ဗြိတိန်တော်ဝင်မင်းသား Harry နဲ့ ကြင်ယာတော် Meghan Markle တို့ဟာ ၂၀၁၉ ဖေဖော်ဝါရီလ (၁) ရက်နေ့က Bristol Old Vic ကို သွားရောက်လေ့လာခဲ့ပါတယ်။ Bristol Old Vic ဟာ UK ရဲ့ အကြီးဆုံးနဲ့ သမိုင်းဝင်တဲ့ ပြဇာတ်ရုံကုမ္ပဏီ ဖြစ်ပါတယ်။

Bristol Old Vic မှာ လူငယ်လေးတွေကို ပြဇာတ်အကြောင်း သင်ကြားပေးတဲ့ သင်တန်းတွေလည်းရှိပါတယ်။ Harry နဲ့ Meghan တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒီသင်တန်းကို လေ့လာဖို့ဖြစ်ပါတယ်။

ပြဇာတ်ရုံအတွင်း လှည့်ပတ်လေ့လာရင်း ဆယ်ကျော်သက် ယောက်ျားလေးနဲ့ မိန်းကလေးတစ်ဦးတို့နဲ့ စကားပြောခဲ့ကြပါသေးတယ်။ ပထမဦးဆုံး ဗီဒီယိုကြည့်နေတဲ့ ကောင်လေးနဲ့ စကားပြောခဲ့ကြရာ ကောင်လေးဆီမှ မထင်မှတ်ထားတဲ့ စကားလုံးတစ်လုံး ထွက်လာခဲ့ပါတယ်။ ဆဲရေးတိုင်းထွာရာမှာ အသုံးပြုတဲ့ စကားလုံးဖြစ်တာကြောင့် တော်ဝင်ဇနီးမောင်နှံနှစ်ဦးရဲ့ မျက်နှာမှာ အံ့သြမှုအတိုင်းသား မြင်တွေ့ခဲ့ရတာပါ။

စစချင်း Meghan မှ “Hello” လို့ နှုတ်ဆက်လိုက်ပြီး ကောင်လေးမှ တပြိုင်နက်တည်း သူလုပ်နေတဲ့အလုပ်ကို ရှင်းပြခဲ့ပါတယ်။ စင်ပေါ်တက်ရတာ ဘယ်လိုနေလဲဆိုတဲ့ မေးခွန်းကိုတော့ ကောင်လေးမှ ပွင့်လင်းစွာဖြေခဲ့ရင်း အခုလို “F” နဲ့စတဲ့စကားလုံးတစ်လုံး ပါသွားခဲ့တာပါ။

‘You can’t just be f***ing around on stage’ စင်ပေါ်မှာ ဟိုယောင်ယောင်ဒီယောင်ယောာင်သွားလုပ်နေလို့မရဘူးဆိုပြီး ပြောခဲ့တာပါ။ ဒီစကားကို ကြားကြားခြင်း Meghan က မျက်လုံးပြူးသွားကာ သဘောကျစွာရယ်နေခဲ့ပါတယ်။ Harry ကတော့ ဒူးကိုကွေးလိုက်ကာ ကောင်လေးကို သဘောကျတဲ့ပုံစံနဲ့ကြည့်နေခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပီး ထွေထွေထူးထူး ဘာမှမပြောခြင်းတော့ မရှိခဲ့ပါဘူး။
Meghan ဟာ လေ့လာရေးခရီးစဉ်မှာ ချီးကျူးခံရတဲ့ ကိစ္စတစ်ခုကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။ နေ့လည်စာကျွေးချိန် ကလေးတွေအတွက် အစားအသောက် စီမံရာနေရာကို လိုက်ကြည့်နေရင်း ငှက်ပျောသီးကို တွေ့တော့ ရုတ်တရက်ဆိုသလို Marker pen ရှိလားဆိုပြီး တောင်းခဲ့ပါတယ်။ နောက်မှာတော့ ငှက်ပျောခွံတွေပေါ်မှာ “အရမ်းသတ္တိရှိတဲ့ကလေး” “အရမ်းတော်တယ်” စသည်ဖြင့် ကလေးတစ်ယောက်ချင်းစီရဲ့ ငှက်ပျောသီးမှာလိုက်ရေးပေးခဲ့ပါတယ်။


Source: Daily Mail
Penny