ပြီးခဲ့တဲ့သီတင်းပတ်(May 3-5)ရက်နေ့တို့မှာ မြောက်အမေရိက Box Office ရဲ့ ၀င်ငွေအကောင်းဆုံးဇာတ်ကား အဖြစ် ဘယ်ဇာတ်ကားတွေက ရပ်တည် ခဲ့သလဲ ဆိုတာကို ဖော်ပြပေးချင်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွက် Box Office ရဲ့ ၀င်ငွေအကောင်းဆုံး ဇာတ်ကားတွေကတော့………
(5)Captain Marvel
ဝင်ငွေ အမေရိကန်ဒေါ်လာ ($4.2)သန်းနဲ့ နံပါတ်ငါးနေရာမှာရပ်တည်ခဲ့တာပါ။Captain Marvel ကတော့ (၂၀၁၉) အမေရိကန် စူပါဟီးရိုးဇာတ်ကားပါ။Marvel Comics ဇာတ်ကောင် Carol Danvers ကို အခြေခံထား တာပါ။ဒီကား မှာတော့ Brie Larson က Danvers နေရာကနေ ပါဝင်ထားပါတယ်။Samuel L. Jackson, Ben Mendel sohn, Djimon Hounsou, Lee Pace…အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ဘတ်ဂျက် ($152 ) သန်း အကုန်အကျခံရိုက်ကူးထားတာပါ။
(4)Uglydolls
ဝင်ငွေ အမေရိကန်ဒေါ်လာ ($8.5)သန်းနဲ့ နံပါတ်လေးနေရာမှာရပ်တည်ခဲ့တာပါ။ဒီကားကတော့ (၂၀၁၉) Ameri can computer-animated musical comedy film ဇာတ်ကားအမျိုးအစားပါ။ဒါရိုက်တာကတော့ Kelly Asbury ပါ။ဘတ်ဂျက် ($45–53 ) သန်း အကုန်အကျခံရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားပါ။
(3)Long Shot
ဝင်ငွေ အမေရိကန်ဒေါ်လာ ($ 10)သန်းနဲ့ နံပါတ် သုံးနေရာမှာရပ်တည်ခဲ့တာပါ။အမေရိကန်ဟာသ ရိုမန်တစ်ဇာတ် ကားပါ။ဒီဇာတ်ကားမှာတော့ Seth Rogen ၊ Charlize Theron ၊O’Shea Jackson Jr. ၊ Andy Serkis တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဘတ်ဂျက်သန်း $40 အကုန်အကျခံရိုက်ကူးထားတဲ့ ဇာတ်ကားပါ။
(2)The Intruder (2019)
ဝင်ငွေ အမေရိကန်ဒေါ်လာ ($ 11)သန်းနဲ့ နံပါတ်နှစ်နေရာမှာရပ်တည်ခဲ့တာပါ။ဒီဇာတ်ကားကတော့ ဆိုက်ကို သည်း ထိတ်ရင်ဖို ဇာတ်ကားအမျိုးအစားပါ။Michael Ealy ၊Meagan Good နဲ့ Joseph Sikora တို့ ပါဝင်သရုပ်ဆောင် ထားပါတယ်။ဘတ်ဂျက် $5–8 သန်းအကုန်အကျခံရိုက်ကူးထားတာပါ။
(1)Avengers: Endgame
ဝင်ငွေ အမေရိကန်ဒေါ်လာ ($145.8)သန်းနဲ့ နံပါတ်တစ်နေရာမှာရပ်တည်ခဲ့တာပါ။ပထမဆုံးရုံတင်ပြသတဲ့ အဖွင့်မှာ တင်ပဲ ၀င်ငွေ သန်း($350) နဲ့ တစ်ကမ္ဘာလုံးမှာ ဆိုရင် ၀င်ငွေ( $1.2 ) ဘီ လီယံ တောင်ရခဲ့ပြီး ၀င်ငွေ စံချိန်သစ်တ င်နိုင်ခဲ့တဲ့ အထိ အောင်မြင်ခဲ့ကာ အခုလည်း $145.8 သန်းနဲ့ ဆက်ပြီး အောင်ပွဲခံနေတုန်းပါ။ ဒီဇာတ်ကားမှာတော့ Robert Downey Jr. ၊Chris Evans ၊Mark Ruffalo ၊ Chris Hemsworth ၊Scar lett Johansson နဲ့ Jeremy Renner တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားကို ဘတ်ဂျက်($356 ) သန်း အကုန်အကျခံရိုက် ကူး ထားတာပါ။
Source Box Office