ထင်မှတ်မထားတဲ့ရုပ်ရည်ကို ပြောင်းလဲနိုင်ခဲ့ပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်နေသူ

လူမှုကွန်ယက် Facebook မှာ #PubertyChallenge ဆိုတဲ့လှုပ်ရှားမှုက အတော်လေးနာမည်ကြီးပါတယ်။ အဲဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေဟာ သူတို့ရဲ့နဂိုက ရုပ်ရည်နဲ့ မမှတ်မိနိုင်အောင်ပြောင်းလဲသွားတဲ့ ရုပ်ရည်တွေကို နှိုင်းယှဉ်ပြသတဲ့ လှုပ်ရှားမှုပါဘဲ။ ဒီလှုပ်ရှားမှုကနေ နာမည်ကြီးပြီး လူမှုကွန်ယက်မှာ ဆယ်လီတွေဖြစ်သွားကြတာလည်း မနည်းပါဘူး။

အခုလည်း မဲညစ်ညစ်အသားအရေကြောင့် လူတွေရဲ့အနှိမ်ခံဘဝမှာ အလူးအလဲလှုပ်ရှားရုန်းကန်ခဲ့ရတဲ့ ကောင်လေးဟာ လူတွေထင်မှတ်မထားတဲ့ သူရဲ့ရုပ်ရည်အပြောင်းအလဲကြောင့် အခုဆို လူမှုကွန်ယက်ပေါ်မှာ သူဟာ စတိုင်ခပ်ထွားထွားနဲ့ ပျိုမေတွေကြားက နှင်းဆီခိုင်ကြီးအလား ဖြစ်နေပါပြီ။

သူ့ရဲ့နာမည်ကတော့ Ernest John Dimayacyac ဖြစ်ပြီး၊ သူရဲ့ ပထမဆုံးဓာတ်ပုံတွေကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ရုပ်ရည်နဲ့ အသားအရေဘယ်လိုဘယ်ဝါဆိုတာ ရှင်းပြစရာ မလိုတော့ပါဘူး။ ဒီအသားအရေး ဒီရုပ်ရည်ကြောင့်ပဲ သူဟာ လူမှုကွန်ရက်ပေါ်မှာသာမက အပေါင်အသင်းတွေအလယ်မှာ အတော်လေး မျက်နှာငယ်ခဲ့ရပါတယ်။

ဒါပေမယ့် John ဟာ သူရဲ့ဖက်ရှင်စတိုင်နဲ့ ရုပ်ရည်ကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ သူရဲ့ Before and After ဓာတ်ပုံတွေကို နှိုင်းယှဉ်ကြည့်ကြပါဦး။ အောက်မှာတော့ သူရဲ့အကောင့်ကနေ တိုက်ရိုက်ယူပြီး ဖော်ပြပေးထားပါတယ်။ သူကတော့ ဖိလစ်ပိုင် လူမျိုးတစ်ယောက် ဖြစ်ပါတယ်။

READ
လူမည်းဆန့်ကျင်ရေး ဂိုဏ်းသားတွေနဲ့ မိတ်ဆွေဖြစ်အောင်ကြိုးစားခဲ့တဲ့ လူမည်းအမျိုးသား

https://www.facebook.com/ernestjohndimayacyac/posts/1636976836317245

နတ်စည်တော် (Shwemom)

source : viral4real.com

SHARE