ကမ္ဘာအနှံ့ကစာရေးဆရာတွေဆီကနေ စာအုပ်လက်ဆောင်ရတဲ့ကောင်လေးရဲ့အဖြစ်

Twitter

ဆိုရှယ်မီဒီယာဆိုတာ မသုံးတတ်ရင် တော်တော်လေး ဒုက္ခရောက်စေတဲ့ အရာတစ်ခု ဖြစ်ပေမယ့် တစ်ခါတလေ ကျပြန်တော့လည်း ဆိုရှယ်မီဒီယာကနေ ရတဲ့ ကောင်းကွက်လေးတွေတော့ ရှိပါတယ်။ များသောအားဖြင့်တော့ ဆိုရှယ်မီဒီယာတွေဟာ တချို့ဖြစ်ရပ်တွေကို လူအများကြီး သိအောင် လုပ်ပေးနိုင်ပြီး မထင်မှတ်ထားတဲ့ အကူအညီတွေလည်း ရတတ်တယ်လေ။

အခုလည်း အင်္ဂလန်နိုင်ငံမှာ နေထိုင်တဲ့ အသက် (၁၃)နှစ်အရွယ် ချာတိတ်လေး ကော်လန် ဟာ ဆိုရှယ်မီဒီယာကြောင့် ဘယ်သူမှ မရဖူးတဲ့ အခွင့်အရေးမျိုးကို ရသွားခဲ့ပါတယ်။

 

ကော်လန် က အသက် (၁၃)နှစ်သာ ရှိသေးပေမယ့် စာကြမ်းပိုးလေးတစ်ယောက်ဖြစ်ပြီး သူဖတ်တဲ့ စာအုပ်တွေအကြောင်းကို Review ပြန်ရေးဖို့အတွက် အင်စတာဂရမ်အကောင့်လေးတစ်ခု ဖန်တီးခဲ့ပါတယ် ။ ဒါပေမယ့် သူ့ရဲ့အတန်းဖော်သူငယ်ချင်းတွေက သူရေးလိုက်တဲ့ စာအုပ် Review တိုင်းကို လှောင်ပြောင်နေကြပြီး ငကြောင်လေးတစ်ယောက်အဖြစ် ၀ိုင်းပြီး လှောင်ပြောင်ခဲ့ကြတာပါ။

အဲဒီ အဖြစ်အပျက်ကို ကော်လန် ရဲ့ အစ်မ ဖြစ်သူက သိသွားခဲ့ပြီး သူ့ရဲ့မောင်ဖြစ်သူကို တခြားသူငယ်ချင်းတွေက ဘယ်လို လှောင်ပြောင်နေကြသလဲဆိုတာကို သက်သေတွေနဲ့အတူ ချပြခဲ့ပါတယ်။

 

View this post on Instagram

 

It’s The snowman from monsters Inc

A post shared by cal 🙂 (@cals_book_account) on

အဲဒီနောက်မှာတော့ အရာအားလုံးပြောင်းလဲသွားတော့တာပါပဲ။

READ
အိုစမာဘင်လာဒင်ကို ဖမ်းဆီးစဉ်က ရရှိခဲ့တဲ့အရာများတွင် အပြာဇာတ်ကားများတွေ့ရှိခဲ့

ကော်လန် လေး လှောင်ပြောင်ခံရတဲ့သတင်းက လူတော်တော်များများဆီ ရောက်သွားခဲ့ပြီး အသက် ငယ်ငယ်နဲ့ စာအုပ်တွေကိုစွဲလန်းနေသူ ကော်လန် ဖက်ကနေ အားလုံးက ရပ်တည်ခဲ့ကြတာပါ။

ကော်လန်ရဲ့အဖြစ်ကို နာမည်ကျော် စာရေးဆရာတွေဖြစ်ကြတဲ့ နေးလ်ဂိုင်းမန်း ၊ မတ်ဟစ်ဂ် တို့ သိသွားခဲ့ပြီး သူတို့ တတ်နိုင်တဲ့ဖက်က အကူအညီပေးဖို့ ကြိုးစားလာကြပါတယ်။ အဲဒါကတော့ ကော်လန် ဆီကို သူတို့ရဲ့ စာအုပ်တွေ ပို့ပေးဖို့ပါပဲ။

မတ်ဟစ်ဂ် က သူ့ရဲ့ စာအုပ် (၁၂) အုပ်ကို ကော်လန် ဆီ ပို့ပေးလိုက်ပြီး ကော်လန် ဟာ သူရဲကောင်းတစ်ယောက်ပါပဲလို့ ချီးကျူးခဲ့တာပါ။

မတ် အပြင် အခြားနာမည်ကျော် စာရေးဆရာတွေကလည်း ကော်လန် လို စာအုပ်ချစ်သူ တစ်ယောက်ကို သူတို့ တတ်နိုင်တဲ့ဖက်က ပံ့ပိုးပေးမယ်ဆိုပြီး သူတို့ရဲ့ စာအုပ်တွေကို ပေးပို့ဖို့ စီစဉ်ခဲ့ကြတာပါ။ စာရေးဆရာတွေတင်သာ မကပဲ စာအုပ်တိုက်တွေကပါ သူတို့ရဲ့ စာအုပ်တချို့ကို ကော်လန် ဆီ ပို့ပေးမယ်လို့ အသိပေးခဲ့ကြပြီး တွစ်တာပေါ်မှာ ကော်လန် နဲ့ စာရေးဆရာတွေရဲ့ အကြောင်းက တကယ့်ကို လူပြောများခဲ့ကြတာပါ။

Linn

SHARE