မျောက်တွေနဲ့ ထူးထူးခြားရင်းနှီးကျွမ်းဝင်နေတဲ့ (၂)နှစ်အရွယ် ကောင်လေး

အိန္ဒိယနိုင်ငံမှာ မျောက်တွေနဲ့ ထူးထူးခြားခြား ရင်နှီးနေတဲ့ အသက်(၂)နှစ်သာရှိသေးတဲ့ Samarth Bangari အမည်ရ ကောင်လေးအကြောင်းဟာ လူမှုကွန်ကွန်ယက်တွေပေါ်မှာ ရေပန်းစားနေပါတယ်။ Bangari ကို ခေတ်သစ် မော်ဂလီလို့ တင်စားကြပြီး၊ သူ အိမ်ရှေ့က မြေပြင်ကို ထွက်ဆော့တာနဲ့ မျောက်တွေဟာ သူ့အနားကို ရောက်လာတော့တာလို့ ဆိုပါတယ်။

AFP

Bangari ဟာ လန်ဂွားမျောက်လို့ ခေါ်တဲ့ မျက်နှာမည်းမျောက် အကောင်(၂၀)ကျော်နဲ့ ထူးထူးခြားခြား ခင်မင်ကျွမ်းဝင်နေပြီး အဲဒီမျောက်ကလေးတွေကို ဒေသခံတွေကတော့ ဟန်နုမာန်လန်ဂွာမျောက်လို့ ခေါ်ကြပါတယ်။ Bangari ရဲ့အဖြစ်ကို ဒေသခံရွာသားတွေကလည်း အလွန်အံ့သြနေပါတယ်။

AFP

သူတို့တစ်သက်မှာ လန်ဂွာမျောက်တွေက အနီးအနားကိုတောင် အကပ်ခံလေ့မရှိပေမယ့် Bangari နဲ့ကျတော့ မျောက်တွေက အစားအစာဝေစားတယ်၊ တို့ထိကျီဆယ်ကြတယ်၊ ဝိုင်းဖွဲ့ထိုင်ကြတယ်၊ ဒါတွေဟာ ရွာသားတွေအတွက်တော့ အထူးအဆန်းဖြစ်နေပါတယ်။ Bangari ဟာ (၂)နှစ်အရွယ်သာ ရှိသေးပေမယ့် မျောက်တွေကို ကြောက်စရာလို့မထင်ဘဲ တကယ့် ငယ်ကျွမ်းကြီးတွေလို တရင်းတနှီးရှိနေကြပါတယ်။

AFP

ပထမတော့ ဒေသခံတွေက Bangari ကို မျောက်တွေက ရန်ရှာလိမ့်မယ်လို့ ထင်ထားပေမယ့် အခုတော့ ဒီစိုးရိမ်စိတ်မရှိတော့ပါဘူးတဲ့။ Bangari ဟာ ဘန်ဂါလိုရီမြို့ကြီးနဲ့ မိုင်ပေါင်း (၂၅၀)ဝေးတဲ့ Allapur မြို့အနီးက သစ်တောထူထပ်တဲ့ ရွာကလေးမှာ မိဘတွေနဲ့အတူ နေထိုင်ပါတယ်။

READ
မထင်မှတ်ထားဘဲ ကလေးမွေးလာခဲ့တဲ့ ပြတိုက်မှန်လုံခန်းထဲက အပျိုစင်မြွေမလေး
AFP

ဦးလေးဖြစ်သူ Barama Reddy ရဲ့ ပြောကြားချက်အတော့ မျောက်တွေဟာ Bangari ဆီကို နေ့စဉ်လာရောက်လည်ပတ်ကြပြီး၊ ညအချိန်ကျမှ တောနက်ထဲကို ပြန်ကြတယ်လို့ ဆိုပါတယ်။ သူတို့ချင်း တစ်ဦးနဲ့တစ်ဦး စကားမပြောနိုင်ကြပေမယ့် အချင်းချင်းနားလည်မှုရှိနေတာဟာ Bangari ရဲ့ ထူးခြားမှုလို့လည်း ဆိုပါတယ်။ အခုဆို ရွာသားတွေက Bangari ဟာ မျောက်တွေနဲ့ ဆက်သွယ်စကားပြောနိုင်တဲ့အကျင့်ကိုတောင် ရနေပြီလို့ ယုံကြည်နေပါတယ်။

AFP

နတ်စည်တော် (Shwemom)

source : thesun.co.uk

 

 

SHARE