Floppy Disks တွေကို လက်ရှိအချိန်ထိ အသုံးပြုနေဆဲဖြစ်တဲ့ ဘိုးရင်း 747 လေယာဉ်များ

YouTube_AerospaceVillage

တစ်ချိန်က နည်းပညာလောကမှာ အရေးပါတဲ့ နေရာမှာ ရှိခဲ့တဲ့  floppy disks တွေကအခုအချိန်မှာတော့ လုံးဝကို ပျောက်ကွယ်သွားတဲ့ အရာတွေဖြစ်နေခဲ့ပါပြီ။  floppy disks တွေ အသုံးပြုခဲ့တာက အချိန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယနေ့ခေတ်လူငယ်တွေအတွက်တော့ သိနိုင်မယ့် နည်းပညာပစ္စည်းတစ်ခုတော့ မဟုတ်တော့ပါဘူး။ ဒီလို  floppy disks တွေကို ယနေ့ထက်တိုင် အသုံးပြုနေဆဲ နေရာတစ်နေရာတော့ ရှိပါသေးတယ်။ အဲဒါကတော့ ဘိုးရင်း 747  လေယာဉ်တွေပေါ်မှာပဲဖြစ်ပါတယ်။

wikimedia commons

အဆိုပါ ဘိုးရင်း 747 လေယာဉ်တွေကို (၁၉၈၈) ခုနှစ်မှာ ပထမဆုံးမိတ်ဆက်ခဲ့ပြီး ယနေ့အချိန်အထိ  ၃.၅ လက်မအရွယ်ရှိတဲ့ floppy disk တွေကို အသုံးပြုပြီး အရေးပေါ်သတင်းပေးပို့ချက်တွေကို လုပ်ဆောင်နေဆဲပဲဖြစ်ပါတယ်။

ဗြိတိန်လေကြောင်းလိုင်းမှာ အသုံးပြုနေတဲ့ ဘိုးရင်း 747-400 လေယာဉ်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှုအောက်မှာ ပါဝင်ခဲ့ပြီး သူတို့ကို လုပ်ငန်းကနေ အငြိမ်းစားယူပစ်ဖို့ စီစဉ်ထားခဲ့တာပါ။ အဲဒီလေယာဉ်တွေရဲ့ သက်တမ်းက ၃၂ နှစ်အထိ ရှိပြီးလေယာဉ်ရဲ့ အတွင်းခန်းတွေကို မှတ်တမ်းအဖြစ် ရယူခဲ့စဉ်မှာပဲ အခုလို Floppy Disks တွေကို အသုံးပြုပြီးမောင်းနှင်နေဆဲ လေယာဉ်တစ်စင်းဖြစ်တယ်ဆိုတာ ရှာတွေ့ခဲ့ကြပါတယ်။ အနားယူသွားပြီဖြစ်တဲ့ အဲဒီလေယာဉ်ကြီးရဲ့ အတွင်းခန်းကို ရိုက်ထားတဲ့ ဗီဒီယိုထဲမှာ ရှေးခေတ်ကာလကပစ္စည်းတွေကို အသုံးပြုထားတာကိုတွေ့ရပြီး floppy discs တွေကိုပါ တွေ့ရမှာပါ။

အဆိုပါ ၃.၅ လက်မအရွယ်ရှိတဲ့ Floppy Diskတွေကို အရေးကြီးတဲ့ အချက်အလက်တွေ သိမ်းဆည်းရာနေရာမှာ အသုံးပြုလေ့ရှိတယ်လို့ သိပါတယ်။ ၂၈ ရက်တစ်ခါလောက် အမြဲတမ်း Update လာလုပ်လို့ ရှိသလို – တစ်လတစ်ကြိမ်လောက် အင်ဂျင်နီယာတွေက လာရောက်ပြီး ကူညီကြတယ်လို့ သိရပါတယ်။

YouTube_AerospaceVillage

အခုလက်ရှိအချိန်မှာတော့ လေကြောင်းလိုင်းတော်တော်များများက floppy discsတွေကို အသုံးမပြုကြတော့ပေမယ့် တချို့လေယာဉ်အဟောင်းတွေမှာတော့ floppy discs တွေကို အမြတ်တနိုးနဲ့ အသုံးပြုလေ့ရှိနေဆဲပဲ ဖြစ်ပါတယ်။

Ye Yint Kyaw

SHARE