ခြေထောက်မပါဘဲမွေးလာသူမို့ စွန့်ပစ်ခြင်းခံခဲ့ရတဲ့ ဟောလိဝုဒ်ရဲ့ကြယ်လေးတစ်ပွင့်

Kanya Sesser ရဲ့ဘဝကို လက်ရှိအခြေအနေနဲ့သာ ဆုံးဖြတ်မယ်ဆိုရင် သိပ်ကိုစိတ်ဓာတ်ခွန်အားပြည့်ဝပြီး ဇွဲမလျှော့ဘဲကြိုးစားတတ်သူလို့ ထင်ကြေးပေးမိမှာပါ။ ဒါပေမဲ့ Kanya ရဲ့ ဘဝနောက်ကြောင်းကိုသာ သိသွားခဲ့မယ်ဆိုရင်တော့ Kanya ရဲ့ အပြင်ပမ်းဆင်းရဲ့ဒုက္ခတွေထက် ပိုကြီးမားတဲ့ ဖြစ်ရပ်တွေရှိနေတာ သိသွားမှာပါ။

Instagram

Kanya ဟာ မွေးကတည်းက ခြေထောက်မပါဘဲမွေးလာခဲ့သူလေးမို့ မိဘအရင်းတွေကတောင် သူ့ကို မမွေးချင်ကြတဲ့အတွက် ထိုင်းနိုင်ငံ၊ Pak Chong ဒေသရဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းအနား လမ်းမပေါ်မှာ ပစ်သွားခဲ့တာပါ။ လသားအရွယ်လေးကတည်းက မိဘတွေရဲ့စွန့်ပစ်မှုကို ခံခဲ့ရတဲ့အတွက် အမှတ်အတိုင်းပြောရရင် Kanya အတွက် မိဘအရင်းဆိုတာ ဖြူသလား၊မည်းသလားတောင် အခုထက်ထိမသိနိုင်ခဲ့ပါဘူး။

Pak Chong

ဒီလိုမျိုးအပစ်ခံရတာပဲ Kanya အတွက်တော့ ကံကောင်းတယ်လို့တောင် ဆိုရမလားပါပဲ။ မိဘတွေလာပစ်ခဲ့တဲ့ အနားက ဘုန်းကြီးကျေင်းက Kanya ကိုခေါ်မွေးခဲ့ပြီး လအနည်းငယ်လောက်ကြာတဲ့အချိန်မှာတော့ မိသားစုတစ်စုကနေ Kanya ကို မွေးစားခဲ့ပါတယ်။ သွေးမတော်သားမစပ်ပေမယ့် လူမှန်းသိတတ်စကတည်းက Kanya မှာ မိသားစုဆိုလို့ မွေးစားတဲ့အိမ်ပဲရှိတဲ့အတွက် အရမ်းကို သံယောဇဉ်တွယ်ပြီး သွေးသွားအရင်းအချာသဖွယ် ချစ်ခဲ့ရပါတယ်။

READ
(၆)တန်းတုန်းက ဆရာမရဲ့တောင်းဆိုမှုကို မှတ်ထားပြီး အကောင်အထည်ဖော်ခဲ့တဲ့ကောင်မလေး

မွေးစားမိဘတွေက Kanya နည်းနည်းကြီးလာတော့ မွေးစားမိသားစုက အမေရိကကို ပြောင်းရွှေ့ခဲ့ရလို့ Kaya ဟာ မိဘတွေနဲ့အတူ အမေရိကကို ရောက်သွားခဲ့ပါတော့တယ်။ အင်္ဂလိပ်စကားကို မပြောတတ်ဘဲ အစိမ်းသက်သက်ရောက်သွားခဲ့တဲ့အပြင် သူမဟာ ခြေမစုံသူမို့ ပတ်ဝန်းကျင်အသစ်မှာ ဝင်ဆန့်နိုင်အောင်ကြိုးစားရုန်းကန်ခဲ့ရတာ အရွယ်နဲ့တောင်မလိုက်ခဲ့ပါဘူး။

Pak Chong

၉ နှစ်အရွယ်မှ အင်္ဂလိပ်စကားကို ပြောတတ်ဆိုတတ်ခဲ့တာကြောင့် ကျောင်းနေစဉ်မှာလည်း အခက်အခဲဖြစ်ခဲ့ရပါတယ်။ လက်တွဲခေါ်တဲ့ကျောင်းနေဘက်သူငယ်ချင်းတွေ ရှိခဲ့ပေမယ့် မွေးနေ့ပွဲတို့ ပျော်ပွဲရွှင်ပွဲတို့ဆိုရင် ဝင်မဆန့်မှာဆိုးတဲ့အတွက် မသွားရဲခဲ့ပါဘူး။ ဒါပေမဲ့ အထက်တန်းကြောင်း အရောက်မှာတော့ ငယ်ငယ်တုန်းကနဲ့ လုံးဝမတူတော့ဘဲ ပါတီတွေလိုက်တက်၊ သူငယ်ချင်းတွေနဲ့ အမြဲတမ်းဖော်ဖော် ရွေရွေနေခဲ့ပြီး ဆယ်ကျော်သက်ဘဝကို သာမန်လူတစ်ယောက်ထက်တောင် ပိုပျော်ရွှင်စွာဖြတ်သန်းခဲ့ဖြစ်ခဲ့တယ်လို့ အမှတ်တရတွေကို ပြန်ပြောခဲ့ပါတယ်။

ဆယ်ကျော်သက်ဘဝကတည်းက မော်ဒယ်အရမ်းဖြစ်ချင်ခဲ့တဲ့ Kanya အတွက် Oregon ဒေသမှ Dream Factory ဆိုတဲ့ အဖွဲ့အစည်းတစ်ခုကနေပြီး မော်ဒယ်အဖြစ် ဓာတ်ပုံရိုက်ပေးဖို့အတွက် အသက် ၁၅ နှစ်မှာ ဓာတ်ပုံခေါ်ရိုက်ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ Kanya ကို နာမည်ကျော်စေခဲ့ပြီး သူမလိုချို့ယွင်းချက် ရှိနေသူတွေအတွက် စိတ်ဓာတ်မကျစေဘဲ စိတ်ခွန်အားဖြစ်စေခဲ့တဲ့ အခွင့်အရေးမျိုးရခဲ့မယ်လို့ မထင်မှတ်ထားခဲ့ပါဘူး။

READ
မွေးစားမိဘတွေနဲ့ တွေ့ပြီးနောက် ကံကောင်းသွားခဲ့တဲ့ ခွေးလေး
Pak Chong

Kanya ဟာ အခုအချိန်မှာတော့ အသက် ၂၆ နှစ်ရှိနေပါပြီ။ အမျိုးသမီးအတွင်းခံတွေအတွက် ပင်တိုင်မော်ဒယ်အဖြစ် လုပ်ကိုင်ပေးနေပြီး ရုပ်ရှင်ကားအချို့မှာလည်း သရုပ်ဆောင်အဖြစ် ဝင်လုပ်နေပါတယ်။ ကျန်တဲ့အချိန်တွေမှာဆိုရင်တော့ Venie ကမ်းခြေမှာ စတန့်တွေလေ့ကျင့်လိုက်၊ စကိတ်ဘုတ်စီးလိုက်နဲ့ အချိန်ဖြုန်းလေ့ရှိတဲ့အပြင် စိတ်ဓာတ်ခွန်အားပြည့်စေမယ့် စကားတွေပြောရတဲ့ motivational speaker အဖြစ်လည်း လုပ်ကိုင်နေပါတယ်။

သူမရဲ့ကိုယ်ပိုင်လက်ဆွဲဆောင်ပုဒ်လေးကတော့ “No legs means no limits” ပဲဖြစ်ပါတယ်။

Pak Chong

source: Unilad

Penny

 

SHARE