ပြီးခဲ့တဲ့တစ်ပတ်အတွင်း Box Office ရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကား Top-5 စာရင်း

ပြီးခဲ့တဲ့ သီတင်းပတ် (နိုဝင်ဘာ ၃၀- ဒီဇင်ဘာ ၂)ရက်နေ့အတွက် မြောက်အမေရိက Box Office ရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့တဲ့ ဇာတ်ကားစာရင်း ထွက်ပေါ်လာခဲ့ပါပြီ။ အဲ့ဒီအထဲကမှ Top 5 နေရာမှာ ရပ်တည်ခဲ့တဲ့ ဇာတ်ကားတွေကို ဖော်ပြပေးချင်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွက် ၀င်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် နံပါတ် ၁ နေရာမှာ ရပ်တည်ခဲ့တဲ့ ဇာတ်ကားကတော့ Ralph Breaks the Internet ပါ။

#1 Ralph Breaks the Internet 

ဝင်ငွေ (၂၅.၇)သန်းနဲ့ နံပါတ်တစ်နေရာမှာ ရှိနေခဲ့ပါတယ်။ ဒီတစ်ပတ်မတိုင်ခင် နိုဝင်ဘာ (23-25) တုန်းကလည်း နံပါတ် တစ်နေရာမှာ ရှိနေခဲ့တာဖြစ်တာကြောင့် ဒါနဲ့ပါဆိုရင် နှစ်ပတ်ဆက်တိုက် နံပါတ်တစ်နေရာမှာရှိနေတာပါ။ Ralph Breaks the Internet ကတော့  2018 American 3D computer-animated ဟာသ ဇာတ်ကားပါ။ ဒီကားကိုတော့ Walt Disney Animation Studios ကနေ ထုတ်ထားတာပါ။ Wreck-It Ralph စီးရီးရဲ့ ဒုတိယမြောက် ကားပါ။ ဒါရိုက်တာတော့ Rich Moore နဲ့ Phil Johnston ပါ။

#2 Dr. Seuss’ The Grinch (2018)

Dr. Seuss’ The Grinch (2018) ကတော့ ၀င်ငွေ (၁၇.၇)သန်းနဲ့ နံပါတ်နှစ်နေရာမှာ ရှိနေတာပါ။ ဒီကားကတော့ အမေရိကန်3D computer-animated ခရစ်စမတ်ဇာတ်ကားလေးပါ။ (1957)ခုနှစ်တုန်းက Dr. Seuss ရဲ့ စာအုပ် How the Grinch Stole Christmas! ကို အခြေခံပြီး ရိုက်ကူးထားတာပါ။

#3 Creed II

Creed II ကတော့ (၁၆.၈)သန်းနဲ့ နံပါတ်သုံးနေရာမှာ ရှိနေတာပါ။ (၂၀၁၈) အမေရိကန် Sport ဒရမ်မာကားဖြစ်ပြီး ဒါရိုက်တာ Steven Caple Jr. ရိုက်ကူးထားတာပါ။ ဇာတ်ညွှန်းကတော့  Sylvester Stallone နဲ့ Juel Taylor ပါ။ Rocky Balboa ရဲ့ သင်ပြမှုအောက်မှာ heavyweight  ယှဉ်ပြိုင်သူ Adonis Creed က Viktor Drago ရဲ့ သား Ivan Drag ကို ရင်ဆိုင်တဲ့ အကြောင်းလေးပါ။

READ
မျက်နှာပြုပြင်ပြီးနောက် အရင်ကလောက် မချော/မလှတော့တဲ့ ကိုရီးယားအနုပညာရှင်များ

#4 Fantastic Beasts: The Crimes of Grindelwald

Fantastic Beasts: The Crimes of Grindelwald ကတော့ ၀င်ငွေ(၁၁.၂)သန်းနဲ့ နံပါတ် (၄)နေရာမှာ ရှိနေတာပါ။ ဒါရိုက်တာ David Yates ဖြစ်ပြီး စာရေးဆရာမ J. K. Rowling ရဲ့ လက်ရာပါ။ Johnny Depp, Eddie Redmayne, Jude Law, Ezra Miller…အစရှိတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ Fantastic Beasts – 2  Trailer နဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ ချစ်စရာ မြွေမလေး Claudia Kim လည်းပါ ပါတယ်။

READ
(၂၀၁၈)ရဲ့ အချမ်းသာဆုံး Victoria’s Secret Models (၁၀)ယောက်

#5 Bohemian Rhapsody

Bohemian Rhapsody ကတော့ (၈.၁)သန်းနဲ့ နံပါတ် (၅)နေရာမှာ ရှိနေတာပါ။ Box Office ရဲ့ Top 5 စာရင်းမှာ သီတင်းပတ် တော်တော်ကြာတဲ့အထိ ပါဝင်နေတာကို တွေ့ရပါတယ်။ ဒီကား ကတော့ ကမ္ဘာကျော် Queen အဖွဲ့ရဲ့ ဖြစ်ပေါ်လာပုံနဲ့ Queen အဖွဲ့ရဲ့ ပင်တိုင်အဆိုတော် Freddie Mercury ရဲ့ ဘဝ အကြောင်း၊ (၁၉၈၅)ခုနှစ် တုန်း က Wembley Stadium မှာ ကျင်းပခဲ့တဲ့  Queen’s Live Aid performance  အကြောင်းတို့ကို ရိုက်ကူး ပုံဖော်ထားတာပါ။

Source: Box Office

SHARE