Box Office ရဲ့ ၀င်ငွေအကောင်းဆုံးဇာတ်ကားများ (1 March 3)

ပြီးခဲ့တဲ့သီတင်းပတ် မတ်(၁-၃)ရက်နေ့တို့မှာ မြောက်အမေရိက Box Office ရဲ့ ၀င်ငွေအေ ကာင်းဆုံး ဇာတ်ကားအဖြစ် ဘယ်ဇာတ်ကားတွေက ရပ်တည် ခဲ့သလဲ ဆိုတာကိုဖော်ပြပေး ချင် ပါတယ်။ပြီးခဲ့တဲ့သီတင်းပတ်အတွက် Box Office ရဲ့ ၀င်ငွေအကောင်းဆုံး ဇာတ်ကား တွေ ကတော့………

(5)Green Book

Green Book ဇာတ်ကားကတော့ ၀င်ငွေ ($4.7)သန်းနဲ့နံပါတ်ငါးနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒီဇာတ်ကားကတော့ ထွက်ရှိခဲ့တာ(၂၀၁၈)နိုဝင်ဘာ (၂၁) တည်းကပါ။အခုမှ Box Office ရဲ့ Top 5 စာရင်းထဲကို ရောက် လာခဲ့တာ ပါ။(၂၀၁၉)အော်စကာဆုပေးပွဲမှာ Best Picture ဆု၊Best Supporting Actor ဆု (Mahershala Ali)၊Best Original screenplay ဆု (Nick Vallelonga, Brian Currie, Peter Farrelly ) တို့ကို သိမ်းပိုက်နိုင်ခဲ့ ပါတယ်။အော်စကာဆုရဇာတ်ကားမို့ လူတွေက ပြန်ပြီးစိတ်ဝင်စားအားပေးလာကြတာပါ။ဘတ်ဂျက် ($23 )သန်း အကုန်အကျခံရိုက်ကူးထားခဲ့တာပါ။

READ
"ရိုက်ဖူးသမျှထဲမှာ အကြမ်းဆုံးဘဲ.." လို့ ဆိုလာတဲ့ နေခြည်ဦး

(4)The LEGO Movie 2: The Second Part

ဝင်ငွေ ($6.6)သန်းရခဲ့ပါတယ်။သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားပါ။ဒါရိုက်တာကတော့ Mike Mitchell ပါ။အာကာသပြင်ဘက်မှာကျူးကျော်ဝင်ရောက်လာတဲ့ LEGO DUPLO တွေကြောင့် Bricksburg  ပြည်သူတွေ အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့ ဘယ်လိုမျိုးရင်ဆိုင်ရမလဲ၊ဘယ်လိုတွန်းလှန်မလဲ ဆိုတာကိ ကြည့်ရှုရမှာပါ။ဘတ်ဂျက် ($99 )သန်း အကုန်အကျခံ ရိုက်ကူးထားတာပါ။

(3)Alita: Battle Angel

ဝင်ငွေ($ 7)သန်းနဲ့ နံပါတ်သုံး နေရာမှာ ရပ်တည်ခဲ့တာပါ။Battle Angel Alita လို့ လူသိများတဲ့ Yukito Kishiro ရဲ့  Manga Series ကို အခြေခံရိုက်ကူးထားတာပါ။ ဒါရိုက် တာ Robert Rodriguez ပါ။ Rosa Salazar ၊Christoph Waltz နဲ့ Jennifer Connelly တို့ပါဝင်ထားပါ တယ်။ဘတ်ဂျက် သန်း($170 ) အကုန်အကျခံရိုက် ကူးထား တဲ့ ဇာတ်ကားပါ။

(2)Tyler Perry’s A Madea Family Funeral

READ
ခပ်မိုက်မိုက်ပုံလေးတွေနဲ့ ပရိသတ်တွေရဲ့ အကြည့်တွေကို ဖမ်းစားလိုက်ပြန်တဲ့ မိုးမြင့်သဇင်

ဝင်ငွေ($ 27)သန်းနဲ့ နံပါတ်နှစ် နေရာမှာ ရပ်တည်ခဲ့တာပါ။ဒါရိုက်တာ Tyler Perry ရဲ့ ဟာသဇာတ်ကားလေးပါ။ Madea ရုပ်ရှင်စီးရီးတွေရဲ့ (၁၁)ခုမြောက်နဲ့ နောက်ဆုံး ဇာတ်ကားပါ။ ဒီကားမှာတော့ Perry  က Cassi Davis and Patrice Lovely.အမည်တပ်ထားတဲ့ ဇာတ်ကောင်တို့နေရာကနေ သရုပ်ဆောင်ခဲ့ပါတယ်။ မတ်(၁)ရက်နေ့ကမှ အမေရိကန်မှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားပါ။

(1)How to Train Your Dragon: The Hidden World

ဝင်ငွေ($ 30)သန်းနဲ့ နံပါတ်တစ် နေရာမှာ ရပ်တည်ခဲ့တာပါ။Animation စိတ်ကူးယဉ်အက်ရှင် ဇာတ်ကား အမျိုးအစားပါ။နာမည်ကြီးစာရေးဆရာမ Cressida Cowell ရဲ့ How to Train Your Dragon: The Hidden World စာအုပ်ကို အခြေခံရိုက်ကူးထားတာပါ။ဒါရိုက်တာ Dean DeBlois ပါ။ဘတ်ဂျက် ($129)သန်း အကုန်အကျခံရိုက်ကူးထားတာပါ။

Source Box Office

SHARE