ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်ရာတစ်ခုလိုဖြစ်နေတဲ့ ထိုင်ဝမ်က အသားကင်ရောင်းသူ

ချောမောလှပတဲ့ ထိုင်ဝမ်နိုင်ငံက အမျိုးသမီးတစ်ယောက် အသားကင်ရောင်းနေပုံကို ဧည့်သည်တစ်ယောက်က အွန်လိုင်ပေါ်တင်ပြီးတဲ့နောက် အခုဆို တော်တော်လေး လူသိများသွားပြီး ဆိုင်ကို လာတဲ့ ဧည့်သည်တွေလည်း ပိုပိုတိုးလာနေကြောင်းသိရတယ်။

facebook

အဲ့ဒီ့အမျိုးသမီးရဲ့ နာမည်ကို Ruo Yan လို့သိရပြီး အသက်ရွယ်အားဖြင့် ၃၆ နှစ်ရှိပြီလို့သိရပါတယ်။ အရင် မော်ဒယ်တစ်ယောက် အဖြစ်လုပ်ကိုင်ခဲ့ဖူးပြီး အမိုက် ခန္ဓာကို အချိုးအစားလည်းရှိတယ်။ သူမရဲ့ ၀န်ဆောင်မှုပေးနေတဲ့ ၂ မိနစ်စာ ဗီဒီယိုဟာ အခုဆို ကြည့်ရှုကြိမ် အရေအတွက် (၂၁,၀၀၀) ရှိနေပါပြီ။

facebook

ဆိုင်က တရုတ်နိုင်ငံ Alishan ဟိုင်းဝေးလမ်းပေါ်မှာတည်ရှိပြီး ရင်သားလှလှနဲ့ အမျိုးသမီးက စားသုံးသူတွေကို ၀န်ဆောင်မှုပေးနေပြီး အော်ဒါတွေကို လက်ခံပေးနေပါတယ်။ ဗီဒီယိုမှာလည်း ခန္ဓာကိုယ်အလှပေါ်တဲ့ အနက်ရောက် ရှပ်အင်္ကျီနဲ့ ဂျင်းပန်တို့ကို ၀တ်ဆင်ထားပြီး အစားအသောက်တွေ ပြင်ဆင်ပေးနေပုံကို စူးစိုက်ရိုက်ပြထားတာကို တွေ့ရပါတယ်။ အခုဆို သူမက ကမ္ဘာလှည့် ခရီးသွား ဆွဲဆောင်ရာတစ်ခုလိုတောင် ဖြစ်နေကြောင်းသိရတယ်။

READ
ချောကလက်နှစ်ခု ခိုးယူခဲ့ပြီးနောက် နှစ်(၄၀)အကြာမှာမှ ချောကလက်ဖိုး လာပေးတဲ့သူ
facebook
facebook
facebook

Yan က ထိုင်င်ဝမ်နိုင်ငံ တောင်ပိုင်းဒေသမှာ နေထိုင်တဲ့ Tsou တိုင်းရင်းသားမျိုးနွှယ်ဝင်တစ်ယောက်ဖြစ်တယ်။ သူမက အနုပညာအလုပ်တွေ ဆက်လုပ်မလုပ်တော့ဘဲ မိသားစုလုပ်ငန်းကို ကူညီလုပ်ကိုင်ပေးဖို့ ပြန်လာခဲ့တာလို့ သိရပါတယ်။

facebook
facebook

အခုဆို ဆွဲဆောင်မှုရှိတဲ့ ထိုင်ဝမ် အစားအသောက်ရောင်းသူဖြစ်နေရုံသာမက အွန်လိုင်းပေါ်မှာပါ စိတ်အာရုံတော်တော်များများကို ဖမ်းစားထားနိုင်သူပါ။ ထိုင်ဝမ်နိုင်ငံက တောင်တန်းတွေကို အလည်လာကြတဲ့သူတွေကလည်း သူမဆိုင်ဟာ မ၀င်မဖြစ် ၀င်ရမယ့်ဆိုင်တစ်ခုလို အားပေးလာကြတယ်ဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

Ref: Daily Mail, Shanghaiist

Matthew (ShweMOM)

 

 

SHARE