ပေါင်ကြားကို အကန်ခံရတဲ့ ဘော့စနီးယား ဘောလုံးသမား ဝှေးစေ့တစ်လုံး ဆုံးရှုံး

CENTRAL EUROPEAN NEWS

ဘောစနီးယားဘောလုံးသမားတစ်ဦးဖြစ်တဲ့ Marin Galic ဟာ ပြီးခဲ့တဲ့ စက်တင်ဘာက ယှဉ်ပြိုင်ခဲ့တဲ့ ဘောလုံးပွဲတပွဲအတွင်းမှာ ပြိုင်ဘက် ကစားသမားတစ်ဦးရဲ့ ကန်ချက်ကြောင့် ဝှေးစေ့တက်ဒဏ်ရာနဲ့ ဆေးရုံတက်ကာ ခွဲစိတ်ကုသခဲ့ရတယ်လို့ The Sun သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

CENTRAL EUROPEAN NEWS

အသက် 22 နှစ်အရွယ် Galic ဟာ ဘော့စနီးယားဘောလုံးကလပ်အသင်းတစ်သင်းဖြစ်တဲ့ FC Zrinjski Mostar ရဲ့ ကစားသမားတစ်ဦးဖြစ်ပြီး၊ သူရဲ့ ပေါင်ကြားကို ပြင်ထန်စွာကန်ခြင်း ခံခဲ့ရပါတယ်။ ဒီကန်ချက်ကြောင့် ဝှေးစေ့တစ်လုံး ကြေမွှပျက်စီးခဲ့ရပြီး၊ ဖယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

CENTRAL EUROPEAN NEWS

Galic ဟာ Bosnia and Herzegovina Cup ဖလားပြိုင်ပွဲမှာ FC Sloga အသင်းနဲ့ ယှဉ်ပြိုင်ကစားစဉ် ပြိုင်ဘက်ကစားသမားက နောက်မှနေပြီး ဘောလုံးကို ဖျက်ထုတ်ခဲ့တာပါ။ ဒါပေမယ့် ဖျက်ထုတ်တဲ့ ကစားသမားက ခြေချော်ပြီး ဘောလုံးကို ထိမိခြင်းမရှိဘဲ Galic ရဲ့ ဝှေးစေ့ကို ထိမိခဲ့ပါတယ်။

ဒေသခံမီဒီယာတွေကတော့ ဒီပြင်းထန်တဲ့ ကန်ချက်ကြောင့် Galic ဟာ ဝှေးစေ့တစ်လုံး ဖယ်ထုတ်ခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။ ကံကောင်းတာက Galic ဟာ တစ်ခြား မည်သည့် ထိခိုက်မှုမျှ မရှိခဲ့ဘူးလို့ သိရပါတယ်။

READ
ရန်သူတွေရဲ့ဝှေးစေ့နဲ့ဦးနှောက်တွေကို လိင်စွမ်းအားတိုးဖို့စားသုံးခဲ့တဲ့အာဏာရှင်သမ္မတ

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE