ဖခင်ကိုကင်ဆာကုပေးဖို့ Game Streaming လုပ်ပြီး အလှူခံခဲ့တဲ့ကောင်လေး

@zylTV_/Twitter

ဂိမ်းပေါင်းစုံကို ဖုန်းတို့ PC တို့ကနေဆော့ပြပြီး stream လုပ်တဲ့ game streamer တွေဟာ အခုနောက်ပိုင်း ပေါချင်းသောချင်း ပေါက်ပေါက်လာခဲ့ကြပါတယ်။ နိုင်ငံခြားတွေမှာတော့ အောင်မြင်တဲ့ streamer တွေဟာ သူတို့ရဲ့ gaming skills တွေကို အစွမ်းကုန်ချပြကာ ဂိမ်းဆော့ပြရင်းနဲ့မှ တစ်နေ့တစ်နေ့ကို ဝင်ငွေဒေါ်လာ ၁၀၀ လောက်မှစကာ ရလေ့ရှိကြပါတယ်။ အသက်မွေးဝမ်းကျောင်းတစ်ခုလိုမျိုး ဖြစ်လာခဲ့တဲ့ game streamer လောကမှာတော့ ဆယ်ကျော်သက်ကလေးလေးတစ်ယောက်ကတော့ ဘဝပေးအခြေအနေကြောင့်မလို့ သူလုပ်တတ်တဲ့ stream အလုပ်လေးနဲ့ အလှူငွေရှာကာ အလုပ်လုပ်နေခဲ့တယ်လို့ Boredpanda မှ သိခဲ့ရပါတယ်။

ကနေဒါမှကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ Twitter account @zyITV_ ကနေပြီး သူ live လွှင့်ပြီး game streaming လုပ်နေတာဟာ ဖခင်အတွက်ဖြစ်တာကြောင့် လှူဒါန်းသူအားလုံးကို ကျေးဇူးတင်ပါတယ်ဆိုပြီး ရေးတင်ထားခဲ့ပါတယ်။

 

ဖခင်ဖြစ်သူဟာ ကလေးလေးဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တုန်းက ကင်ဆာရောဂါကြီးဖြစ်နေပြီဆိုတာ စသိခဲ့ရပါတယ်။ ကင်ဆာဆိုတာ သိတဲ့အတိုင်း ကုနိုင်မှအသက်ဆက်ရှင်နေမှာဖြစ်ပြီး စစတွေ့ချင်းမှာတင် ကာဆာအဆင့်ကလည်း အဆင့်၃ရောက်နေခဲ့ပြီဆိုတော့ ဆေးဝါးအကူအညီအပြင် ဓာတ်ရောင်ခြည်ကင်တာတွေ၊ ဆေးသွင်းတာတွေပါ ပြုလုပ်ရတော့မယ့် အခြေအနေတစ်ခုပါ။ အရင်တုန်းက ဖခင်ပဲငွေရှာတာကြောင့် မိသားစုတွေ လောက်ငှခဲ့ပေမယ့် ကင်ဆာရောဂါသည်ဖြစ်သွားတဲ့အခါမှာတော့ အိမ်မှာဝင်ငွေဆိုတာ လုံးဝမရှိသလောက်ပါပဲ။

READ
လမ်းမထက်မှာ ပွဲကြမ်းခဲ့တဲ့ ယောက်ျားလုပွဲ

သားယောက်ျားလေးပီပီပဲ ဖခင်ရဲ့ဆေးဖိုးကိုဘယ်လိုရှာရမလဲ၊ သူဘာလုပ်ရမလဲဆိုပြီး တစ်နေ့တစ်နေ့ငရဲခန်းမှာနေနေရသလို ပူလောင်နေခဲ့ရအပြီးမှာတော့ လက်ရှိဘဝမှာအကောင်းဆုံးလုပ်နိုင်တယ်ဆိုတဲ့ အရာတစ်ခုကနေရင်းပြီး ပိုက်ဆံရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါကတော့ streaming လုပ်တာပါပဲ။ တစ်နေ့ကို ၁၀ နာရီဝန်းကျင်လောက် Fortnite ဆော့ပြကာ streaming လုပ်ပြီး ကြည့်ရှုသူတွေလှူဒါန်းသမျှနဲ့ ဖခင်ရဲ့ဆေးဖိုးနဲ့ဆေးရုံစရိတ်တွေကို ရှင်းပေးနေခဲ့ရင်း အခုအချိန်အထိ ရောက်လာခဲ့တာပါ။

 

အဓိကပန်းတိုင်ကတော့ ကနေဒါဒေါ်လာ ၅ ထောင်ဖြစ်ပြီး ကင်ဆာကိုအရှင်းပျောက်ဖို့ကို ကုသပေးချင်ခဲ့တာပါ။ ၃ ရက်တည်းနဲ့ ရည်မှန်းထားတဲ့ငွေရဲ့ ၃၀% ကိုရှာနိုင်ခဲ့ပြီး တစ်ရက်စိတ်ပါလို့ ဆော့နေရင်း နာရီ၂၀ကြာသွားတဲ့အချိန်မှာ လှူဒါန်းငွေဟာ ကနေဒါဒေါ်လာ ၁၅၀၀ တောင်ဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်။ Game streaming လောကမှာ နေရာတစ်ခုရှိနေတဲ့ CoL MackWood ဆိုတဲ့ streamer ကတော့ ကောင်လေးပြောစကားတွေနဲ့ ကင်ဆာရောဂါသည်ဖြစ်နေတဲ့ အဖေရှိတယ်ဆိုတာတကယ်ဖြစ်ပြီး ခက်ခဲနေတယ်ဆိုတာလည်း တကယ်ဖြစ်ကြောင်း ပြောခဲ့ပြီး အလှူငွေကို ပထမဆုံးစထည့်သူလည်းဖြစ်ပါတယ်။ သူကနေမှတစ်ဆင့် ကမ္ဘာအနှံ့က streaming fandom တွေသိသွားခဲ့ကြတာ အလှူငွေတွေ တရိပ်ရိပ်နဲ့တက်လာခဲ့တာပဲဖြစ်ပါတယ်။

READ
အပြာမင်းသမီးဘဝမှဘောလိဝုဒ်မင်းသမီး ဖြစ်လာသူSunny Leoneရဲ့အင်တာဗျူး

ကနေဒါ ဒေါ်လာ ၅၀၀၀ ပြည့်သွားပြီးတဲ့နောက်မှာတော့ ဆေးဖိုးဝါးခတွေနဲ့ မိသားစုရပ်တည်ဖို့အတွက် နောက်ထပ် ကနေဒါဒေါ်လာ ၃၀၀၀ လောက်ထပ်လိုတာဖြစ်တဲ့အတွက် ဆက်လက်အလှူခံနေခဲ့ပါသေးတယ်။ လှူဒါန်တဲ့အလှူငွေတွေနဲ့ ကောင်လေးရဲ့ဖခင်ကတော့ အရှင်းပျောက်သလောက်ကို ရောာဂါသက်သာနေခဲ့ပါပြီတဲ့။

Penny

 

 

SHARE