IQ ရမှတ်162 မှတ်နဲ့ အိုင်စတိုင်း၊ စတီဗင်ဟော့ကင်းတို့ထက် IQ အမှတ်ပိုများတဲ့ ကောင်လေး

အင်္ဂလန်နိုင်ငံ၊ ရီဒင်းမြို့မှာ အခြေချနေထိုင်တဲ့ အသက် 11နှစ်သာရှိသေးတဲ့ အိန္ဒိယနွယ်ဖွား Arnav Sharma အမည်ရ ကောင်လေးဟာ IQ ရမှတ်မှာ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေဖြစ်တဲ့ အိုင်စတိုင်း၊ စတီဗင်ဟော့ကင်းတို့ထက် သာလွန်ခဲ့ပါတယ်။ သူဟာ Mensa IQ Test မှာ ရမှတ် 162 မှတ်အထိ ရရှိခဲ့ပါတယ်။

အိုင်စတိုင်းနဲ့ ဟော့ကင်းတို့ဟာ IQ 160 အဖြစ် သတ်မှတ်ခံရသူများ ဖြစ်ပြီး၊ Sharma ကတော့ သူတို့ထက် 2 မှတ် ပိုများပါတယ်။ Sharma ဟာ IQ စာမေးပွဲမှာ ထိပ်သီးဉာဏ်ရည်ပိုင်ဆိုင်သူအဖြစ် သတ်မှတ်ခံရပြီး၊ အများပြည်သူ ကျော်ဖြတ်ဖို့ ခက်ခဲတဲ့ Verbal Reasoning Ability စစ်ဆေးခြင်းကို လွယ်လွယ်ကူကူ ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

Sharma က “Mensa IQ Test စာမေးပွဲက ခက်တယ်ဗျ … အောင်တဲ့သူလည်း အတော်လေးကို နည်းပါးတယ် … အောင်ဖို့ရာတောင် မမျှော်လင့်ရဲလောက်အောင်ပါဘဲ .. ကျနော်က Salvation Centre မှာ ဒီစာမေးပွဲကို ဖြေဆိုခဲ့တာပါ .. အချိန်ကတော့ 2 နာရီ ခွဲလောက် ယူခဲ့ရပါတယ် “လို့ ပြောခဲ့ပါတယ်။

READ
ခရီးအတူသွားပေးဖို့ Personal Assistant ရှာနေတဲ့ ၂၆ နှစ်အရွယ် မီလီလျံနာသူဌေးလေး

သူဟာ Mensa IQ Test စာမေးပွဲကို ၀င်ရောက်ဖြေဆိုဖို့ ကြီးမားတဲ့ ပြင်ဆင်မှုတွေ မပြုလုပ်ခဲ့ရကြောင်း၊ ဒါပေမယ့် စာမေးပွဲနဲ့ပတ်သက်ပြီး၊ စိုးရိမ်ကြောင့်ကျစိတ် လုံးဝမရှိကြောင်း၊ ဒီရလာဒ်အတွက် အဖေအမေတို့ကလည်း အလွန်ပျော်ရွှင်နေကြောင်း ဆိုပါတယ်။

မိခင်ဖြစ်သူ Meesha Dhamija Sharma က ” ကျမကတော့ ဘယ်လိုရလာဒ် ရလာမယ်ဆိုတာ ကြိုမသိနိုင်ဘူးပေါ့ .. ဘယ်သူပဲဖြစ်ဖြစ် .. ဒီလို တွေးကြမှာပါဘဲ .. ပြီးတော့ သူက စာမေးပွဲဆိုတာ ကောင်းကောင်း မသိသေးတဲ့သူလေ .. ဒါပေမယ့် အကောင်းဆုံးတော့ မျှော်လင့်ခဲပါတယ် …”လို့ ပြောခဲ့ပါတယ်။

မဒီလေး (Shwemom)

source : indiatimes.com

SHARE