Box Office ရဲ့ ၀င်ငွေအကောင်းဆုံးဇာတ်ကားများ (8 to 10 March)

ပြီးခဲ့တဲ့သီတင်းပတ် မတ်(8-10)ရက်နေ့တို့မှာ မြောက်အမေရိက Box Office ရဲ့ ၀င်ငွေအေ ကာင်းဆုံး ဇာတ်ကား အဖြစ် ဘယ်ဇာတ်ကားတွေက ရပ်တည် ခဲ့သလဲ ဆိုတာကိုဖော်ပြပေး ချင် ပါတယ်။ပြီးခဲ့တဲ့သီတင်းပတ်အတွက် Box Office ရဲ့ ၀င်ငွေအကောင်းဆုံး ဇာတ်ကား တွေ ကတော့………

(5)Alita: Battle Angel

ဝင်ငွေ($ 3.2)သန်းနဲ့ နံပါတ်ငါး နေရာမှာ ရပ်တည်ခဲ့တာပါ။Battle Angel Alita လို့ လူသိများတဲ့ Yukito Kishiro ရဲ့  Manga Series ကို အခြေခံရိုက်ကူးထားတာပါ။ ဒါရိုက် တာ Robert Rodriguez ပါ။ Rosa Salazar ၊Christoph Waltz နဲ့ Jennifer Connelly တို့ပါဝင်ထားပါ တယ်။ဘတ်ဂျက် သန်း($170 ) အကုန်အကျခံရိုက် ကူးထား တဲ့ ဇာတ်ကားပါ။

(4)The LEGO Movie 2: The Second Part

ဝင်ငွေ ($3.8)သန်းနဲ့ နံပါတ်လေးနေရာမှာ ရပ်တည်ခဲ့ပါတယ်။သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားပါ။ဒါရိုက်တာကတော့ Mike Mitchell ပါ။အာကာသပြင်ဘက်မှာကျူးကျော်ဝင်ရောက်လာတဲ့ LEGO DUPLO တွေကြောင့် Bricksburg  ပြည်သူတွေ အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့ ဘယ်လိုမျိုးရင်ဆိုင်ရမလဲ၊ဘယ်လိုတွန်းလှန်မလဲ ဆိုတာကိ ကြည့်ရှုရမှာပါ။ ဘတ်ဂျက် ($99 )သန်း အကုန်အကျခံ ရိုက်ကူးထားတာပါ။

(3)Tyler Perry’s A Madea Family Funeral

READ
‘Despacito’ကို အမိုက်စား Performance နဲ့ သီဆိုတင်ဆက်ခဲ့တဲ့ Solar

ဝင်ငွေ($ 12)သန်းနဲ့ နံပါတ်သုံး နေရာမှာ ရပ်တည်ခဲ့တာပါ။ဒါရိုက်တာ Tyler Perry ရဲ့ ဟာသဇာတ်ကားလေးပါ။ Madea ရုပ်ရှင်စီးရီးတွေရဲ့ (၁၁)ခုမြောက်နဲ့ နောက်ဆုံး ဇာတ်ကားပါ။ ဒီကားမှာတော့ Perry  က Cassi Davis and Patrice Lovely.အမည်တပ်ထားတဲ့ ဇာတ်ကောင်တို့နေရာကနေ သရုပ်ဆောင်ခဲ့ပါတယ်။ မတ်(၁)ရက်နေ့ကမှ အမေရိကန်မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားပါ။ဘတ်ဂျက်သန်း(၂၀) အကုန်အကျခံရိုက်ကူးထားတာပါ။

(2)How to Train Your Dragon: The Hidden World

ဝင်ငွေ($ 14.7)သန်းနဲ့ နံပါတ်နှစ် နေရာမှာ ရပ်တည်ခဲ့တာပါ။Animation စိတ်ကူးယဉ်အက်ရှင် ဇာတ်ကား အမျိုးအစားပါ။နာမည်ကြီးစာရေးဆရာမ Cressida Cowell ရဲ့ How to Train Your Dragon: The Hidden World စာအုပ်ကို အခြေခံရိုက်ကူးထားတာပါ။ဒါရိုက်တာ Dean DeBlois ပါ။ဘတ်ဂျက် ($129)သန်း အကုန်အ ကျခံရိုက်ကူးထားတာပါ။

(1)Captain Marvel

READ
(၂၀၁၉)အော်စကာဆုပေးပွဲရဲ့ အကောင်းဆုံးပွဲတက် ဖက်ရှင်များ

ဝင်ငွေ($ 153)သန်းနဲ့ နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့ပါတယ်။Captain Marvel ကတော့ (၂၀၁၉) အမေရိကန် စူပါဟီးရိုးဇာတ်ကားပါ။Marvel Comics ဇာတ်ကောင် Carol Danvers ကို အခြေခံထားတာပါ။Marvel Stu dios  ကနေ ထုတ်လုပ်ပြီး Walt Disney Studios Motion Pictures ကဖြန့်ဖြူးတာပါ။Marvel Cinematic Universe (MCU) ရဲ့ (၂၁)ကားမြောက် ဇာတ်ကားပါ။ဒါရိုက်တာ Anna Boden နဲ့  Ryan Fleck ပါ။ဒီကား မှာတော့ Brie Larson က Danvers နေရာကနေ ပါဝင်ထားပါတယ်။Samuel L. Jackson, Ben Mendel sohn, Djimon Hounsou, Lee Pace…အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ဘတ်ဂျက်($152 ) သန်း အကုန်အကျခံရိုက်ကူးထားတာပါ။

Source Box office

SHARE