အတွင်းခံ စွန်ကြီးကိုတော့ ပလတ်စတစ် တွေနဲ့  ဖန်တီး ထားတာပါ။စွန်ရဲ့ အ  ရှေ့ဘက်ကိုတော့ ဖဲကြိုးအနီနဲ့ အလှ ဆင်ထားပါတယ်။အတွင်းခံ ပုံစံ မို့ ခပ် မိုက် မိုက် အတွင်းခံ ပုံမျိုးဖြစ်အောင် ဖဲကြိုးတွေနဲ့ပါ အလှဆင်ထားတာပါ။

READ
ဇနီးကို ဆက်စီကျတဲ့ ဆယ်လ်ဖီတွေရိုက်ပို့ခဲ့လို့ အင်တာနက်ပေါ်မှာနာမည်ကြီးနေသူ
Image:Fb/Neil Alcantara

အတွင်းခံ စွန်ကြီးရဲ့ ပုံတွေကိုတော့ Neil Alcantara က သူ့ရဲ့ FB မှာ တင်ထားတာပါ။စွန်ကြီးရဲ့ အရွယ်အစား ကတော့ (၁.၅)မီတာ ရှိပါတယ်။ကောင်းကင်မှာ ပျံဝဲ နေတဲ့ အတွင်းခံ စွန်ကြီးရဲ့ ပုံကိုပါ Neil Alcantara  ရဲ့ Fb မှာ ဝေမျှ ခဲ့တာပါ။

SHARE