သတို့သမီးဝတ်စုံနဲ့ လှရက်နိုင်လွန်းတဲ့ ထိုင်းမင်းသမီးချောလေး Bow Maylada

Instagram/moniqueweddingbkk

ဒီမင်းသမီးချောလေးကတော့ မကြာသေးခင်ကမှ ပရိသတ်တွေရဲ့ ရင်ထဲကို လှုပ်ခတ်သွားစေခဲ့တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။ London Sweeties ဆိုတဲ့ ရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီးတဲ့နောက်မှာ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို စတင် ရရှိလာခဲ့သူပဲ ဖြစ်ပါတယ်။

သူမကတော့ အဆိုတော်တစ်ယောက်အဖြစ် ပွဲဦးထွက်ခဲ့သူ တစ်ယောက်ဖြစ်ပြီး ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ မော်ဒယ်လ်တစ်ယောက်လို့ ဆိုရင်လည်း မမှားပါဘူး။ သူမရဲ့ ပထမဆုံး ရုပ်ရှင် ဖြစ်တဲ့ London Sweeties ရဲ့ ဇာတ်ဝင်ခန်းတစ်နေရာကြောင့် သူမကို မြန်မာပြည်မှာဆိုရင် အိုးခိုင်မော့လေး ဟုလည်း လူသိများကြပါသေးတယ်။

https://www.instagram.com/p/B-pG20SghgA/

သူမကတော့ မကြာသေးခင်ကပဲ သတို့သမီးဝတ်စုံနဲ့ ကြေငြာတွေ ရိုက်ကူးခဲ့ပါသေးတယ်။ ထိုင်းနိုင်ငံမှာ ရှိတဲ့ မင်္ဂလာပွဲအခမ်းအနားတွေအတွက် ပြင်ဆင်ပေးတဲ့ Monique Wedding ကုမ္ပဏီအတွက် ကြေငြာ ရိုက်ကူးပေးခဲ့တာပါ။ သတို့သမီး ဝတ်စုံအမျိုးမျိုးနဲ့ လိုက်ဖက်လွန်းအောင် လှနေတဲ့ သူမကတော့ ပုရိသတွေအတွက်သာမက မိန်းကလေးတွေအတွက်ပါ အားကျ သဘောကျစရာ ပုံရိပ်လေး ဖြစ်နေပါတော့တယ်။

READ
တစ်ချိန်တုန်းက ညစ်ညမ်းရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ နာမည်ကြီး ဆယ်လီများ

https://www.instagram.com/p/B-pGJ61grrZ/

Monique Wedding ကလည်း သူမရဲ့ ရိုက်ကူးရေး နောက်ကွယ်က ပုံရိပ်လေးတွေကိုပါ ချစ်စဖွယ် သူတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်ကနေ တင်ထားခဲ့ပါသေးတယ်။

https://www.facebook.com/moniqueweddingbkk/videos/252401235901999

ပရိသတ်တွေလည်း နှစ်သက် သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။

Kham

 

SHARE