Box Office ရဲ့ ၀င်ငွေ အကောင်းဆုံးဇာတ်ကားဖြစ်လာတဲ့ Jumanji: The Next Level

Image:imdb

ပြီးခဲ့တဲ့ သီတင်းပတ်မှာ မြောက် အမေရိကရဲ့ ၀င်ငွေ အကောင်းဆုံး ဇာတ်ကား အဖြစ် ရပ်တည် ခဲ့တဲ့ ဇာတ်ကားစာရင်းကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ဝင်ငွေ အကောင်းဆုံး နေရာကို ရခဲ့တဲ့ Top 5 ဇာတ်ကားစာရင်းကို ဖော်ပြ ပေးချင်ပါတယ်။

(5)Black Christmas

ဝင်ငွေ ($4.42)သန်းနဲ့ နံပါတ်ငါးနေရာကို ရခဲ့တာပါ။ဇာတ္ကားကော့ Horror ဇာတ္ကား အမ်ိဳးအစားပါ။ခရစ်စမတ်အားလပ်ရက်မှာခရီး ထွက်လာတဲ့ အမျိုးသမီး ကျောင်းသူ အဖွဲ့ ရဲ့ နောက်ကို တစိမ်းတစ်ယောက်က လိုက်လာခဲ့ပါတယ်။သာမန် Stalker မဟုတ်တဲ့ အခါ ဘယ်လိုတွေနဲ့ ကြုံရမလဲ ဆိုတာကို ရိုက်ပြထားတာပါ။

(4) Richard Jewell

ဝင်ငွေ (၅)သန်းနဲ့ နံပါတ် (၄) နေရာမှာရှိနေခဲ့ပါတယ်။Richard Jewell ကတော့ (၂၀၁၉)ခုနှစ်အမေရိကန် အတ္ထုပ္ပတိ ဇာတ်ကား အမျိုးအစားပါ။Richard Allensworth Jewell ဆိုတဲ့ အမေ ရိကန် ရဲအရာရှိ၊လုံခြုံ  ရေး အ စောင့် တစ်ယောက် ပါ။AT&T အတွက် လုံခြုံရေးလုပ်ပေးနေချိန်မှာ Centennial အိုလံပစ်ပန်းခြံ ဗုံးခွဲ ခံရမှု နဲ့ ဆက်စပ်ပြီး သူရဲကောင်းဖြစ်လာတဲ့ Richard ရဲ့ အကြောင်းကို ရိုက်ထားတာပါ။

READ
Brad Pitt နဲ့ Charlize Theron တို့ တွဲနေပြီလို့ သတင်းတွေထွက်နေ

(3) Knives Out

ဝင်ငွေ ($9.25)သန်းနဲ့ နံပါတ် (၃)နေရာမှာရှိနေခဲ့တာပါ။ဒီဇာတ်ကားကတော့ အ မေရိကန် black comedy လူသတ်မှုခင်းဇာတ်ကားပါ။ချမ်းသာကြွယ်ဝတဲ့ ၀တ္ထု ရေးဆရာ  Har lan Thrombey က သူ့အသက် (၈၅)နှစ်ပြည့်မွေးနေ့ပါတီ ကို ဖိတ်ကြားခဲ့ပါတယ်။နောက် တစ်ရက်မှာတော့ Harlan ရဲ့ အိမ်ထိန်း  Fran က Har lan ဆုံးနေတာကို တွေ့ ခဲ့ပါတယ်။ဒီသေဆုံးမှု ကနေ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို စိတ်ဝင်စားစရာ တွေ့ရမှာပါ။

(2) Frozen II

Frozen II ကတော့ ၀င်ငွေ (၁၉)သန်းနဲ့ နံပါတ်(၂)နေရာမှာ ရပ်တည်ခဲ့ပါတယ်။Frozen ဆိုတဲ့ ဇာတ်ကားကတော့ အရင်တည်းကအ ရမ်းကို နာမည်ကြီးခဲ့ပါတယ်။ဒုတိယ ဇာတ်ကား ကလည်း တော်တော် လေး အောင်မြင်ခဲ့တာကိုတွေ့ရပါတယ်။

(1) Jumanji: The Next Level

Jumanji: The Next Level ကတော့ ၀င်ငွေ ကတော့ (၆၀.၁)သန်း ရခဲ့ပါတယ်။ဒီဇာတ်ကားထဲမှာ တော့  Dwayne Johnson, Kevin Hart, Jack Black, Karen Gillan, Nick Jonas, Alex Wolff တို့ ပါဝင်ထားပါတယ်။

READ
ရုံတင်ရက်ကို တရားဝင် ကြေငြာလိုက်တဲ့ Harley Quinn ရဲ့ ရုပ်ရှင်ကားသစ်

Source:showtimes

SHARE