Box Office ရဲ့ ၀င်ငွေအကောင်းဆုံးဇာတ်ကား(၅)ကား ( 10 May 12)

ပြီးခဲ့တဲ့သီတင်းပတ်(May 10-12)ရက်နေ့တို့မှာ မြောက်အမေရိက Box Office ရဲ့ ၀င်ငွေအကောင်းဆုံးဇာတ်ကား အဖြစ် ဘယ်ဇာတ်ကားတွေက ရပ်တည် ခဲ့သလဲ ဆိုတာကို ဖော်ပြပေးချင်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွက် Box Office ရဲ့ ၀င်ငွေအကောင်းဆုံး ဇာတ်ကားတွေကတော့………

(5)Long Shot

ဝင်ငွေ အမေရိကန်ဒေါ်လာ ($ 6.1)သန်းနဲ့ နံပါတ် ငါးနေရာမှာရပ်တည်ခဲ့တာပါ။အမေရိကန်ဟာသ ရိုမန်တစ်ဇာတ် ကားပါ။ဒီဇာတ်ကားမှာတော့ Seth Rogen ၊ Charlize Theron ၊O’Shea Jackson Jr. ၊ Andy Serkis တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဘတ်ဂျက်သန်း $40 အကုန်အကျခံရိုက်ကူးထားတဲ့ ဇာတ်ကားပါ။Fred Flarsky  တစ်ယောက် သူ့ရဲ့ ပထမဆုံး Crush ဖြစ်တဲ့ ကမ္ဘာ့သြဇာအလွှမ်းမိုးနိုင်ဆုံး အမျိုးသမီး , Charlotte Field နဲ့ ပြန် လည်ဆုံတွေ့ခွင့်ရခဲ့ပါတယ်။သူမကတော့ သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင် နေတာပါ။ Charl otte က Fred ကို သူမရဲ့ မိန့်ခွန်းတွေကို ရေးတဲ့ speechwriter အဖြစ် ငှားရမ်းခဲ့ပါတယ်။သူတို့နှစ်ယောက် ကြားမှာ ဘယ်လို အချစ်ဟာသတွေ ပေါက်ဖွားလာမလဲ ဆိုတာကို ကြည့်ရမှာပါ။

(4)The Intruder (2019)

READ
ဒုက္ခရောက်နေသူတွေကို သွားရောက်ကူညီပေးပြီး စိတ်ကြည်နူးခဲ့ရတဲ့ ခိုင်နှင်းဝေ

ဝင်ငွေ အမေရိကန်ဒေါ်လာ ($ 6.6)သန်းနဲ့ နံပါတ် လေးနေရာမှာရပ်တည်ခဲ့တာပါ။ဒီဇာတ်ကားကတော့ ဆိုက်ကို သည်း ထိတ်ရင်ဖို ဇာတ်ကားအမျိုးအစားပါ။Michael Ealy ၊Meagan Good နဲ့ Joseph Sikora တို့ ပါဝင်သ ရုပ်ဆောင် ထားပါတယ်။ဘတ်ဂျက် $5–8  သန်းအကုန်အကျခံရိုက်ကူးထားတာပါ။လက်ထပ်ထားတဲ့ လူငယ်စုံ တွဲ တစ်တွဲဟာ မြေဧက အကျယ်ကြီးရှိတဲ့ မြေပေါ်က အရမ်းကို လှတဲ့ အိမ်လေးတစ်လုံးကို ၀ယ်ခဲ့ပါတယ်။ဒါပေမယ့် သူတို့ အိမ်ဝယ်လိုက်တဲ့ အမျိုးသားက ဒါသူ့ပိုင်နက်ဆိုပြီး ဖယ်ပေးဖို့ ငြင်းဆန်တဲ့ အခါမှာတော့………..။

(3)The Hustle

ဝင်ငွေ အမေရိကန်ဒေါ်လာ ($ 13.5)သန်းနဲ့ နံပါတ် သုံးနေရာမှာရပ်တည်ခဲ့တာပါ။အမေရိကန် ဟာသဇာတ်ကား လေးပါ။Anne Hathaway ၊ Rebel Wilson နဲ့  Alex Sharp တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။Anne Hathaway နဲ့  Rebel Wilson  တို့ကတော့ ချမ်းသာတဲ့ အမျိုးသားတွေကို ပစ်မှတ်ထားတဲ့ ရိုက်စား artists တွေ အဖြစ် သရုပ်ဆောင် ထားပါတယ်။

(2)Pokemon Detective Pikachu

ဝင်ငွေ အမေရိကန်ဒေါ်လာ ($ 58)သန်းနဲ့ နံပါတ် နှစ်နေရာမှာရပ်တည်ခဲ့တာပါ။စိတ်ကူးယဉ် လျှို့ဝှက် ဇာတ်ကားေ လးပါ။  Ryan Reynolds  ၊Justice Smith  နဲ့  Kathryn Newton တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဘတ်ဂျက် ကန်ဒေါ်လာ သန်း(၁၅၀) အကုန်အကျခံရိုက်ကူးထားတာပါ။

(1)Avengers: Endgame

READ
၂၀၀၀ ခုနှစ်နောက်ပိုင်း ရုပ်ရှင်ရိုက်ကူးရင်း သေဆုံးခဲ့ကြတဲ့ ရုပ်ရှင်သရုပ်ဆောင်များ

Avengers: Endgame ကတော့ အခုထိ နံပါတ်တစ်နေရာကနေ မဆင်းပဲ အောင်ပွဲ ခံနေတုန်းပါ။ဒီတစ် ပတ်မှာ တော့ ၀င်ငွေ အမေရိကန်ဒေါ်လာ ($ 63)သန်းနဲ့ နံပါတ် တစ်နေရာမှာရပ်တည်ခဲ့တာပါ။ထမဆုံးရုံတင်ပြသတဲ့ အဖွင့်မှာ တင်ပဲ ၀င်ငွေ သန်း($350) နဲ့ တစ်ကမ္ဘာလုံးမှာ ဆိုရင် ၀င်ငွေ( $1.2 ) ဘီ လီယံ တောင်ရခဲ့ပြီး ၀င်ငွေ စံချိန်သစ်တ င်နိုင်ခဲ့တဲ့ အထိ အောင်မြင်ခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့  Robert Downey Jr. ၊Chris Evans ၊Mark Ruffalo ၊ Chris Hemsworth    ၊Scar lett Johansson  နဲ့ Jeremy Renner တို့ ပါဝင်သရုပ်ဆောင် ထားပါတယ်။ဒီဇာတ်ကားကို ဘတ်ဂျက်($356 ) သန်း အကုန်အကျခံရိုက် ကူး ထားတာပါ။

SHARE