ကဗျာရွတ်ဆိုပွဲမှာ စတားဝါး ဇာတ်ဝင်တေးကို တစ်ကိုယ်တည်း ဟဲခဲ့တဲ့ ကောင်ကလေး

ဖျော်ဖြေတင်ဆက်တဲ့ပွဲတစ်ခုမှာ Twinkle Twinkle Little Star ကို ဆိုဖို့ ကလေးသုံးယောက်ဟာ စင်ပေါ်ကို တက်လာခဲ့ကြပါတယ်။ အဲ့ဒီ့နောက် စတင်သီဆိုကြတဲ့အခါ ဆိုနေတဲ့အထဲက ကောင်ကလေးတစ်ယောက်က ရုတ်တရက် Star Wars ရုပ်ရှင်ထဲက Imperial March ကို တစ်ယောက်တည်း အပိုင်ပြောင်းဆိုပြီး ပွဲကြည့် ပရိသတ်ရဲ့ အသည်းနှလုံးကို သိမ်းယူသွားခဲ့ပါတယ်။

ဒီလို ရယ်ရွှင်ဖွယ်ကောင်းတဲ့ အခိုက်အတန့်ကို ဆိုရှယ်မီဒီယာပေါ်မှာ Star Wars ပရိတ်သတ်တွေက တော်တော်လည်း ရှဲခဲ့ကြပါတယ်။ ကောင်ကလေးက သူအကြိုက်ဆုံး သီချင်းကို ဆိုရဖို့ထက် တခြားအာရုံမရှိသလိုပါပဲ၊ ဘယ်သူ့ကိုမှလည်း ဂရုမစိုက်ဘူး။ လုံးဝ ယုံကြည်မှု အပြည့်နဲ့ သီဆို ဖြေဖျော်ခဲ့တာဖြစ်ပါတယ်။

Erin Gibson ဆိုတဲ့ အမျိုးသမီးက သူမရဲ့ ၀မ်းကွဲမောင်နှမရဲ့ သားဖြစ်သူ အခုလို မူလတန်း ကဗျာရွတ်ဆိုပွဲမှာ ပင်ကို စွမ်းရည်ပြသသွားပုံကို အမိအရ မှတ်တမ်းတင်ထားခဲ့ပြီး ပြန်လည်ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ ဘေးမှာ ရပ်နေတဲ့ ကလေးနှစ်ယောက်မှာ ကြောင်တောင်တောင်တွေဖြစ်လို့၊ ဘယ်ကြည့်ရမှန်းမသိ၊ ဘာလုပ်ရမှန်းမသိနဲ့ တုန်လှုပ်နေတဲ့ ဟန်နဲ့ တစ်ယောက်တည်း ဟစ်နေတဲ့ ကောင်လေးကို ကြည့်နေခဲ့ကြရပါတယ်။

READ
(၂၄)နာရီအတွင်း အင်စတာဂရမ် Stories (၈၈)ခုတင်ခဲ့တဲ့လို့ ဝေဖန်ခံနေရတဲ့ ပေါ့ဂ်ဘာ

ဒီ မှတ်တမ်း ဗီဒီယိုလေးက တော်တော်လေး ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှု့တဲ့ အကြိမ်အရည်အတွက် ၈ သန်းကျော်ခဲ့တယ်၊ သုံးရက်အတွင်း ပြန်လည် ဝေမျှဖော်ပြတဲ့သူ ၁၄၀၀၀၀ လောက်ရှိခဲ့တယ်။ Star Wars ရုပ်ရှင်ထဲက Luke Skywalker အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Mark Hamill တောင်မှ ပြန်လည် ဖော်ပြခဲ့တာကို တွေ့ရပါတယ်။

ကောင်ကလေးရဲ့ တင်ဆက်မှုကို လူတွေက နှစ်သက် သဘောကျကြတာကို ထင်ထင်ရှားရှားတွေရသလိုပဲ Star Wars ဖန်တွေက ကောင်ကလေးကို Little Darth Vader လို့တောင် တင်စားခေါ်ဝေါ်နေကြပါတယ်။ သူရဲ့ ဖျော်ဖြေမှုအပြီးမှာ ပရိတ်သတ်တွေရဲ့ လက်ခုပ်သံတွေ တခဲနက်ထွက်လာပြီး Twinkle Twinkle Little Star ထက် (၁၀)ဆပိုပြီး စိတ်ကျေနပ်မှု ပေးစွမ်းခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

READ
ဆယ်လီတွေကြားမှာ တခေတ်ထခဲ့တဲ့ သဘတ်ချွတ်ချပြတဲ့ Towel Challenge

Matthew (ShweMOM)

 

 

SHARE