သိပ္ပံပညာရှင်တွေ ဖွင့်သင့် မဖွင့်သင့် အခုထိ အကြပ်ရိုက်နေတဲ့ ၄ ရာစုက ၀ိုင်ပုလင်း

စပီယား ၀ိုင် (သို့) Romerwein ၀ိုင် ပုလင်းဟာ အနာဂတ်မှာ ရှေးအကျဆုံးနဲ့ ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး ၀ိုင်ပုလင်း ဆိုပြီး ယနေ့ခတ် သမိုင်းပညာရှင်တို့  ငြင်းခုံလျက်ရှိနေတာ အခုထိဆို နှစ်တော်တော်ကြာအောင်ရှိခဲ့ပါပြီ။

CC-BY 2.0/ Flickr

ဒီ ပုလင်ကို ဖွင့်သင့်၊ မဖွင့်သင့်ဆိုတဲ့ ထင်မြင်ယူဆချက်တွေနဲ့လည်း နှစ်ဖွဲ့ကွဲနေတယ်လို့ သိရပါတယ်။ ဒီ ၀ိုင်ပုလင်းကို ဂျာမဏီနိုင်ငံက Historical Museum of the Palatinate ဆိုတဲ့ ပြတိုက်မှာ ထားရှိပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း (၁၆၅၀) ရှိပြီလို့ သိရတယ်။

ပုလင်းမှာ လင်းပိုင်ပုံ လက်ကိုင်လေးတွေပါရှိပြီး အဆို့ကို ဖယောင်းနဲ့ ပိတ်ထားပါတယ်။ ဒီ ပုလင်းရဲ့ ပါဝင်ပစ္စည်းအမယ်တွေမှာ သံလွင်ဆီက သုံး တစ်ပုံပါဝင်နေကြောင်း တွေ့ရှိခဲ့ကြတယ်။

CC-BY 2.0/ Flickr

ဒီ ၀ိုင်ပုလင်းကို ၁၈၆၇ ခုနှစ်မှာ ဂျာမဏီနိုင်ငံ Rihineland-Palatine ဒေသတွင် မြုပ်နှံထားတဲ့ စာရေးဆရာ တစ်ယောက်ရဲ့ အုတ်ဂူထဲကနေ တွေ့ရှိခဲ့တာဖြစ်တယ်။

READ
အာလူးရဲ့ လူသိပ်မသိသေးတဲ့ အသုံးဝင်ပုံများ

ဒီလို ၀ိုင်ပုလင်းနဲ့ မြှုပ်နှံခဲ့တာကိုကြည့်ခြင်းဖြင့် သေဆုံးသူဟာ အဲ့ဒီ့ခေတ်၊ အဲ့ဒီ့အခါတုန်းက ရာထူး ဂုဏ်ရှိန်ကြီးခဲ့တဲ့ သူတစ်ယောက်အဖြစ် သိနိုင်သလို၊ ရိုမန်တွေ့ရဲ့ ရှေးယုံကြည်မှု ဓလေ့တွေနဲ့ အခုလို မြှုပ်နှံခဲ့တာဖြစ်ကြောင့် သိရတယ်။

CC-BY 2.0/ Flickr

Speyer မြို့အနီးက သူရဲ့ အုတ်ဂူမှာ သူရဲ့ ဇနီးနှစ်ယောက်ပုံကို ထွင်ထုထားတာကိုလည်းတွေ့ရတယ်။ ဒီ ရှေးဟောင် ပုလင်းဟာ နှစ်ပေါင်းထောင်ချီရှိနေတဲ့ လူသားသမိုင်းနဲ့ ထုံးတမ်းတွေကို ကိုယ်စားပြု နေပါတယ်။ ရှေးခေတ် ရောမတွေဟာ ၀ိုင်နဲ့ ၀ိုင် ထုတ်လုပ်မှုကို အလွန် ၀ီရိယထား လေ့လာခဲ့ကြောင်းလည်း သိရတယ်။

ပထမ ကမ္ဘာစစ်အတွင်း ဓာတုပညာရှင်တွေက ဒီ ပုလင်းကို ခွဲခြမ်းစိပ်ဖြားခဲ့ကြပေမယ့် လုံးဝမဖွင့်ခဲ့ကြဘူးလို့သိရပါတယ်။ အဲ့ဒါကြောင့်လည်း အခုလို Speyer မြို့ စုဆောင်မှုတွေထဲ ထည့်ဖို့ ပြတိုက်ကို အပ်ခဲ့တာလို့ သိရတယ်။

READ
(၁၇) ရာစုက အနုပညာလက်ရာတွေအလား ရင်သပ်ရှုမောရတဲ့ ရေအောက်ဓာတ်ပုံများ

အချိန်ကြာလာလေလေ၊ သိပ္ပံပညာရှင်တော်တော်များက ဒီပုလင်ထဲက ပါဝင်အမယ်တွေကို လာလေ့ဖို့ ခွင့်ပြုမိန့်ရဖို့ မျှော်လင့်လေလေ ရှိနေကြပေမယ့် အခုထိတော့ ဘယ်သူမှ ဖွင့်ခွင့်မရကြသေးပါဘူး။

CC-BY 2.0/ Flickr

တစ်ချို့ အနုဇီဝပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေက ဒီ ပုလင်းက မဖွင့်သင့်ဘူးလို့ ဆိုနေကြပါတယ်။ ဖွင့်လိုက်တော့မှ လေနဲ့ ထိပြီး ပျက်စီးသွားမှာကို စိုးရိမ်နေကြတာလည်း ပါပါတယ်။ အရည်အတိုင်း ဆက်လက်တည်ရှိနေပေမယ့် ဒါကို စမ်းသပ်လို့ ရတယ်လို့ ထင်နေကြတဲ့တိုင် မသေချာတဲ့ ကိစ္စဖြစ်ကြောင်း မဖွင့်သင့်ဘူးဆိုတဲ့ ပညာရှင်တွေဘက်က ပြောဆိုနေကြပါတယ်။

ဒီ ၀ိုင်ချက်လုပ်မှု ရိုးရာက ရှေးခေတ် ဂရိတွေက ဆင်းသက်လာပြီး အဲ့ဒီ့ကမှ တစ်ဆင် ရောမလူမျိုးတွေကို အမွေဆက်ခံခဲ့ကြောင်း သိရတယ်။ လောလောဆယ်မှာတော့ ဒီ ရှေးဟောင်ဝိုင်းဟာ မသောက်သုံးသင့်တဲ့ ၀ိုင်အဖြစ် လက်ခံ ဖော်ပြထားပါတယ်။

Ref: The Vintage News

Matthew (ShweMOM)

 

SHARE