ပျောက်ဆုံးသွားတဲ့ (၁၄)နှစ်ကောင်လေးရဲ့ အလောင်းကို မိကျောင်းကြီးရဲ့ ဝမ်းဗိုက်ထဲမှာ ပြန်တွေ့

Facebook/Info Roadblock JPJ/POLIS

မလေးရှားနိုင်ငံ ဆာရာဝက်ပြည်နယ်မှာ အသက်(၁၄)နှစ်အရွယ် ကောင်လေး ပျောက်ဆုံးမှုကို ရပ်မိရပ်ဖတွေနဲ့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေ ပူးပေါင်းပြီး ရှာဖွေခဲ့ကြပါတယ်။ ကောင်လေးကို (၅)ရက်ကြာသည်အထိ ရှာဖွေခဲ့ကြသော်လည်း အကြောင်းမထူးဘဲ (၆)ရက်မြောက်နေ့မှ စိတ်မကောင်းဖွယ်ရာ ပြန်တွေ့ခဲ့ရတာပါ။

Facebook/Info Roadblock JPJ/POLIS

ကောင်လေးရဲ့အမည်ကတော့ Ricky Ak Ganya ဖြစ်ပြီး၊ Sarikei အမည်ရ မြို့ငယ်လေးမှာ နေထိုင်ပါတယ်။ သူရဲ့အလောင်းကို ဇူလိုင်လ(၃၁)ရက်နေ့ နေ့ခင်းပိုင်းလောက်မှ ပြန်တွေ့ခဲ့ရတာပါ။ တွေ့တဲ့နေရာကတော့ မိကျောင်းကြီးတစ်ကောင်ရဲ့ ဝမ်းဗိုက်ထဲမှာ ဖြစ်ပါတယ်။

Facebook/Info Roadblock JPJ/POLIS

ချောင်းစပ်နဘေး ကိုင်းတောအစပ်မှာ မိကျောင်းရဲ့စွပ်ကြောင်းကြီးနဲ့၊ လူရဲ့ သွေးအစအနတွေ တွေ့ခဲ့ရာက Ricky ဟာ မိကျောင်းရဲ့အစာဖြစ်သွားပုံရတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ မိကျောင်းကြီးကို Sarawak Forest Corperation’s (SFC) Swift Wildlife Action Team (SWAT) အဖွဲ့က အစာတစ်ခုနဲ့ မျှားပြီး အပြင်ကို ခေါ်ထုတ်ခဲ့ရတာပါ။ လူသားစားမိကျောင်းကြီးကို ရှင်းလင်းသုတ်သင်ပြီး ဗိုက်ခွဲစစ်ဆေးခဲ့ရာ Ricky ရဲ့ စိတ်မကောင်းဖွယ်အဖြစ်ကို ကြုံရပါတော့တယ်။ မိကျောင်းကြီးဟာ အရှည်အားဖြင့် (၁၅)ပေကျော် ကျော်ရှိပါတယ်။

Cebisan anggota badan mangsa ditemui.SARIKEI: Anggota badan mangsa serangan buaya, Ricky Ak Ganya, 14 tahun, ditemui…

Posted by Info Roadblock JPJ/POLIS on Friday, July 31, 2020

Ricky ဟာ မသေခင်က သူရဲ့အန်တီနဲ့ နောက်ဆုံးတွေ့ခဲ့ပြီး၊ သူရဲ့သူငယ်ချင်းနှစ်ယောက်နဲ့လည်း တွေ့ဆုံခဲ့သေးတယ်လို့ ဆိုပါတယ်။ သူဟာ ချောင်းရွှံ့နွံတွေအတွင်းမှာ ဟင်းစားအတွက် ခရု၊ ယောက်သွား ကောက်နေရင်းက မိကျောင်းဆွဲခံရတာဖြစ်နိုင်ကြောင်း သုံးသပ်နေကြပါတယ်။

လင်းသူရိန်

SHARE