လောကမှာ ခြေလက်အင်္ဂါမစုံပဲ မွေးလာတာတို့၊ မွေးရောပါရောဂါ တစ်ခုခုနဲ့ မွေးဖွားလာတာတို့ အစရှိတဲ့ ကလေးတွေ ရှိပါတယ်။ အဆိုပါ ကလေးအများစုဟာ များသောအားဖြင့် စိတ်အားငယ်တတ်ကြပြီး ရွယ်တူသူငယ်ချင်းတွေနဲ့ ရောရောနှောနှော နေလေ့မရှိကြပါဘူး။ ဒါပေမယ့် အခုပြောပြချင်တဲ့ ကောင်လေးတစ်ယောက်ကတော့ တစ်ကယ့ိကု စိတ်ဓာတ်ကြံ့ခိုင်တဲ့ မသန်စွမ်းလူငယ်လေးတစ်ယောက်ပါ။ ဘာကြောင့်လို့ခဲဆိုတော့ အဆိုပါ ကောင်လေးဟာ မွေးကတည်းက ခြေထောက်တစ်ဖက် မပါပဲ မွေးလာခဲ့ပေမယ့် ဘဝကို လုံးဝအရှုံးမပေးပဲ ဘဝကြီးကို သာမန်လူတွေလို ဖြတ်သန်းပြီး ပျော်ပျော်ရွှင်ရွှင်နေလေ့ရှိကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
#WATCH: Kunal Shrestha, a Class 4 student from Imphal plays football with a single limb. #Manipur
“My son was born without a limb. I vowed to never let him feel different from his peers. He never exhibited low esteem. He learned to ride a bicycle on his own”, says Kunal’s mother pic.twitter.com/NTzyOWhX4e
— ANI (@ANI) November 10, 2020
အဆိုပါ ကောင်လေးကတော့ အိန္ဒိယနိုင်ငံ၊ Manipur ပြည်နယ်ရှိ Imphal မြို့မှာ နေထိုင်တဲ့ ၄ တန်းကျောင်းသားလေး Kunal Shrestha ပဲ ဖြစ်ပါတယ်။ Kunal လေးဟာ မွေးကတည်းက ခြေထောက်တစ်ဖက် မပါပဲ မွေးဖွားခဲ့ပေမယ့် သူ့ရဲ့ဘဝမှာ ဒီလိုမျိုး ခြေထောက်တစ်ဖက် မရှိတဲ့အတွက် ဝမ်းနည်းပူဆွေးနေဖို့အချိန် မရှိပါဘူး။ တစ်ခြားရွယ်တူ သူငယ်ချင်းတွေနဲ့ ကျောင်းတက်လိုက်၊ ကျောင်းစာလုပ်လိုက်၊ သူငယ်ချင်းတွေနဲ့ ဆော့ကစားလိုက်နဲ့ ဘဝကို အေးအေးဆေးဆေးပဲ ဖြတ်သန်းနေခဲ့ပါတယ်။ ဘောလုံးကန်တာကတော့ Kunal ရဲ့ အကြိုက်ဆုံး အားကစားဖြစ်ပြီး သူငယ်ချင်းတွေနဲ့အတူတူ ညနေတိုင်းဘောလုံးကန်လေ့ရှိကြောင်း သိရပါတယ်။
I love playing football. Initially, I faced problems in balancing, I was scared but now I have gained confidence. My friends support me a lot. I hope I will score a goal soon: Kunal Shrestha from Imphal, Manipur. https://t.co/PoQ0HIbBP3 pic.twitter.com/JSQP28MQBR
— ANI (@ANI) November 10, 2020
“Kunal က တစ်ကယ့်ကို စိတ်ဓာတ်တော်တော် မာကြောတဲ့ ကလေးတစ်ယောက်ပါ။ ကျွန်မသူ့ကို ကိုယ်ဝန်စလွယ်တုန်းက တော်တော်လေး ပျော်ခဲ့ရပါတယ်။ ဒါပေမယ့် သူ့ကို မွေးပြီးပြီးချင်းမှာ တော်တော်လေး ဝမ်းနည်းပြီး စိတ်ဓာတ်ကျခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ Kunal လေးက မွေးကတည်းက ခြေထောက်တစ်ဖက် မပါလာလို့ပါ။ အရာရာကို သိတတ်နားလည်တဲ့ အချိန်ရောက်လာရင် သူ့ကိုယ်သူ စိတ်အားငယ်မှာ အရမ်းစိုးရိမ်ခဲ့မိတယ်။ ဒါပေမယ့် တစ်ကယ့်လက်တွေ့မှာ တစ်ခြားဆီပါပဲ။ ကျွန်မသားအတွက် ကျွန်မတစ်ကယ်ကို ဂုဏ်ယူမိပါတယ်။ ဘောလုံးကစားတာလည်း ဝါသနာအင်မတန်ပါတဲ့အပြင် အခုဆို ခြေထောက်တစ်ဖက်တည်းနဲ့ စက်ဘီးတောင်စီးတတ်နေပါပြီ”လို့ Kuna; ရဲ့ မိခင်က ပြောကြားခဲ့ပါတယ်။
If you’re looking for inspiration to overcome your shortcomings, look at this boy!
If you’re looking for inspiration to help others overcome their shortcomings, look at these children.
It’s very simple.
May God bless them all! ❤️ https://t.co/bvm4JCe4GS— Direction Sky! (@OvaThaRaiinbow) November 10, 2020
Pyi Hein Kyaw