မျက်နှာပြောင်လွန်းတဲ့ အပြုအမူကြောင့် ဆိုရှယ်မီဒီယာပေါ်မှ လူပြောများနေတဲ့ ကောင်လေး

[email protected]

ကိုယ်လမ်းလျှောက်နေတုန်း တိုက်ရိုက်သတင်းတင်ဆက်နေတာကို တွေ့ရင်တောင်မှ ဘယ်သူမဆို အဲဒီနေရာကနေ တော်ရုံတန်ရုံဖြတ်လျှောက်ကြမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်မျက်နှာကြီး ကင်မရာထဲပါသွားမှာကို လူတော်တော်များများက မကြိုက်ကြလို့ပါ။ ဒါပေမယ့် အခုပြောပြမယ့် ကောင်လေးတစ်ယောက်ကတော့ အဲဒီလိုမဟုတ်ပါဘူး။ ကင်မရာကို မကြောက်တဲ့အပြင် တိုက်ရိုက်ထုတ်လွှင့်နေတာ သိသိရက်နဲ့ ကင်မရာမြင်ကွင်းထဲကို တမင်သက်သက်ရောက်လာပြီး တိုက်ရိုက်သတင်းတင်ဆက်တဲ့ သတင်းထောက်အမျိုးသမီးအနောက်ကနေ ချစ်စဖွယ်ကောင်းအောင် လှုပ်ခါပြီး ကပြခဲ့ကြောင်း Dailymail သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

BBC က မိုးလေဝသ သတင်းတင်ဆက်သူတစ်ယောက်ဖြစ်တဲ့ Jen Bartram ဟာ England နိုင်ငံ၊ South Shields မြို့ရှိ ကမ်းခြေမှာ မိုးလေဝသ သတင်းကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ခဲ့ပါတယ်။ အစီအစဉ်အစမှာတော့ Jen ဟာ မိုးလေဝသက အခုတစ်လော တော်တော်ကောင်းမွန်ကြောင်း၊ ရာသီဥတုမှာည်း တော်တော်ကိုနေလို့ကောင်းကြောင်း၊ ကမ်းခြေမှာလည်း လေပြေလေညင်းလေးတွေသာတိုက်နေတာကြောင့် ကမ်းခြေကို အပန်းဖြေခရီးထွက်သင့်ကြောင်း အစရှိသဖြင့် သတင်းဆင်ဆက်နေခဲ့ပါတယ်။ ဒါပေမယ့် Jen တစ်ယောက် တိုက်ရိုက်သတင်းတင်ဆက်နေတုန်း သူမအနောက်ခပ်လှမ်းလှမ်းမှာ ကလေးလေးတစ်ယောက်ရောက်လာပြီး ကင်မရာကို ကြည့်ကာ ကနေတာကို သတိထားခဲ့မိပုံ မပေါ်ပါဘူး။

READ
ကြောင်ဆေးပင် စားရင်း ရယ်စရာပုံဖြစ်သွားတဲ့ ကြောင်လေးများရဲ့ ဓာတ်ပုံများ

 

အဆိုပါကောင်လေးဟာ Jen တစ်ယောက် တိုက်ရိုက်သတင်းတင်ဆက်နေတုန်း မကြာခင်မှာ ရောက်လာပြီး ကင်မရာကို ကြည့်ကာ ခန္ဓာကိုယ်ကို တွန့်လိမ်ကောက်ကွေးပြီး ကပြနေခဲ့ပါတယ်။ ဒါ့အပြင် ကင်မရာဖက်ကို ဖင်ပေးပြီး ဖင်ကို လှုပ်ခါပြီးတောင် ကပြခဲ့ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် Jen ရဲ့ တိုက်ရိုက်မိုးလေဝသသတင်းကို ကြည့်နေတဲ့ ပရိသတ်အများစုကတော့ အဆိုပါကောင်လေးကို တော်တော်သဘောကျခဲ့ကြပါတယ်။

[email protected]

“ကျွန်မသတင်းတင်ဆက်နေတုန်း အနောက်မှာ အဲဒီကောင်လေးကနေမှန်း တစ်ကယ်မသိခဲ့တာပါ။ သိရင်တောင် သူ့ကို ခေါ်ပြီး စကားတွေဘာတွေမေးပြီး သတင်းထဲမှာ အင်တာဗျူး လုပ်ပေးလိုက်မှာပါ။ အခုမှ သေသေချာချာပြန်ကြည့်မိတော့ သူကပြတဲ့ ပုံလေးကတော့ တော်တော်လေးကို ချစ်ဖို့ကောင်ပါတယ်” လို့ Jen က ပြောကြားခဲ့ပါတယ်။

READ
အော်စကာဆုမှန်းထားတဲ့အလား လွန်လွန်ကျွံကျွံ ဒရာမာချိုးနေကြတဲ့ ကြောင်များ

Pyi Hein Kyaw

SHARE