Box Office ရဲ့ ၀င်ငွေအကောင်းဆုံး ဇာတ်ကား (၅)ကား

ပြီးခဲ့တဲ့ သီတင်းပတ် (ဇန်န၀ါရီ 11  – 13 )ရက်နေ့အတွက် မြောက်အမေရိက Box Office ရဲ့ ထိပ်ဆုံးနေရာမှာ ရပ် တည်ခဲ့တဲ့ ဇာတ်ကားစာရင်း ထွက်ပေါ်လာခဲ့ပါပြီ။ပြီးခဲ့တဲ့ သီတင်းပတ်က ၀င်ငွေအကောင်းဆုံး ဇာတ်ကား တွေ အဖြစ် Top5 နေရာမှာ ရပ်တည်ခဲ့တဲ့ ဇာတ်ကားတွေကို ဖော်ပြပေးချင်ပါ တယ်။ဒါဆိုရင်တော့ ဘယ်ဇာတ်ကား ကောင်း တွေ က ၀င်ငွေ ဘယ်လောက်အထိ ရခဲ့လဲ…………….?

(5)Escape Room

Escape Room ကတော့ ကန်ဒေါ်လာ (8.9)သန်းနဲ့ နံပါတ် ငါးနေရာမှာ ရပ်တည်ခဲ့ပါတယ်။တစိမ်း (၆) ယောက်က သူတို့ရဲ့ ထိန်းချုပ်မှုအလွန်မှာရှိနေတဲ့ အခြေအနေတစ်ခုမှာ ရောက်နေမှန်းသူတို့ ကိုယ်သူတို့ရှာတွေ့ သွား ခဲ့ပါတယ်။ သူတို့ရဲ့ ဥာဏ်ကို သုံးပြီး သဲလွန်စကို ရှာဖွေပြီး လွတ်အောင်ရုန်းထွက်မယ့် ဇာတ်ကားမျိုးပါ။Psycho လျှို့ဝှက်သည်း ဖို ဇာတ်ကားမျိုးပါ။တစိမ်း(၆)ယောက်က ဒေါ်လာ တစ်သောင်းအနိုင်ရဖို့အတွက် ဘယ်လိုခက်ခဲတဲ့ ဥာဏ်စမ်း တွေ ကို ကျော်ဖြတ်ရမလဲ၊ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကို အသဲတစ်ထိတ်ထိတ်နဲ့ ရှုစားရမှာပါ။

READ
ချစ်သူ Jang Kiha နဲ့ လမ်းခွဲလိုက်တဲ့ IU

(4)Spider-Man: Into The Spider-Verse

Spider-Man: Into The Spider-Verse ကတော့ ၀င်ငွေကန်ဒေါ်လာ (9)သန်းနဲ့ နံပါတ်လေး နေရာမှာ  ရှိေ နခဲ့ပါတယ်။2018 American computer-animated superhero ဇာတ်ကားပါ။ Miles Morales ဆိုတဲ့ ဆယ်ကျော်သက်တစ်ယောက်က မြေအောက်ရထားဘူတာရုံမှာ ရေဒီယို သတ္တိကြွနေတဲ့ ပင့်ကူအကိုက်ခံ လိုက်ရ ပြီးေ နာက် ထူးဆန်းတဲ့ ပါဝါတွေရသွားပြီး ဘယ်လိုတွေ ပြောင်းလဲသွားမလဲ ဆိုတာကို ရိုက်ပြထားတာပါ။

(3)A Dog’s Way Home

ခွေးချစ်သူတွေ ကြည့်သင့်တဲ့ဇာတ်ကားပါ။A Dog’s Way Home ကတော့ ၀င်ငွေ ကန်ဒေါ်လာ (11.3)သန်း နဲ့ နံပါတ် သုံးနေရာမှာ ရပ်တည်ခဲ့တာပါ။ခွေးလေးက သူ့ရဲ့ ပိုင်ရှင်ကို ရှာဖို့ မိုင်ပေါင်း (၄၀၀)ကို ခရီးနှင်တဲ့ ဇာတ်ကား လေးပါ။

(2)Aquaman

နံပါတ်တစ်ကနေ မဆင်းတဲ့ Aquaman ကတော့ ဒီတစ်ပတ်မှာ (၁)နေရာကို ဖယ်ပေးလိုက်ပါပြီ။ဝင်ငွေ ကန်ဒေါ်လာ (17.2)သန်းနဲ့ နံပါတ် နှစ်နေရာကို ရောက်သွားခဲ့တာပါ။Aquaman ကတော့ (၂၀၁၈) အမေရိကန် စူပါဟီးရိုး ရုပ်ရှင်ပါ။ Warner Bros ကနေ ဖြန့်ချီခဲ့ဖူးတဲ့ DC ကာတွန်းဇာတ်ကောင်ကို အခြေခံထားတာပါ။ဒါရိုက်တာ ကတော့ James Wan ပါ။ Jason Momoa ကတော့ ဇာတ်ကောင် Aquaman နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါ တယ်။Amber Heard, Wille m Dafoe, Patrick Wilson, Dolph Lundgren တို့လည်း ပါဝင်ထားပါတယ်။

READ
ပရိသတ်တွေ မမှတ်မိလောက်အောင် လှနေလွန်းတဲ့ သင်္ကြန်မယ်လေး သံသာမိုးသိမ့်

(1)The Upside

 

The Upside ကတော့ဝင်ငွေကန်ဒေါ်လာ (19.6)သန်းနဲ့ နံပါတ်တစ်နေရာမှာ ရပ်တည်ခဲ့ပါတယ်။ဒရမ်မာ ဟာသ ဇာတ်ကား အမျိုးအစားပါ။ဒီဇာတ်ကားကတော့ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားတာပါ။Kevin Hart နဲ့  Bryan Cranston တို့ ပါဝင်ထားပါတယ်။ဒါရိုက်တာကတော့ Neil Burger ပါ။အကျဉ်းသားဟောင်း တစ်ယောက်နဲ့ အကြော သေနေတဲ့ ဘီလီယံနာတို့ရဲ့ ရယ်စရာကောင်းတဲ့ သူငယ်ချင်းဆက်ဆံရေးအကြောင်းကို ပုံဖော်ထားတာပါ။

 

Source boxoffice

SHARE