အိန္ဒိယနိုင်ငံ၊ ဂူဂျာရက်ပြည်နယ်မှာ ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသားနှစ်ယောက်ဟာ မိခင်အလစ်မှာ ကလေးတစ်ယောက်ကို ဝင်ပွေ့ပြီး မောင်းနှင်ထွက်ပြေးမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို CCTV ကနေ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ကလေးမိခင် အတွင်းကို ခဏပြန်ဝင်သွားခိုက် ကလေးငယ်ကို ပြန်ပေးသမားက ဝင်ပွေ့ကာ ဆိုင်ကယ်ပေါ်တက်ပြီး မောင်းနှင်ထွက်ပြေးသွားတာပါ။
ကလေးမိဘတွေဟာ ချမ်းသာကြွယ်ဝသူများဖြစ်ပြီး၊ ကလေးတွေကို ကျောင်းပို့ဖို့ပြင်ဆင်နေချိန်မှာ အိမ်ကနေအထွက်မှာ ဒီအဖြစ်အပျက်က ဖြစ်ခဲ့တာပါ။ သူတို့နှစ်ဦးဟာ အိမ်အဝမှာ ယောင်လည်လည်လုပ်နေပြီး မိခင်အိမ်ထဲကို ဝင်သွားတာကို အခွင့်ကောင်းယူပြီး သားအငယ်ဆုံးကို ဝင်ပွေ့ကာ မောင်းနှင်ထွက်ပြေးသွားပါတယ်။
ကျန်နေတဲ့သမီးလေးကလည်း မိခင်ဖြစ်သူကို လှမ်းအော်ပြောတဲ့အခါမှာ မိခင်ကလည်း ဒရောသောပါး ပြန်ပေးသမားတွေရဲ့ ဆိုင်ကယ်နောက်ကို ပြေးလိုက်သွားပါတယ်။ သတင်းမှာဖော်ပြချက်အရ ပြန်ပေးသမားတွေဟာ လွတ်အောင်မပြေးနိုင်ခဲ့ဘဲ ဒေသခံတွေရဲ့ ဝိုင်းလိုက်မှုကို ခံခဲ့ရပြီး၊ (၉)မိုင်အကွာမှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်မှတ်တမ်းထဲမှာတော့ ကလေးကို ဝင်ပွေ့တဲ့အမျိုးသားကို လက်ရဖမ်းဆီးပြီး၊ တိုင်မှာကြိုးချည်ကာ ဝိုင်းဝန်းရိုက်နှက်ခဲ့သေးတယ်လို့ သိရပါတယ်။ ပြန်ပေးဆွဲခံရတဲ့ကလေးကိုလည်း မိခင်လက်ကို ပြန်အပ်ခဲ့ရပါတယ်။
နတ်စည်တော် (Shwemom)