အရွယ်နဲ့မလိုက်အောင် ထူးချွန်တဲ့ ပါရမီရှင် ကျောင်းသားလေး

Image:@OHHSPrincipal/:@cigdemk14

လူသာငယ်မယ် ပညာအရာမှာတော့ လူကြီးတွေထက်ကိုကျော်ပြီး ထူးချွန်တဲ့ကောင်လေးတစ်ယောက် အကြောင်း ကို Shwemom စာဖတ်သူတွေ အားကျအတုယူနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။အဲ့ဒီကောင်လေးကတော့ အသက် ငယ်ငယ်လေးနဲ့ တက္ကသိုလ်တန်းတက်နေတဲ့ Daniel Liu ပါ။လွန်ခဲ့တဲ့နှစ်အနည်းငယ်က Bored Panda  ၀က်ဘ် ဆို က်ကနေပြီး ဓာတုဗေဒလေ့လာတဲ့နေရာမှာ အရွယ်နဲ့မလိုက်အောင် ထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင်လေး အသက် (၁၁)နှစ်အရွယ် Daniel Liu အကြောင်းကိုရေးသားဖော်ပြခဲ့ဖူးပါတယ်။

 

Image:@cigdemk14

Daniel Liu ဟာ စပိန်နိုင်ငံ Toledo မြို့မှာရှိတဲ့ တက္ကသိုလ်တစ်ခုရဲ့ဇီဝဓာတုဗေဒအတန်းကိုတက်ရောက်ပြီး ဗိုင်း ရပ်စ်တွေအကြောင်းကိုလေ့လာနေတဲ့ ပါရမီရှင်ကလေးငယ်တစ်ဦးဖြစ်ပါတယ်။  Daniel Li ဟာ အဲ့ဒီတက္ကသိုလ်ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကျန်းမာရေးနဲ့ရောင်ခြည်အန္တရာယ်ကင်းရှင်းရေးဌာနမှာပညာသင်ယူနေတဲ့ကလေးတစ်ဦး ဖြစ်ပါတယ်။ပုံမှန်အားဖြင့် အဲ့ဌာနရဲ့လက်တွေ့စမ်းသပ်ခန်းကို (၁၂)နှစ်အောက်ကလေးတွေဝင်ခွင့်မပြုထားပေမယ့် Daniel ကတော့ချွင်းချက်အနေနဲ့တက်ရောက်နိုင်ခဲ့ပါတယ်။ဇီဝဓာတုဗေဒအတန်းရဲ့နှစ်လယ်စာမေးပွဲမှာ ကျောင်း သားတော်တော်များများစာမေးပွဲကျနေချိန် Daniel ကတော့ အဲ့ဘာသာကိုအမြင့်ဆုံးအမှတ်ဖြစ်တဲ့ (၉၉)မှတ် ရရှိပြီးအောင်မြင်ခဲ့တဲ့ ထူးချွှန်တဲ့ ကျောင်းသားတစ်ယောက်ပါ။

READ
အသက်(၇၅) နှစ်ရောက်မှ ယာဉ်မောင်းလိုင်စင်ကို မဖြစ်မနေရအောင် ယူခဲ့တဲ့ အမျိုးသမီးကြီး

 

Image:@cigdemk14
Image:@OHHSPrincipal

Daniel အတွက် ဒီတက္ကသိုလ်ကျောင်းရဲ့တံခါးပေါက်တွေအားလုံးကိုဖွင့်ပေးထားတယ်လို့ ကျောင်းရဲ့တာဝန်ရှိသူ တွေကပြောပါတယ်။အခုဆိုရင် အဲ့ဒီပါရမီရှင်လေးဟာ အသက်(၁၃)နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။သူဟာ ကျောင်းရဲ့ စာရေးဆရာတွေနဲ့ပူးပေါင်းပြီး ဆေးဝါးနဲ့ဆိုင်တဲ့စာတစ်စောင်ကိုလည်းထုတ်ဝေခဲ့ပါတယ်။

Source:.boredpanda

SHARE