အိန္ဒိယနိုင်ငံ၊ Madhya Pradesh မှာ နေထိုင်တဲ့ Shreyash Barmate အမည်ရ အသက် 11 နှစ်အရွယ် ကလေးငယ်ဟာ ရှားပါးရောဂါဖြစ်တဲ့ Progeria ရောဂါကို ခံစားနေရသူဖြစ်ပါတယ်။ ဒါကြောင့် သူရဲ့ ရုပ်ရည် ဖြစ်ပျက်မှုဟာ သာမန်ထက် 8 ဆအထိ မြန်နေပြီး၊ လူအိုတစ်ယောက်ရဲ့ အသွင်ကို ဖြစ်စေတယ်လို့ The Sun က ဆိုပါတယ်။

ဒီရောဂါကြောင့် Barmate ဟာ အရေပြားများ ရွတ်တွခြင်း၊ အရိုးအားနည်းခြင်းနဲ့၊ ဆံပင်အမွေးများ ကျွတ်ခြင်းတွေကို ခံစားနေရပြီး၊ တကယ့်လူအိုအငယ်စားလေးအတိုင်းပါဘဲ။ ဒါပေမယ့် အသက်က ကလေးတစ်ဦးအရွယ်မှာပဲ ရှိနေသေးလို့၊ အဆော့မက်နေဆဲဖြစ်သလို၊ အိုးခွက်ပန်းကန်များတီးခတ်ခြင်း၊ စက်ဘီးစီးခြင်း၊ ကားမောင်းခြင်းတွေကို ခုံမင်နေဆဲပါဘဲ။

Barmate ခံစားနေရတဲ့ Progeria ရောဂါကိုခံစားနေရသူတွေဟာ သာမန်အားဖြင့် အသက် 14 နှစ်ထက် ပိုမနေရပါဘူး။ ဒါဟာ Barmate ရဲ့ မိဘတွေ မကြားချင်တဲ့ မှန်ကန်တဲ့သတင်းအချက်အလတ်တစ်ခု ဖြစ်နေပြီး၊ ဒီရောဂါကို ခံစားရပါက အသက် 12 နှစ် နောက်ပိုင်းမှာ (အသက် 60 အရွယ်လူတွေ ခံစားရတဲ့) Arteriosclerosis ခေါ် နှလုံးဆိုင်ရာ ရောဂါနဲ့ ကွယ်လွန်ကြရပါတယ်။
သို့ပေမယ့် Barmate ကတော့ သာမန်ကလေးတစ်ယောက်လို့သာ သူ့ဘ၀ကို သူထင်မြင်နေပြီး၊ အနာဂတ်မှာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်လိုတယ်လို့ ဆိုပါတယ်။ သူဟာ အဆိုအကကို အလွန်ဝါသနာပါသူဖြစ်ပြီး၊ သီချင်းတွေကို ခဏလေးနဲ့ အလွတ်ရလေ့ရှိတယ်လို့ ဆိုပါတယ်။ သီချင်းဆိုပြရတာကိုလည်း အလွန်နှစ်ခြိုက်သူ ဖြစ်ပါတယ်။

Barmate မှာ အစ်ကိုကြီးတစ်ယောက်နဲ့ အမွာညီအစ်ကိုတို့ ရှိပါတယ်။ အစ်ကိုနဲ့ အမွှာညီအစ်ကိုကတော့ ဒီရောဂါလုံးဝခံစားရသူတွေမဟုတ်ပါဘူး။ Barmate တို့ မျိုးရိုးမှာလည်း ဒီရောဂါ ခံစားခဲ့ရတဲ့ မှတ်တမ်းမရှိဘူးလို့ ဆိုပါတယ်။ Barmate ရဲ့ဖခင် Arvind Barmate ဟာ အစိုးရ၀န်ထမ်းတစ်ဦးဖြစ်ပြီး၊ သားဖြစ်သူရဲ့ အခြေအနေကို အလွန်စိုးရိမ်နေပါတယ်။

Arvind ရဲ့ အဆိုအရ သူ့ရဲ့ သား Barmate ဟာ အသက် 2 နှစ်အရွယ်ကတည်းက ဒီရောဂါကို ခံစားခဲ့ရသူဖြစ်တယ်လို့ ဆိုပါတယ်။ Arvind က ” သူ့မှာ ဒီရောဂါရှိတယ်လို့ ဘယ်တုန်းကမှ တွေးခဲ့ပုံမရပါဘူး … အချိန်အားအားရှိတာနဲ့ သီချင်းဆိုလိုက်၊ ကလိုက်၊ ဆော့ကစားလိုက်နဲ့ အချိန်ကုန်နေတော့တာပါဘဲ “လို့ ဆိုပါတယ်။

သူက ဆက်လက်ပြီး ” သားက ဂီတဘက်မှာ အထုံလည်းပါပုံရပါတယ် … သူ သီချင်းဆိုတာကို ခင်ဗျားတို့ တစ်ခါလောက် ကြားလိုက်မိရုံနဲ့ ပါရမီရှင်တစ်ဦးလို့ ထင်မြင်မိမှာ မလွဲပါဘူး .. “လို့ ပြောခဲ့ပါတယ်။ Barmate ကလည်း ” ကျနော့်ရောဂါအကြောင်းကို ကျနော် မစဉ်းစားတာ အတော်ကြာပါပြီ .. ကျနော် ကြီးလာတဲ့အခါ အဆိုတော်တစ်ယောက် ဖြစ်ချင်ပါတယ် .. တစ်ခြားအောင်မြင်တဲ့ အဆိုတော်တွေလို ဖြစ်ချင်တာပါ .. ကျနော် တူရိယာတွေလည်း တီးတတ်ပါတယ် … တစ်ခြားကလေးတွေ ကျနော့်လောက် မတီးတတ်ကြပါဘူး .. ဒီတော့ ကျနော် ပျော်ပါတယ် “လို့ ပြောခဲ့ပါတယ်။
နတ်စည်တော် (Shwemom)
Shwemom မှနောက်ထပ် စိတ်ဝင်စားစရာသတင်း
မသေဘူးဆိုပြီး သမီးအလောင်းကို ပြန်တူးကြည့်တော့ ထူးခြားတဲ့ဖြစ်ရပ် ကြုံခဲ့ရတဲ့ဆွေမျိုးများ
သေခြင်းနဲ့ရှင်ခြင်းတို့ ကြားမှာ စက္ကူထက် ပိုပြီးပါးတဲ့ အလွှာကလေးသာ ခြားတယ်လို့ ဆိုပါတယ်။ လူတစ်ယောက် သေဆုံးသွားတယ်ဆိုတဲ့ အခြေအနေပြီးနောက်၊ ခန္ဓာကိုယ်ရဲ့ ပျက်စီးမှုကလည်း လျှင်မြန်ပါတယ်။ သေပြီး မိနစ်ပိုင်းအတွင်းမှာ ခန္ဓာကိုယ်ကြီး မာကြော၊ အေးစက်လာမယ်။ ဒါက ကနဦး အဖြစ်အပျက်ပါ။
အဲဒီနောက် မိနစ်ပိုင်းအတွင်းမှာ နှလုံးကလည်း အလုပ်လုပ်မှု ရပ်တန့်သွားမယ်၊ ယင်းနောက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို ပို့လွှတ်တဲ့ သွေးတွေထဲမှာ အောက်ဆီဂျင်လုံးဝ ပြတ်တောက်သွားပြီး၊ ဆဲလ်တွေ၊ တစ်ရှုတွေ သေကုန်မယ်၊ ပြီးလျှင် အရေပြားက အေးစက်မာကြောသွားမယ်၊ နောက်ထပ် တစ်ရက်လောက်အကြာမှာ ခန္ဓာကိုယ်က ပုပ်ဆွေးပျက်ဆီးမှု စတင်မယ်လို့ Rachfeed က ဖော်ပြထားပါတယ်။

အခု ထူးခြားတဲ့ အဖြစ်အပျက်ကတော့ ဖိလစ်ပိုင်နိုင်ငံ၊ Isabela ပြည်နယ်၊ Ilagan အမည်ရ မြို့ငယ်လေးမှာ ဖြစ်ခဲ့တာပါ။ ပြင်းထန်အဖျားရောဂါနဲ့ သေဆုံးခဲ့ပြီလို့ ယူဆခဲ့ရတဲ့ အသက် 4 နှစ်အရွယ် ကလေးမလေးရဲ့ ရုပ်အလောင်းကို ပြန်လည် တူးဖော်စဉ်မှာ ခန္ဓာကိုယ်တစ်ခုလုံးဟာ ပျော့ပျော့ပြောင်းပြောင်းနဲ့၊ နွေးထွေးနေဆဲလို့ ဆိုပါတယ်။
ကလေးမလေးရဲ့ အမည်မှာ Jenny Rose Jacinto လို့ အမည်ရပြီး၊ ပြီးခဲ့တဲ့အပတ် တနင်္လာနေ့က ပြင်းထန်အဖျားရောဂါကို ခံစားခဲ့ရတာပါ။ ဖခင်ဖြစ်သူ Jimmy Jacinto နဲ့ သူ့ရဲ့ ဇနီးသည်တို့ဟာ နောက်ဆုံးမှာ မြို့နယ်ဆေးရုံကို ပို့ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ထပ် တစ်ရက်အကြာမှာ ဒေါက်တာတွေက Rose သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။

သောကြာနေ့မှာ Rose ကို မြေချသင်္ဂြိုဟ်ခဲ့ကြပါတယ်။ စနေ့နေ့မှာတော့ Rose တို့ရဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ Gemma Jacinto De Villa အမည်ရ အမျိုးသမီးကို ဒေသခံပယောဂဆရာတစ်ဦးက Rose မသေကြောင်း အကြံပြုခဲ့ပါတယ်။ ယင်းနောက် တူးဖော်ကြည့်ရှုဖို့ မိသားစုဝင်တွေကို Gemma က တိုင်ပင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့ ဖခင် Jimmy ဦးဆောင်တဲ့ မိသားစုဝင်တွေဟာ Rose ကို မြေချခဲ့ရာနေရာကို တူးဖော်ကြည့်ရှုခဲ့ကြပါတယ်။ ကလေးမလေးဟာ သေဆုံးလို့ ရက်ပိုင်းတော်တော်ကြာတာတောင်မှ ပုပ်သိုးပျက်ဆီးခြင်းမရှိသေးပဲ၊ ခြေထောက်လက်တောက်တွေက ပျော့ပြောင်းနေဆဲပါ။ အသားရေကလည်း အေးစက်မနေဘဲ၊ နွေးထွေးနေဆဲလို့ သိရပါတယ်။

ဒါကြောင့် မိသားစုဝင်တွေဟာ Rose ကို ခဏခဏ နှိုးကြည့်ကြပါတယ်။ ပါးစပ်ထဲကို ရေစက်ချပြီး ရေတိုက်ခဲ့ကြပါတယ်။ တစ်ရက်ကြာသည်အထိ အကြောင်းကတော့ မထူးပါ။ ဒါပေမယ့် Rose ရဲ့အခြေအနေကတော့ ဘာမှမဖြစ်သေးဘဲ၊ အိပ်နေတဲ့အတိုင်းဖြစ်နေခဲ့ပါတယ်။ နောက်တစ်ရက်အကြာမှာ ဒေသခံပယောဂဆရာ ကြွလာခဲ့ပါတယ်။
သေချာစမ်းသပ်စစ်ဆေးပြီးနောက် Rose သေဆုံးသွားပြီလို့ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စကို သတင်းမီဒီယာတွေပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ဖော်ပြနေကြပြီး၊ တစ်ချို့ကတော့ Rose ကို သေရွာက ခဏပြန်လာတယ်လို့ ယူဆခဲ့ကြပါတယ်။ တစ်ချို့ကတော့ အစကတည်းက သေဆုံးသွားပြီးသားလို့ ဖော်ပြကြတယ်လို့ သိရပါတယ်။
နတ်စည်တော် (Shwemom)